သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်ကျန် ဗြိတိသျှ Spitfire တိုက်လေယာဉ်များ ပြန် တူးဖော်မည်


့စစ်ကျန် ဗြိတိသျှ Spitfire တိုက်လေယာဉ် ( စက်တင်ဘာ ၂၈၊ ၁၉၄၁)
့စစ်ကျန် ဗြိတိသျှ Spitfire တိုက်လေယာဉ် ( စက်တင်ဘာ ၂၈၊ ၁၉၄၁)
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀လောက်က ဗြိတိသျှတွေ မြန်မာနိုင်ငံအတွင်းမှာ မြုတ်နှံဖွက်ထားခဲ့တဲ့
ဒါဇင်နဲ့ချီတဲ့ Spitfire တိုက်လေယာဉ်တွေကို ပြန်လည်တူးဖော်ခွင့်ပြုဖို့ မြန်မာအစိုးရနဲ့
ဗြိတိန်ဝန်ထမ်း ဝါသနာရှင်တဦး တို့ကြား သဘောတူညီမှုတခုပြုလုပ်ခဲ့ပါတယ်။

နှစ်ပေါင်းများစွာ လိုက်လံရှာဖွေပြီးတဲ့နောက် အခုနှစ်ဆန်းပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့
တာဖြစ်ကြောင်း ဗြိတိန်နိုင်ငံသား David J. Cundall က ပြောဆိုတယ်လို့ အေပီသတင်းဌာနက ဖော်ပြထားပါတယ်။
လေယာဉ်တွေဟာ အကောင်းပကတိ ရှိနေတယ်လို့ ယုံကြည်ကြောင်းလည်း သူက ပြောပါတယ်။

ဗြိတိသျှဝန်ကြီး ဒေးဗစ်ကမ်မရွမ်နဲ့ မြန်မာသမ္မတဦးသိန်းစိန်တို့ အခုနှစ်ဆန်းပိုင်းက တွေ့ဆုံချိန်မှာ ဒီအကြောင်း ဆွေးနွေးခဲ့ကြပြီးတော့ အခုလိုသဘောတူညီမှုရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Spitfire လေယာဉ်ဟာ တစ်ယောက်မောင်း တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီးတော့ အရှည်ပေ ၃၀ အတောင်ပံနှစ်ဖက် အစွန်းအထိ ၃၇ ပေရှိပါတယ်။ မြုတ်ထားတဲ့လေယာဉ်တွေဟာ အတောင်ပံတွေ ဖြုတ်ပြီးတော့ မြုတ်နှံထားတာ ဖြစ်နိုင်ကြောင်း လေယာဉ်တွေဟာ အသစ်စက်စက်ဖြစ်ပြီးတော့ သေချာ သေတ္တာနဲ့ထည့်ပြီးတော့ မြုတ်နှံထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လေယာဉ်တွေပြန်လည်တူးဖော်မှုကို အောက်တိုဘာ လကုန်ပိုင်းမှာ လုပ်ဆောင်မယ်လို့ သိရပါတယ်။ မစ္စတာ David J Cundall ဟာ ဒီလေယာဉ်တွေရှိတဲ့အရပ်ကို သိရဖို့အတွက် ၁၆နှစ်လောက် ကြိုးပမ်းရှာဖွေခဲ့ရတယ်လို့ ဆိုပါတယ်။
XS
SM
MD
LG