သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်လေယာဉ်ကွင်းသစ် ဆောက်လုပ်ခွင့် တောင်ကိုရီးယားရရှိ


မြန်မာနိုင်ငံဆီကို ကမ္ဘာလှည့်ခရီးသွားတွေ စီးပွားရေးလုပ်ငန်းရှင်တွေ ပိုမို လာရောက်နေတဲ့ အနေအထားနဲ့ ကိုက်ညီအောင် နိုင်ငံတကာ အဆင့်မီ လေယာဉ်ကွင်းတကွင်း ဆောက်လုပ်ဖို့ တောင်ကိုရီးယား Incheon Airport Consortium က ဆောက်လုပ်ပေးမှာဖြစ်တယ်လို့ အစိုးရထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့ရဲ့ ဒုတိယလေဆိပ်အဖြစ် ဒေါ်လာ သန်းပေါင်း တစ်ထောင် ကုန်ကျမယ့် ဟံသာဝတီလေဆိပ်ကြီးကို ဆောက်လုပ်ဖို့ အရေးဟာ နှစ်ပေါင်း ၂၀ ကြာကာလ အတွင်း အဆင်ပြေလိုက် ပျက်လိုက် ဖြစ်နေခဲ့တာပါ။
အခုအစီအစဉ်အရ လာမယ့် ၂၀၁၈ ခုနှစ်မှာ ဒီလေဆိပ်ကြီးကို အပြီးတည်ဆောက်မှာ ဖြစ်ပါတယ်။

ဒီလေဆိပ်ကနေ တနှစ်ကို ခရီးသည် ၃၅ သန်း ဝင်ထွက် ခရီးသွား လာနိုင်မှာ ဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ ဒီလေဆိပ် တည်ဆောက်ဖို့အတွက် Incheon Airport Consortium အပါအဝင် ကုမ္ပဏီပေါင်း ၃၀ က စိတ်ဝင်စားခဲ့ကြတယ်လို့ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

လက်ရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကတော့ တနှစ်ကို ခရီးသည် ၂.၇ သန်း ခရီးသွားလာနိုင်ပြီး ၂၀၁၇ ခုနှစ် အရောက်မှာ ခရီးသည် ၆ သန်း သွားလာနိုင်တဲ့အထိ ဝန်ဆောင်မှုပေးနိုင်ဖို့ တိုးချဲ့လုပ်ဆောင်နေပါတယ်။
XS
SM
MD
LG