သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး မြန်မာသံတမန်ကို ဗြိတိန်နိုင်ငံခြားရေးဌာန ဆင့်ခေါ်


Hugo Swire in Parliament
Hugo Swire in Parliament
ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရခိုင်ပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဗြိတိန် နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ သံရုံး ယာယီ တာဝန်ခံကို ဆင့်ခေါ် ဆွေးနွေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက် တာတွေနဲ့ ခိုက်ရန် ဖြစ်ပွားတာတွေ နောက်တကြော့ ထပ်ပြီး ဆက်လက် ဖြစ်ပွား နေတာတွေကြောင့် ဗြိတိန်နိုင်ငံက အလေး အနက် စိတ် အနှောက်အယှက် ဖြစ်ရပါကြောင်း၊ ဒီအကြမ်းဖက်မှုတွေ အဆုံးသတ်ရေး အတွက် အစိုးရအနေနဲ့ အရေးတယူ ဆောင်ရွက်ပါရန် တိုက်တွန်းဖို့အတွက် မြန်မာသံရုံး ယာယီတာဝန်ခံကို ဆင့်ခေါ်ခဲ့ တာဖြစ်တယ်လို့ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် အမြဲတန်း ကိုယ်စားလှယ် အဖွဲ့ရုံးက အောက်တိုဘာလ ၃၀ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက် တာပါ။

မြန်မာ့အရေး ကိုင်တွယ်သူ လွှတ်တော်အမတ်လည်းဖြစ်၊ နိုင်ငံခြားရေးဌာန သံအမတ် တဦးလည်းဖြစ်တဲ့ The Right Honourable Hugo Swire က မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆက်လက် တိုးတက်စေဖို့အတွက် ဗြိတိန်နိုင်ငံရဲ့ ဖွံ့ဖြိုးမှု အထောက်အပံ့တွေက တဆင့် မြန်မာအစိုးရ၊ လွှတ်တော်နဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ အတူ အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကတိပြု ပြောဆိုလိုက်ကြောင်း အဲဒီ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

Mr. Swire က မြန်မာသံရုံး ယာယီတာဝန်ခံနဲ့ တနင်္လာနေ့တုန်းက နိုင်ငံခြားရေးဌာနမှာ တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ အတွင်း သေဆုံး၊ ဒဏ်ရာ ရသူတွေ၊ အိုးအိမ်မဲ့ရသူတွေ အတွက်နဲ့ ပတ်သက်လို့ အလေးအနက် စိုးရိမ်မ ကင်းဖြစ်ရကြောင်း၊ ဒေသတွင်း လုံခြုံရေးအတွက် စိတ်ချရအောင်နဲ့ စာနာမှု အကူအညီတွေ ပေးနိုင်ရေး အတွက် မြန်မာ အာဏာပိုင်တွေ အနေနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး အမြန်ဆုံး အရေးယူဖို့ လိုအပ်နေပါကြောင်း၊ ဗြိတိန်လွှတ်တော်မှာ အင်္ဂါနေ့က ပြောဆိုလိုက်တဲ့ အကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် အမြဲတန်း ကိုယ်စားလှယ်အဖွဲ့ရုံးက အောက်တိုဘာလ ၃၀ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
XS
SM
MD
LG