သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဈာပန လူပေါင်းထောင်ချီ ဂါရဝပြု


ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာရဲ့ ဈာပနအခမ်းအနား လန်ဒန်မှာ ပြုလုပ်စဉ် (၁၇ ဧပြီ ၂၀၁၃)
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာရဲ့ ဈာပနအခမ်းအနား လန်ဒန်မှာ ပြုလုပ်စဉ် (၁၇ ဧပြီ ၂၀၁၃)
ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း မာဂရက် သက်ချာ (Margaret Thatcher) ရဲ့ နာရေးအခမ်းအနားကို မျက်မြင်ကိုယ်တွေ့ ကြည့်ရဖို့အတွက် ထောင်ပေါင်းများ စွာသော လူတွေဟာ လန်ဒန်မြို့လယ်ခေါင်က လမ်းတွေပေါ်မှာ စီတန်း စောင့်ဆိုင်းနေခဲ့ကြပါတယ်။

စိန့်ပေါလ်ဘုရားကျောင်းမှာ လုံခြုံရေး တင်းတင်းကျပ်ကျပ်ချပြီး လုပ်တဲ့ ဒီကနေ့ နာရေး အခမ်းအနားကို နိုင်ငံပေါင်း ၁၇၀ ကျော်က ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဂုဏ်သရေရှိ လူပုဂ္ဂိုလ်တွေ တက်ရောက်ကြပါတယ်။

ယူနီယံဂျက်အလံ ဖုံးလွှမ်းထားတဲ့ မစ္စစ် သက်ချာရဲ့ ရုပ်အလောင်းပါ အခေါင်းကို ဗြိတိသျှ လက်နက်ကိုင်တပ်ဖွဲ့တွေ တန်းစီနေရာ ယူထားတဲ့ လန်ဒန်မြို့လယ် လမ်းကြောင်းတလျှောက် မြင်းဆွဲတဲ့ အမြောက်တင် လှည်းနဲ့ ဘုရားကျောင်းဆီ သယ်ယူခဲ့ကြပါတယ်။

နာရေးအခမ်းအနားတက်ရောက်သူ လူပေါင်း ၂ ထောင့် ၃ ရာထဲမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် (Elizabeth) နဲ့ ကြင်ယာတော် ဖိလစ် (Philip) မင်းသားကြီးတို့လည်း ပါဝင်ပါတယ်။
ကွယ်လွန်သူ ဗြိတိန်ခေါင်းဆောင်ကို ဇနီးတစ်ဦး၊ မိခင်တစ်ဦးနဲ့ အဖွားတစ်ဦးအဖြစ် နာရေးအခမ်းအနားအတွင်း လန်ဒန် ခရစ်ယာန်ဘုန်းတော်ကြီး ရစ်ချတ် ချာထရီစ် (Richard Chartres) က အမှတ်တရ ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ Boston မြို့မှာ တနင်္လာနေ့က ဗုံးခွဲတိုက်ခိုက်လို့ လူတွေ ထိခိုက် ဒဏ်ရာရ သေဆုံးခဲ့ရပြီးတဲ့နောက် လုပ်တဲ့ ဒီနာရေးအခမ်းအနားအတွက် လုံခြုံရေးကို အထူးတင်းကျပ်ပြီး ရဲတပ်ဖွဲ့ဝင် ၄၀၀၀ ကျော်ကို တာဝန်ပေးချထားခဲ့ပါတယ်။

အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ မစ္စစ် သက်ချာဟာ လွန်ခဲ့တဲ့ ၉ ရက်က လေဖြတ်ဝေဒနာနဲ့ ကွယ်လွန်သွားခဲ့တာပါ။ ဗြိတိန်နိုင်ငံရဲ့ ပထမဆုံးနဲ့ အခုချိန်ထိ တစ်ဦးတည်းသော အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် ၁၉၇၉ ခုနှစ်ကနေ ၁၉၉၀ ပြည့်နှစ်အထိ တာဝန်ယူခဲ့သူ မစ္စစ် သက်ချာဟာ ဗြိတိန်ခေတ်သစ်မှာ သြဇာအရှိန်အဝါ အကြီးမားဆုံး ခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့ပါတယ်။
XS
SM
MD
LG