သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
ဥရောပနဲ့ခရီးဆက်ရေး ဗြိတိန်လူထု ဆန္ဒခံယူမည်
နောက်ဆုံးရသတင်း

ဥရောပနဲ့ခရီးဆက်ရေး ဗြိတိန်လူထု ဆန္ဒခံယူမည်


ြီဗိတိန်ဝန်ကြီးချုပ် David Cameron က လန်ဒန်မြို့မှာ ဥရောပသမဂ္ဂအတွင်း ဗြိတိန်ရဲ့အခန်းကဏ္ဍအကြောင်း ပြောနေစဉ်။ (ဇန်နဝါရီ ၂၃၊ ၂၀၁၃။)
ြီဗိတိန်ဝန်ကြီးချုပ် David Cameron က လန်ဒန်မြို့မှာ ဥရောပသမဂ္ဂအတွင်း ဗြိတိန်ရဲ့အခန်းကဏ္ဍအကြောင်း ပြောနေစဉ်။ (ဇန်နဝါရီ ၂၃၊ ၂၀၁၃။)
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွမ်က နောင်လာမယ့်ရွေးကောက်ပွဲမှာ သူ့ရဲ့ပါတီ အနိုင်ရခဲ့မယ်ဆိုရင် ဥရောပသမဂ္ဂအဖွဲ့ EU မှာ ဗြိတိန်နိုင်ငံ ပါဝင်တဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ ပြန်လည်ညှိနှိုင်းဖို့ စီစဉ်ထားကြောင်း ပြောဆိုလိုက်ပါတယ်။

နောက်ပြီး နိုင်ငံသားတွေရဲ့ဆန္ဒကို ကောက်ခံမယ်လို့လည်း ဆိုထားပါတယ်။ ကာလအတန်ကြာကတည်းက စောင့်စားနေတဲ့ မိန့်ခွန်းတရပ်ကို ဗုဒ္ဓဟူးနေ့က ပြောဆိုရာမှာ မစ္စတာကမ်မရွန်က ဥရောပသမဂ္ဂနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံသားတွေ ဘဝင်မကျ ဖြစ်နေမှုက အမြင့်ဆုံးအခြေအနေကို ရောက်နေပြီလို့လည်း မှတ်ချက်ပြု ပြောဆိုသွားပါတယ်။

ဥရောပသမဂ္ဂအဖွဲ့နဲ့ ဆက်ဆံရေးအသစ်ဟာ ဥရောပဘုံဈေးကွက် အရေးကိစ္စ တခုပဲ ဖြစ်သင့်တယ်လို့ သူက ပြောပါတယ်။ ဗြိတိန်နိုင်ငံသားတွေထံက ဆန္ဒတောင်းယူတဲ့နေရာမှာ ရိုးရိုးရှင်းရှင်းပဲ ပြုလုပ်မှာဖြစ်ပြီး EU အပေါ်ထားရှိမယ့် အခန်း ကဏ္ဍအသစ်ကို လက်ခံမှာလား၊ အဖွဲ့ကနေ ထွက်မှာလားဆိုတာပဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

မစ္စတာကမ်မရွန်ရဲ့ ပြောဆိုချက်အပေါ် ဗြိတိန်နိုင်ငံနဲ့ မဟာမိတ်နိုင်ငံတချို့ကတော့ သဘောမကျကြပါဘူး။ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle က EU အဖွဲ့အတွင်းမှာ ဗြိတိန်နိုင်ငံအနေနဲ့ အပြုသဘောဆောင်ပြီး တက်ကြွတဲ့အခန်းကဏ္ဍကနေ ဆက်ပြီး ရှိနေတာကို မြင်လိုတယ်လို့ ပြောပါတယ်။

အဖွဲ့ဝင်ဖြစ်မှုနဲ့ ဗြိတိန်အနေနဲ့ သူ့ရဲ့စိတ်တိုင်းကျ ထင်သလို လုပ်ခွင့်မရှိဘူးလို့လည်း သူက ဆိုပါတယ်။
အမေရိကန်အစိုးရကလည်း ဗြိတိန်နိုင်ငံကို EU အဖွဲ့အတွင်းမှာ ခိုင်ခိုင်မာမာ ဆက်ရှိနေသင့်တယ်လို့ ယူဆကြောင်း ပြောခဲ့ဖူပါတယ်။
XS
SM
MD
LG