သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

USDP ခေါင်းဆောင် အပြောင်းအလဲမှာ ရဲ ပါဝင်မှု ဗြိတိန် စိုးရိမ်


ဗုဒ္ဓဟူးနေ့ညက ပြည်ခိုင်ဖြိုးရုံးရှေ့မြင်ကွင်း (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်းအစီအစဉ်)
ဗုဒ္ဓဟူးနေ့ညက ပြည်ခိုင်ဖြိုးရုံးရှေ့မြင်ကွင်း (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်းအစီအစဉ်)

ဗုဒ္ဓဟူးနေ့ညကဖြစ်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်ရပ်မှာ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တယ်ဆိုတဲ့သတင်းတွေကြောင့် စိုးရိမ်မိတဲ့အကြောင်း ရန်ကုန်မြို့၊ ဗြိတိသျှသံရုံးရဲ့ ကြာသပတေးနေ့ ထုတ်ပြန်ချက် တခုမှာ ဖော်ပြထားပါတယ်။ အမေရိကန်သံရုံးကလည်း အဲဒီတနေ့ထဲမှာပဲ အလားတူစိုးရိမ်မှုမျိုး ရှိတဲ့အကြောင်း ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဗြိတိသျှသံရုံးရဲ့ ထုတ်ပြန်ချက် ထွက်လာတာပါ။

နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒီမိုကရက်တစ် လမ်းကြောင်းမှာ ပြည်သူလူထုရဲ့ယုံကြည်မှု၊ မရှိမဖြစ် လိုအပ်တဲ့အကြောင်း၊ ဗြိတိန်အစိုးရ အနေနဲ့ ရွေးကောက်ပွဲကို မိတ်ဘက်အဖွဲ့တွေနဲ့တကွ ဆက်ပြီး ပံ့ပိုးပေးသွားမယ့် အကြောင်း၊ အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သူတို့ရဲ့ကတိကဝတ်တွေအတိုင်း နိုင်ငံတကာစံနှုန်းနဲ့ ညီညွတ်တဲ့ ရွေးကောက်ပွဲ ဖြစ်စေ ဖို့အတွက် ဆောင်ရွက်နိုင်ဖို့ အရေးကြီးတဲ့ အကြောင်း ဗြိတိသျှသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ကို ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပိုင်းကနေ လုံး၀ ဖယ်ရှားလိုက်တဲ့ဖြစ်ရပ် ကို ရည်ညွှန်းထုတ်ပြန်တာ ထင်ရှားပေမယ့် နာမည်နဲ့တကွ အတိအကျတော့ မပြောထားပါဘူး။ လက်ရှိအခြေအနေမှာတော့ သူရ ဦးရွှေမန်းဘက်က တုန့်ပြန်ပြောဆိုချက် တစုံတရာ ထွက်မလာသေးသလို သူ ဘယ်မှာရှိနေပြီး သူ့ရဲ့အခြေအနေ ဘယ်လိုရှိနေ တယ်ဆိုတာကိုလဲ အတိအကျမသိရသေးပါဘူး။

XS
SM
MD
LG