သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Margaret Thatcher ဈာပန ရှေ့သီတင်းပတ် ကျင်းပမည်


ကွယ်လွန်သွားတဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက် သက်ချာ (Margaret Thatcher) ရဲ့ ဈာပနကို လာမယ့် သီတင်းပတ် ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်မှာ ဖြစ်တယ် လို့ ကြေညာလိုက်ပါတယ်။

မိသားစုရဲ့ ဆန္ဒအရ ဈာပနအခမ်းနားကို St. Paul's Cathedral ဘုရားရှိခိုး ကျောင်းကြီးမှာ ကျင်းပမှာဖြစ်ပြီး စစ်အခမ်းအနားနဲ့ ဂုဏ်ပြုမှာ ဖြစ်တယ်လို့ အစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒါဟာ နိုင်ငံတော် ဈာပန အခမ်းအနားနီးပါး ဖြစ်ပါတယ်။ အဲ့ဒီနောက်တော့ မိသားစုနဲ့ သီးသန့် မီးသင်္ဂြိုဟ်တဲ့အခမ်းအနား ပြုလုပ်မှာပါ။

ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း (Margaret Thatcher) ဟာ လေဖြတ်တဲ့ဝေဒနာ ခံစားခဲ့ရပြီးတဲ့နောက် အသက် ၈၇ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။

မစ္စစ် သက်ချာ ဟာ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်ဖြစ်ပြီး၊ ၁၉၇၉ ခုနှစ်နဲ့ ၁၉၉၀ ခုနှစ်တွေအကြား ရွေးကောက်ပွဲတွေမှာ သုံးကြိမ်တိုင်တိုင် အနိုင်ရရှိအောင် ကြိုးပမ်းနိုင်ခဲ့သူ ဖြစ်ပါတယ်။

၁၉ ရာစုနှစ်နောက်ပိုင်း သက်တမ်းအရှည်ကြာဆုံး ဗြိတိန်ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အပါအဝင် ကမ္ဘာ့ ခေါင်းဆောင်တွေက မစ္စစ် သက်ချာနဲ့ပတ်သက်ပြီး ချီးကျူး ဂုဏ်ပြုစကားတွေ ပြောကြားနေကြပါတယ်။
XS
SM
MD
LG