သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ ကွယ်လွန်


ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ
ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ
ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာဟာ လေဖြတ်တဲ့ဝေဒနာ ခံစား ခဲ့ရပြီးတဲ့နောက် အသက် ၈၇ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။

ဗြိတိန်နိုင်ငံရဲ့ တဦးတည်းသော အမျိုးသမီးဝန်ကြီးချုပ်ဟာ တနင်္လာနေ့ မနက်ပိုင်းမှာ ဝေဒနာကို သိပ်မခံစားရဘဲ သက်တောင့်သက်သာ ကွယ်လွန် သွားခဲ့ကြောင်း မိသားစုရဲ့ပြောခွင့်ရသူ Lord Tim Bell ကပြောပါတယ်။

မစ္စစ်သက်ချာဟာ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တဲ့ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်ဖြစ်ပြီး၊ ၁၉၇၉ ခုနှစ်နဲ့ ၁၉၉ဝ ခုနှစ်တွေကြား ရွေးကောက်ပွဲ သုံးကြိမ်ကို အနိုင်ရရှိအောင် ကျိုးပမ်းနိုင်ခဲ့သူဖြစ်ပါတယ်။ ၁၉ ရာစုနှစ် နောက် ပိုင်း သက်တမ်းအရှည်ကြာဆုံး ဗြိတိန်ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံအတွက် ကြီးမြင့်တဲ့ ခေါင်းဆောင်ကြီးတယောက် ဆုံးရှုံးလိုက်ရ တာဖြစ်သလို ထူးချွန်ထက်မြက်တဲ့ ဝန်ကြီးချုပ်တယောက်ဖြစ်တဲ့ ဗြိတိန်နိုင်ငံသားတယောက် ဆုံးရှုံးလိုက်ရတာ ဖြစ်တယ်လု့ိ လက်ရှိဝန်ကြီးချုပ် David Cameron ကပြောဆိုလိုက်ပါတယ်။

အဲလဇ္ဇဘက် ဘုရင်မကြီးကလည်း မစ္စစ်သက်ချာ ကွယ်လွန်သွားကြောင်း ကြားသိရတဲ့အတွက် အလွန်စိတ်ထိခိုက်မှု ဖြစ်ရကြောင်း Backingham နန်းတော်က ပြောပါတယ်။

မာဂရက်သက်ချာဟာ ဗြိတိန်နိုင်ငံအတွင်း သမဂ္ဂတွေရဲ့ကြီးစိုးမှုကို ချေဖျက်နိုင်ခဲ့ သလို အစိုးရရဲ့ထောက်ပံ့ ပံ့ပိုးမှုတွေ တော်တော်များများကို လျှော့ချခဲ့ပြီး ပုဂ္ဂလိ က လုပ်ငန်းရှင်တွေရဲ့ အခန်းကဏ္ဍကို မြင့်တင်ပေးခဲ့တဲ့ ရှေးရိုးစွဲ ဝါဒ ပြင်းထန် သူ တစ်ဦး ဖြစ်ပါတယ်။
XS
SM
MD
LG