သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်တော်ဝင်သားရတနာကို ကမ္ဘာတဝှမ်း ကြိုဆို


ဗြိတိန်ထီးနန်းကို ဆက်ခံမယ့် တတိယမြောက် အိမ်ရှေ့မင်းသား ဖွားမြင်တဲ့ အထိမ်းအမှတ်အဖြစ် တော်ဝင်အမြှောက်တပ်တွေကနေ လန်ဒန်မြို့မှာ အမြှောက်တွေ ပစ်ဖောက်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

Buckingham နန်းတော်ဘေးက Green Park ပန်းခြံနဲ့ Tower of London ရဲတိုက်ကနေ Cambridge မင်းသားလေးအတွက် ဂုဏ်ပြုအမြှောက်တွေ ပစ်ဖောက်ခဲ့ကြတာပါ။ အစောပိုင်းတုန်းကလည်း Buckingham နန်းတော်က အစောင့်တွေလဲတဲ့ ပုံမှန်အခမ်းအနားမှာ ဂုဏ်ပြုတပ်ဖွဲ့က Congratulation ဆိုတဲ့သီချင်းကို တီးမှုတ်ဂုဏ်ပြုခဲ့ကြပါတယ်။

ဒုတိယမြောက် အိမ်ရှေ့မင်းသား Cambridge မြို့စား ဝီလျံ (William) နဲ့ မြို့စားကတော် ကတ်သရင်း (Catharine) တို့ သားလေးဖွားမြင်ကြောင်း ကြေညာထားတဲ့ ကြေညာချက်ကို မြင်ရဖို့အတွက်လည်း ရာနဲ့ချီတဲ့ လူတွေက Buckingham နန်းတော်ရှေ့ကို လာရောက်ကြည့်နေကြပါတယ်။

လောလောဆယ် ဆေးရုံမှာပဲ ရှိနေသေးတဲ့ Cambridge မင်းသားလေး ဆေးရုံက ဆင်းလာရင် တွေ့မြင်နိုင်ဖို့အတွက် လန်ဒန်မြို့လယ်က St Mary's ဆေးရုံရှေ့မှာလည်း လူတွေ အမြောက်အများ စုဝေး စောင့်ဆိုင်းနေကြပါတယ်။ မင်းသား ဝီလျံနဲ့ ကတ်သရင်းတို့ရဲ့ ပထမဆုံး သားဦးလေးကို တနင်္လာနေ့က ဖွားမြင်ခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံအပြင် ဓနသဟာရ နိုင်ငံများရဲ့ ဥသျှောင် တနေ့ဖြစ်လာမယ့် Cambridge မင်းသားလေး မွေးဖွားမှုနဲ့ ပတ်သက်လို့ ကမ္ဘာတဝှမ်းက ဂုဏ်ပြုစကား ပါးကြတဲ့ထဲမှာ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း သူနဲ့ ဇနီးသည် မီရှဲ (Michelle) တို့အနေနဲ့ Cambridge မြို့စားမင်းသား ဝီလျံနဲ့ ဇနီးသည်တို့အတွက် ပျော်ရွှင်ဖွယ် သားဦးမွေးဖွားတဲ့အတွက် ဂုဏ်ယူတယ်လို့ ပြောကြားခဲ့ပါတယ်။

မင်းသား ဝီလျံရဲ့ ထုတ်ပြန်ချက် တိုလေးထဲမှာလည်း သူတို့အနေနဲ့ ဒီထက်ပိုပြီး ပျော်နိုင်တော့မယ် မထင်ဘူးလို့ ဖော်ပြပြောဆိုထားပါတယ်။ ကလေးရော မိခင်ပါ ကျန်းကျန်းမာမာ ရှိကြပါတယ်လို့ Kensington နန်းတော်က သတင်းထုတ်ပြန်ပါတယ်။
XS
SM
MD
LG