သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စကော့ဒ်တလန် လွတ်လပ်ရေး ဆန္ဒခံယူပွဲလုပ်မည်


ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွမ်း David Cameron နဲ့ စကော့ဒ်တလန်ဆိုင်ရာဝန်ကြီး အဲလစ်ဆဲလ်မွန် Alex Salmond တို့ ဆန္ဒခံယူပွဲလုပ်ဖို့ သဘောတူညီမှု လက်မှတ်ရေးထိုးစဉ်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွမ်း David Cameron နဲ့ စကော့ဒ်တလန်ဆိုင်ရာဝန်ကြီး အဲလစ်ဆဲလ်မွန် Alex Salmond တို့ ဆန္ဒခံယူပွဲလုပ်ဖို့ သဘောတူညီမှု လက်မှတ်ရေးထိုးစဉ်။
စကော့ဒ်တလန်ကို သီးခြားလွတ်လပ်တဲ့ နိုင်ငံတနိုင်ငံအဖြစ် ရပ်တည်နိုင်ဖို့အတွက် ဆန္ဒခံယူပွဲတရပ် ကျင်းပဖို့ ဗြိတိန်နဲ့ စကော့ဒ်တလန်တို့ကြား လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွမ်း David Cameron နဲ့ စကော့ဒ်တလန်ဆိုင်ရာဝန်ကြီး အဲလစ်ဆဲလ်မွန် Alex Salmond တို့ တနင်္လာနေ့က Edinburgh မြို့မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

ဒီသဘောတူညီချက်အရ စကော့ဒ်တလန်ဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံတနိုင်ငံအဖြစ်နဲ့ ရပ်တည်မလား။ The United Kingdom ဆိုတဲ့ နယ်နမိတ်ထဲမှာ ဆက်ရပ်တည်မလားဆိုတာကို ၂၀၁၄ခုနှစ်နောက်ပိုင်းမှာ မဲပေးဆုံးဖြတ်ဖို့၊ အသေးစိတ်အချက်တွေကို ဆွေးနွေးထားတယ်လို့ ဆိုပါတယ်။ စေ့စပ်ညှိနှိုင်းမှုတွေအပြီး စကော့ဒ်တလန်မြို့တော်မှာ မစ္စတာဆဲလမွန်နဲ့ မစ္စတာကင်မရွမ်တို့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်က ခွဲထွက်ရေးအတွက် သဘောမတူပေမယ့် စကော့ဒ်တလန်ပြည်သူတွေ သူတို့ရဲ့ အနာဂတ်အတွက် သူတို့ကိုယ်တိုင် မဲပေးဆုံးဖြတ်ဖို့ကိုတော့ သဘောတူပါတယ်။ ဒီလအစောပိုင်း စစ်တမ်းတွေအရ စကော့ဒ်တလန်ပြည်သူစုစုပေါင်းရဲ့ ၂၈% က လွတ်လပ်ရေးအတွက် ထောက်ခံကြပါတယ်။ ၁၇၀၇ခုနှစ်တုန်းက ပြဌာန်းခဲ့တဲ့ အက်ဥပဒေအရ အင်္ဂလန်နဲ့ စကော့ဒ်တလန် ပေါင်းစည်းရေးကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG