သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ATPF အဖွဲ့ဝင် ဖြစ်ပြီ


မြန်မာနိုင်ငံဟာ မတ်လ ၉ ရက်နေ့မှာ ATPF အဖွဲ့ဝင်နိုင်ငံဖြစ်သွားပါပြီ။
မြန်မာနိုင်ငံဟာ မတ်လ ၉ ရက်နေ့မှာ ATPF အဖွဲ့ဝင်နိုင်ငံဖြစ်သွားပါပြီ။
၁၉၈၇ ခုနှစ်က ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ အာရှ ကုန်သွယ်ရေးမြှင့်တင်မှုအဖွဲ့ Asia Trade Promotion Forum (ATPF) က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို အသိအမှတ်ပြုတဲ့အနေနဲ့ အဖွဲ့ဝင်အဖြစ် မတ်လ ၉ ရက် နေ့က အသိအမှတ်ပြုလိုက်ပြီဖြစ်ပါတယ်။

APTF အဖွဲ့ဝင်ဖြစ်လာတာကြောင့် နိုင်ငံတကာနဲ့ ကုန်သွယ်ရာမှာ သတင်း အချက်အလက်တွေ ဖလှယ်နိုင်ကြတော့မှာဖြစ်တယ်လို့ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။
နိုင်ငံတကာနဲ့ ကုန်သွယ်ရေးမှာ အထောက်အကူဖြစ်စေဖို့ စီးပွားရေးသံမှူးတွေ ခန့်အပ်ပြီး နိုင်ငံခြား မြန်မာသံရုံးတွေမှာ ပူးတွဲ တာဝန် ထမ်းဆောင်နိုင်ရေး စီစဉ်နေကြောင်းနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အရ ဝန်ဆောင်မှုတွေ မြန်ဆန်သွက်လက်ရေး ကြိုးစား နေတဲ့အကြောင်း ကုန်သွယ်ရေးညွှန်ကြားမှူဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောပါတယ်။

ဗွီအိုအေအယ်ဒီတာ ဒေါ်ခင်စိုးဝင်းက ဦးတင့်သွင်ကို သီးသန့်တွေ့ဆုံမေးမြန်းထားတဲ့ အပိုင်း ၁ ကို ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ တင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG