သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးခုတုံးမလုပ်ဖို့ သံဃာထု တောင်းဆို


မှော်ဘီမြို့အောက်ဝါးနက်ချောင်း ကျေးရွာရှိ ဓမ္မဒူတ ဇေတဝန်တောရ၊ ဆေကိန္ဒရာမ ကျောင်းမှာကျင်းပနေတဲ့ သံဃာ့ညီလာခံမြင်ကွင်း (ဇွန် ၁၃-၁၄ ၂၀၁၃)
မှော်ဘီမြို့အောက်ဝါးနက်ချောင်း ကျေးရွာရှိ ဓမ္မဒူတ ဇေတဝန်တောရ၊ ဆေကိန္ဒရာမ ကျောင်းမှာကျင်းပနေတဲ့ သံဃာ့ညီလာခံမြင်ကွင်း (ဇွန် ၁၃-၁၄ ၂၀၁၃)
ရတနာ သုံးပါးကို ကိုယ်စားပြုတဲ့ ငြိမ်းချမ်းရေး အမှတ်တံဆိပ် ၉၆၉ ကို
သာသနာ ညှိုးနွမ်းစေတဲ့ နေရာတွေမှာ မသုံးပါနဲ့လို့ မြန်မာနိုင်ငံမှာ ရှိတဲ့
သံဃာထုက ပြောလိုက်ပါတယ်၊ မှော်ဘီမြို့မှာ၂ ရက်ကြာ ကျင်းပနေတဲ့
ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒ ခံယူပွဲ အပြီး ထုတ်ပြန်ချက်မှာ ခုလို
ဖော်ပြပြောလိုက်တာဖြစ်ပါတယ်၊ အစွန်းရောက်ဆန်တဲ့ လုပ်ရပ်တွေကို
ဘာသာရေးမှာ ခုတုံး လုပ်လာရင် လက်ခံမှာ မဟုတ်ဘူး လို့ ပြည်တွင်းမှာ နေထိုင်တဲ့ သံဃာ အများစုကပြောပါတယ်၊ ဒီအကြောင်း အပြည့်အစုံကို တော့ ဆက်သွယ် မေးမြန်းထားတဲ့ ဗီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြပေးမှာပါ။

အမျိူးဘာသာကို စောင့်ရှောက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၉၆၉ ကို ဖွဲ့စည်း ခဲ့တာ ဖြစ်ပြီးတော့ ဘာသာရေးဆိုင်ရာ ပဋိပက္ခ တွေ ရဲ့ ဖြစ်စဉ်တွေ ကြားထဲမှာ ၉၆၉ ဆိုတဲ့ သင်္ကေတကို အသုံးချနေကြတာဖြစ်တယ်လို့ မှော်ဘီမြို့ မှာ၂ ရက်ကြာ ကျင်းပနေတဲ့ ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒ ခံယူပွဲ ကို တက်ရောက်တဲ့ အရှင်ဒေါက်တာ ဓမ္မပီယ ကမိန့် ပါတယ်။

" မော်လမြိုင်က သူတို့ရဲ့ ရည်ရွယ်ချက်က အဲဒါ။ ဖြစ်ချင်တော့ တိုင်းပြည်မှာက အသွင်ကူးပြောင်းတဲ့ကာလဖြစ်တယ်။ အဲဒါတွေကို အသွင်ကူးပြောင်းတဲ့ကာလမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘာသာရေး အဓိကရုဏ်းတို့ လူမှုရေး အဓိကရုဏ်း သို့မဟုတ် လူမျိုးရေး အဓိကရုဏ်းတို့ ဖြစ်တဲ့ဟာတွေကို ကံအားလျော်စွာ စနစ်တစ်ခုကနေ စနစ်တစ်ခုကို ကူးပြောင်းတဲ့အခါမှာ သွေးထွက်သံယိုမဖြစ်ဘဲ ကူးပြောင်းလာသော်လည်းဘဲ ခုနက ကူးပြောင်းဆဲကာလမှာ တစ်ခုခုပြဿနာတွေဖြစ်တဲ့ အခါမှာ ဘုန်းဘုန်း ကတော့ သုံးလေ့ရှိတယ်။ Behind the Scene ကန့်လန့်ကာ နောက်ကွယ်မှာ တစ်ခုခုက ဒါတွေ ဖြစ်အောင်ဖန်တီးပေးနေတယ်လို့ မြင်တဲ့အခါမှာ ၉၆၉က အဲဒီအထဲမှာ သူက ဇာတ်ကောင်အဖြစ် ဇာတ်ကြမ်းဇာတ်ကောင်အဖြစ်ပါဝင်သွားတယ်လို့ ဘုန်းဘုန်းတို့ကမြင်တယ်"

ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ ၂ ဘက် လူမျိုးစု ၂ စု အကြား ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့အပြီး မှာ ပေါ်ပေါက် လာတဲ့ ၉၆၉ သင်္ကေတတံဆိပ်ကြောင့် မြန်မာနိုင်ငံရဲ့ နေရာဒေသ အနှံ့ အတော်များများမှာ ဘာသာရေး ကိုအခြေခံတဲ့ အမုန်းပွားမှုတွေ ပိုပြီး ပေါ်ပေါက် လာတယ်ဆိုပြီးတော့ စွပ်စွဲချက်တွေလဲ ထွက်ပေါ်နေပါတယ်၊ အခုလိုစွပ်စွဲမှုတွေ ရှိလာတဲ့အတွက် ၉၆၉ ဟာ ဘာသာရေး ပဋိပက္ခတွေ ကြားမှာ အမြင်မှား စရာ ဖြစ်လာရတာဖြစ်တယ်လို့လည်း အရှင်ဒေါက်တာ ဓမ္မပီယ ကမိန့်ပါတယ်။

"အဓိက က ဘုန်းဘုန်းးတို့က သံဃာထုအနေနဲ့ ပြောတာဘာလဲဆိုတော့ ဒီ ၉၆၉ ရဲ့ သဘောကတော့ ၇၈၆တုန်းကလည်းပဲ ရှိတဲ့အခါမှာ သံဃာငယ်လေးတွေကတော့ ၉၆၉ ကတော့ အခါအားလျှော်စွာ သူတို့က အသိပေးတဲ့သဘော သူတို့ကလုပ်တာပေါ့။ အခါအားလျှော်စွာ တိုင်းပြည် အခြေအနေက တစ်မျိုးဖြစ်နေတဲ့အချိန် ဆူပူမှုတွေက လည်းဖြစ်နေတဲ့ အချိန်ဆိုတော့ ၉၆၉ ကို အသုံးချခံရတာလို့ ဘုန်းဘုန်းတို့က မြင်တယ်။ ဘာကြောင့်လဲဆို တစ်ချို့က ဥက္ကံမှာဆို မီးရှို့တယ် စာတွေနဲ့ ၉၆၉ ဆိုပြိးရေးသွားတာရှိတယ်။ တစ်ချို့ကလည်း ဆိုးတဲ့နေရာတွေမှာ ၉၆၉ ကွဆိုပြီး ၉၆၉ အဖွဲ့ဝင်ဆိုပြီး အော်သွားတာတွေရှိတယ်"

၉၆၉ ဟာ မော်လမြိုင်မြို့ က သံဃာတစ်စုရဲ့ စတင်မှု ကနေ သန္ဓေတည် ပေါက်ဖွား လာပြီးတော့ ၉၆၉ ရဲ့ မူလ ရည်ရွယ်ချက်ဟာ မိမိ ရဲ့ အမျိုးဘာသာ ကို စောင့်ရှောက်ဖို့ ဆောင်ရွက်တဲ့ လုပ်ရပ်တစ်ခု အနေနဲ့ သာ မြင်မိတဲ့အကြောင်း အရှင်ဒေါက်တာ ဓမ္မပီယ ကမိန့်ပါတယ်။

အမျိုးဘာသာ သာသနာ ကို စောင့်ရှောက်ဖို့ ဆိုတာ ဘုရား တရားတော်တွေ ထဲမှာ လည်း ရှိပြီးဖြစ်တဲ့အတွက် လက်ခံနိုင်ပေမဲ့ အခြား အစွန်းရောက်
ဖြစ်ရပ်တွေကို ဖြစ်အောင် လှုံ့ဆော်တဲ့ ဆောင်ရွက်ချက်တွေ ကိုတော့ လက်မခံ
နိုင်တဲ့ အကြောင်း မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းထိုင် ပဓန နာယက
ဆရာတော် ဦးအရိယဝံသ ဘိဝံသ က မိန့်ပါတယ်။

“သူတို့လှုပ်ရှားမှုအနေနဲ့ကတော့ သူတို့ယုံကြည်ချက်နဲ့ သူတို့ လှုပ်ရှားတယ်လို့ ဆိုရမှာပေါ့လေ။ ၉၆၉ ထေရဝါဒ အကုန်လုံးတော့ ဒီလိုတော့ ဟုတ်မယ် မထင်ပါဘူး။ ဘုန်းကြီးကတော့။ အဲ့ တခြားဟာကို မလိုတမာဖျက်ဆီးရင်တော့ ဒါဆိုရင်တော့ ဒါက မကောင်းဘူးပေါ့။ အဲ့လိုသဘောရှိတာပေါ့။

ဘာသာပေါင်းစုံတွေ့ဆုံပြီး ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ကြဖို့ကိုလည်း
ကြေညာချက်ထုတ်ပြီး ထုတ်ပြန်ထားတာဖြစ်ပါတယ်၊ မြို့ ကြီး အချို့တွင် ဖြစ်ပွားနေသောဘာသာရေး အသွင်ဆောင် ပဋိပက္ခများ အဆုံးသတ်နိုင်မည့် နည်းလမ်းတွေအတွက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်အချို့နှင့် အခြားထင်ရှားသည့် ဆရာတော်ကြီးတွေပါဝင်တဲ့ သံဃာ့ ညီလာခံကို မေလ ၁၃ ရက်နဲ့ မေလ ၁၄ ရက်နေ့တွေ မှာ မှော်ဘီမြို့အောက် ဝါးနက်ချောင်း ကျေးရွာရှိ ဓမ္မဒူတ ဇေတဝန်တောရ၊ ဆေကိန္ဒရာမ ကျောင်းမှာကျင်းပခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG