သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်လေယာဉ်ပေါ်ပါ လူနှစ်ယောက် ဗြိတိန်ဖမ်းဆီး


ဗြိတိန်နိုင်ငံ လန်ဒန်မြို့နားက လေဆိပ်တခုကို လမ်းကြောင်းလွှဲ ဆင်းသက်ခဲ့ရတဲ့ ပါကစ္စတန် အပြည်ပြည်ဆိုင်ရာ လေကြောင်းပိုင် လေယာဉ်တစင်းပေါ်မှာ ပါလာတဲ့ လူ ၂ ယောက်ကို ဗြိတိန်ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ Lahore မြို့ကနေ Manchester မြို့ဆီကို သွားတဲ့လေယာဉ်ကို တော်ဝင်လေတပ် တိုက်လေယာဉ်တွေ က ကြားဖြတ်တားဆီးပြီး၊ Stansted လေဆိပ်ကို ဆင်းသက်စေခဲ့ပါတယ်။

တာဝန်ရှိသူတွေရဲ့ အပြောအရ လူ ၂ ယောက်ဟာ လေယာဉ်ကို အန္တရာယ်ဖြစ်အောင်လုပ်တယ်လို့ သံယသရှိမှုနဲ့ လေယာဉ်ဆိုက်ရောက် ချိန်မှာ သူတို့ကို ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။

လန်ဒန်မြို့ရပ်ကွက်တခုရဲ့ လမ်းပေါ်မှာ ဗြိတိန် စစ်သားတယောက် ဓားနဲ့ခုတ်သတ်ခံ ရမှုဖြစ်ပြီး ရက်ပိုင်းအကြာမှာပဲ ခုလို ဗြိတိန်ဆီလာတဲ့ လေယာဉ်ပျံပေါ် မှာ ပြဿနာဖြစ်တာဖြစ်ပါတယ်။ အဲဒီဓားခုတ်သတ်မှုဟာ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်တယ်လို့ ယုံကြည်ကြောင်း ဗြိတိန်အစိုးရက ပြောပါတယ်။
XS
SM
MD
LG