ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာအစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဘဏ်စနစ် ပတ်သက်တဲ့ အခြေအနေတွေကို သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ ဦးဇော်ဦး နဲ့ ဗွီအိုအေဌာနမှုး ဦးသန်းလွင်ထွန်းတို့ တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဒီမိုကရေစီလုပ်ငန်းစဉ်မှာ စီးပွားရေးနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေဟာ အဓိကဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုပိုင်း အားနည်းချက်တွေ အများကြီးရှိနေသေးတယ်လို့ နိုင်ငံတော်သမ္မတရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးပညာရှင် ဒေါက်တာဦးဇော်ဦး က ပြောပါတယ်။ မကြာသေးခင်ကမှ သမ္မတအကြံပေးတဦးအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဦးဇော်ဦး ကို ဝါရှင်တန်ဒီစီ ဗွီအိုအေရုံးချုပ်မှာ ကျနော် တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ အခုလက်ရှိကတော့ ပြုပြင်ပြောင်းလဲမှုတွေကို ဦးတည်ပြီး သွားနေတယ်။ အထူးသဖြင့် ဦးဇော်ဦးတို့ အခုနောက်ပိုင်းမှာ တာဝန်ယူရတဲ့အကြောင်းက ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ။ အဲဒီတော့ ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုမှာ ဘယ်လိုအပိုင်းတွေက အဓိက ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေသလဲဆိုတာကို အကျဉ်းချုံပြီး အရင်ပြောပြပါလား။
ဦးဇော်ဦး ။ ။ ဘဏ္ဍာရေးကဏ္ဍမှာ နိုင်ငံတကာအဖွဲ့အစည်းကြီးတွေဖြစ်တဲ့ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ နောက်ပြီး အာရှဖွံ့ဖြိုးမှုဘဏ်တွေနဲ့အတူ ပူးပေါင်းပြီးတော့ သူတို့ရဲ့ ပူးပေါင်းကူညီမှုနဲ့ ကျနော်တို့ရဲ့ ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေကို စတင်ဆောင်ရွက်နေပါတယ်။ အဲဒီတော့ အရင်တုန်းကတော့ ဘာကို စတင်ဆောင်ရွက်ရသလဲဆိုတော့ ဘဏ္ဍာရေးစနစ်မှာ ဘာ အားနည်းချက်တွေ ရှိနေသလဲ။ ဘာ လစ်ဟမှုတွေ ရှိနေသလဲဆိုတဲ့ကိစ္စကို စမ်းစစ်တဲ့ကိစ္စ။ ဒါကတော့ ကမ္ဘာ့ဘဏ်ကနေ ဦးဆောင်ပြီးတော့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ADB နဲ့ အမေရိကန်အစိုးရရဲ့ Treasury Department ကပါ ဝင်ပြီးတော့ ကူပေးခဲ့တဲ့ အစီအစဉ်တခု ရှိပါတယ်။ အဲဒါ PEFA (public expenditure and financial accountability)။ ဆိုလိုတာက ကျနော်တို့ရဲ့ ပြည်သူ့ဘဏ္ဍာ ခန့်ခွဲမှုမှာ ဘယ်လောက်အထိ တာဝန်ခံမှု ရှိသလဲဆိုတဲ့ကိစ္စကို စီစစ်တဲ့ကိစ္စပါ။ ပွင့်လင်းမြင်သာမှု ရှိသလဲဆိုတဲ့ဟာ။ အဲဒါက စီစစ်မှု ပြီးသွားပါပြီ။ ဆိုတော့ အဲဒီ စီစစ်ချက်အရ ကျနော်တို့ဟာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို ပိုပြီးတော့ နည်းဗျူဟာတွေကို စပြီးရေးဆွဲပြီးတော့ ဆောင်ရွက်တဲ့အပိုင်း ရှိပါတယ်။ အခုကတော့ Public Financial Management ဆိုတဲ့ PEFA အပြီးမှာ PFM နဲ့ စပြီးလုပ်နေပါတယ်။ ဒါကတော့ အဓိက ဌာနဆိုင်ရာ တော်တော်များများကို ဘဏ္ဍာစီမံခန့်ခွဲမှု အားကောင်းအောင် သင်တန်းတွေပေးတယ်။ အတွေ့အကြုံတွေ ဖလှယ်စေတယ်။ နောက်ပြီးတော့ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုရအောင် ဆောင်ရွက်ပေးတဲ့ အစီအစဉ်ပါ။
ဦးသန်းလွင်ထွန်း ။ ။ ဖြတ်မေးရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ နှစ်အတော်ကြာအတွင်းမှာ မြန်မာနိုင်ငံက အာဏာရှင်စနစ်နဲ့ ဗဟိုချုပ်ကိုင်မှုအောက်မှာ ဌာနဆိုင်ရာတွေ၊ ဘဏ္ဍာရေးစနစ်တွေက ပွင့်လင်းမြင်သာမှု မရှိဘဲနဲ့။ အလားတူပဲ ပွင့်လင်းမြင်သာမှု မရှိတဲ့အပြင် နိုင်ငံတကာစနစ်တွေနဲ့ ကင်းကွာနေတော့ ဒီလို အခြေအနေတွေကို နိုင်ငံတကာက ပြည်တွင်းဖြစ်နေတဲ့ အခြေအနေတွေကို တိတိကျကျသိအောင် နိုင်ငံတကာကနေ ပူးပေါင်းဆောင်ရွက်နိုင်အောင် ဒီအချက်ကို ပြန်ပြီးတည်ထောင်ယူရတယ့် သဘောပေါ့။
ဦးဇော်ဦး ။ ။ အဲဒီ သဘောပါပဲ။ အဲဒီတွေကို ကျနော်တို့ မလုပ်နိုင်ဘူးဆိုရင်တော့ အခုနပြောတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ကျနော်တို့ကို ထိထိရောက်ရောက် ကူညီနိုင်မှာ မဟုတ်ပါဘူး။ အဲဒီ မတိုင်ခင်ကိုက ကျနော်တို့ လုပ်ခဲ့ရတဲ့ကိစ္စတခု ရှိပါတယ်။ ဒါက အင်မတန်မှ အရေးကြီးတဲ့ကိစ္စတခု ဖြစ်ပါတယ်။ ပြည်တွင်းမှာလည်း ကျနော်တို့ ပြောကြဆိုကြ ဆွေးနွေးကြတဲ့ကိစ္စ ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကျနော်တို့မှာ နိုင်ငံတကာ ချေးငွေတွေ အများကြီး အကြွေးတင်နေတဲ့ ပြဿနာ။ အဲဒါက စီးပွားရေး ပြစ်ဒဏ်ခတ် သတ်မှတ်ချက် ဆောင်ရွက်ပြီးတဲ့နောက်ပိုင်းမှာ အရင် အစိုးရကလည်း ဒီအကြွေးတွေကို မပေးနိုင်ပဲ ရှိခဲ့တယ်။ တချို့ကြွေးမြီတွေကို မပေးခဲ့တာလည်း ရှိခဲ့သလို၊ တချို့ကြွေးမြီတွေကို ပေးချင်ရဲ့နဲ့ အမေရိကန်ဘဏ်တွေက ဖြတ်တဲ့အခါ ဖြတ်လို့မရတဲ့အတွက် မပေးခဲ့ရတဲ့ ပြဿနာတွေ ရှိခဲ့တယ်။ အဲဒီတော့ ကြွေးမြီတွေက တော်တော်တင်နေတယ်။
ဦးသန်းလွင်ထွန်း ။ ။ စုစုပေါင်း ဒေါ်လာသန်းပေါင်း (၈၉၀) ကျော်။
ဦးဇော်ဦး ။ ။ မကဘူး ခင်များ။ ကျနော်တို့ စုစုပေါင်းဆိုရင် ဒေါ်လာသန်းပေါင်း (၁၁) ဘီလီယန်လောက် ရှိပါတယ်။ (၁၁) ဘီလီယန်ဆိုပြီးတော့ ပြည်တွင်းမှာ ခေါင်းစဉ်တပ်ပြီး ပြောကြတယ်ဆိုတဲ့ဟာက account မဟုတ်ဘူး။ ကျနော်တို့ တင်တဲ့အကြွေး။ တင်နေတဲ့အကြွေးက (၁၁) ဘီလီယန်လောက်ရှိတယ်။ (၁၁) ဘီလီယန်လောက်က ကျနော်တို့က နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တခြားအပြည်ပြည်ဆိုင်ရာ ငွေကြေးဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ်တွေနဲ့ လုပ်တော့မယ်ဆိုရင် အကြွေးတင်နေရင် ဘာမှဆက်လုပ်လို့ မရဘူး။ အဲဒီ တင်နေတဲ့အကြွေးကို အရင်ဆုံး ပြေလည်အောင် ပြန်ဆပ်ရမယ်။
ဦးသန်းလွင်ထွန်း ။ ။ ရှင်းအောင် နည်းနည်းထပ်ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက ပြဿနာတခုအနေနဲ့၊ ပြောစရာအနေနဲ့ ပေါ်လာတာက မြန်မာနိုင်ငံအစိုးရအနေနဲ့ ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံခြားကို တင်နေတဲ့ ဒေါ်လာသန်းပေါင်း (၈၉၀) ကျော်ကို လျှော်ပစ်ဖို့အရေးမှာ။ ဒီကြားထဲမှာတော့ ဦးဇော်ဦးတို့ ပြင်သစ်မှာသွားပြီးတော့ ညှိနှိုင်းပြီးတော့ ဂျပန်အစိုးရက ဝင်ပြီးတော့ ကြားခံလျှော်ပေးလိုက်တာရှိတယ်လေ။ အဲဒါ လျှော်ပေးလိုက်ပြီးမှ အကြွေးသစ်တွေရတယ်။ နိုင်ငံတကာ ထောက်ခံမှု။ အဲဒီနေရာမှာ အမြင်အထင်မှားပြီးတော့ ပြောကြဆိုကြတဲ့အကြောင်းတွေရှိတယ်။ အဲဒါက ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ တင်နေတဲ့အကြွေးတွေကို လျှော်ပစ်ဖို့အရေးမှာ ပြင်ပမှာရှိတဲ့ ဘဏ့်အကောင့် (၅) ခုမှာရှိနေတဲ့ (၁၁) ဘီလီယန်ကနေ လျှော်ပေးလို့ ရမလားဆိုတဲ့အချက်။ ဒါမျိုး ဆွေးနွေးခဲ့တာ ရှိလား။
ဦးဇော်ဦး ။ ။ အဲဒီဟာမျိုး ဆွေးနွေးခဲ့တာ လုံးဝမရှိဘူး။ အဓိကတော့ ကျနော်တို့ ကြွေးမြီက (၂) ပိုင်း ရှိတယ်။ တပိုင်းက အစိုးရတွေကို တင်တဲ့အကြွေးက (၁၁) ဘီလီယန်ကျော် ရှိတယ်။ နောက် နိုင်ငံတကာအဖွဲ့အစည်းကို တင်တဲ့အကြွေးက အခုနပြောတဲ့ ကမ္ဘာ့ဘဏ်ကို တင်တဲ့အကြွေးက သန်း (၈၉၀) ရှိတယ်။ အာရှဖွံ့ဖြိုးမှုဘဏ်ကို တင်တဲ့အကြွေးက (၅၀၀) နီးပါးလောက်ရှိတယ်။ ဆိုတော့ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ ဒီကြွေးမြီကို လျှော်ပစ်ဖို့ကိစ္စကို ဆွေးနွေးတဲ့အခါမှာ ကမ္ဘာ့ဘဏ်တို့၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့ကို အရင်သွားလုပ်လို့ မရဘူး။ ဒါပေမဲ့ နိုင်ငံတကာ တခြားအစိုးရတွေနဲ့ အရင်ဆုံး ညှိရတယ်။ ဘာကြောင့် ညှိရသလဲဆိုတော့ အစိုးရတွေက ကြွေးမြီကို လျှော်ပစ်ပေးလို့ရတယ်။ ကမ္ဘာ့ဘဏ်နဲ့ ADB က လျှော်ပစ်ပေးလို့ မရဘူး။ ပြန်ကိုဆပ်ရမယ်။ ဆိုတော့ ကျနော်တို့ ဘယ်လို လုပ်ခဲ့ရသလဲဆိုတော့ Paris Club မှာသွားပြီး ညှိခဲ့ရတဲ့ကိစ္စက အဲဒါပဲ။ အဲဒီမှာ ညှိခဲ့ရတဲ့ပုံစံမှာ အရေးကြီးတဲ့ လိုအပ်ချက်က (၃) ချက်ရှိတယ်။ နံပတ်တစ် က ကျနော်တို့မှာ တိကျမှန်ကန်တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တခု ရှိရမယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ Paris Club နဲ့ မဆွေးနွေးခင်မှာ FESR လို့ခေါ်တဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု မူဘောင်ကို ပထမဦးဆုံး ချမှတ်ပြီး ဒီလို မူဘောင်နဲ့ သွားမယ်ဆိုတဲ့ဟာကို ကျနော်တို့အစိုးရက ကတိကဝတ်ပြုပြီး Donor Conference မှာ ကြေညာခဲ့ရတယ်။ အဲဒါက နံပတ်တစ်။ နံပတ်နှစ်က ကျနော်တို့မှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ကနေ သတ်မှတ်ထားတဲ့ တင်းကြပ်မှုတွေကို လိုက်နာနိုင်ရမယ်ဆိုတဲ့ဟာ ရှိတယ်။ အဲဒါ လိုက်နာနိုင်ရမယ်ဆိုတဲ့ဟာမှာ သူတို့ခေါ်တာက Self Monitor Program ဆိုတဲ့ဟာ။ တခြားနိုင်ငံတွေမှာဆိုရင် (၃) နှစ်လောက် လုပ်ရတယ်။ ကျနော်တို့ကတော့ (၁) နှစ်နဲ့ ပြီးသွားတယ်။ နောက်ဆုံးကတော့ ကျနော်တို့မှာ တစုံတခုသော အတိုင်းအတာအားဖြင့် ချေးငွေကို ပြန်ဆပ်မယ့် အားသာချက် အားနည်းချက်တွေကို တွက်ချက်တဲ့ဟာ ရှိတယ်။ ဒါလည်း IMF က လုပ်ရတယ်။
အဲဒီ အချက် (၃) ချက်နဲ့ ပြည့်စုံပြီဆိုမှ ပြင်သစ် Paris Club မှာ သွားပြီးတော့ ကြွေးမြီလျှော်ပစ်ရေးကို ဆွေးနွေးရတယ်။ ဆိုတော့ ကြွေးမြီလျှော်ပစ်ပြီလို့ ဆုံးဖြတ်တော့မှ ကျနော်တို့က အခုနပြောတဲ့ တခြားနိုင်ငံအသီးသီးကနေ ကျနော်တို့ကို ကြွေးမြီလျှော်ပစ်လိုက်ပြီးတော့ ကြွေးမြီအသစ်ကို စနိုင်တဲ့ နိုင်ငံတခုအနေနဲ့ သတ်မှတ်လိုက်တယ်။ အဲဒီတော့မှ ကမ္ဘာ့ဘဏ်တို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့က စပြီးလုပ်နိုင်တယ်။ အဲဒီမှာ တချိန်တည်းမှာ ကမ္ဘာ့ဘဏ်က ကျနော်တို့ ပြင်သစ်မှာ sign ထိုးနေတဲ့အချိန်မှာ ကမ္ဘာ့ဘဏ်က စောင့်နေတာ။ ဒီမှာပြီးသွားပြီဆိုတာနဲ့ ဟိုဘက်မှာ ကမ္ဘာ့ဘဏ်ရှိတဲ့အကြွေးကို လျှော်ပစ်မယ်ဆိုတဲ့ဟာ ဖြစ်လာတယ်။ ကမ္ဘာ့ဘဏ်အကြွေးက ဘယ်လိုလျှော်ရသလဲဆိုတော့ ဂျပန်ဆီကနေ အကြွေးကို အကြွေးသစ်ကို ယူလိုက်တယ်။ ကမ္ဘာ့ဘဏ်ကို ပေးလိုက်တယ်။ ဂျပန်နိုင်ငံကရတဲ့ အကြွေးဟာ ကမ္ဘာ့ဘဏ်ကို လျှော်ပစ်ရမယ့် အတိုးထက်တောင် ပိုပြီးနည်းတဲ့ အတိုးနှုန်းနည်းတဲ့ အကြွေးဖြစ်တယ်ဆိုတော့ ဒါက ဘာမှပြဿနာမရှိဘူး။ အဲဒါနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နိုင်ငံခြားအစိုးရအသီးသီးနဲ့ ပြန်ပြီးတော့ လက်တွေ့လုပ်ငန်းတွေကို စနိုင်တဲ့အနေအထား ရောက်သွားတယ်။ အဲဒီကိစ္စတွေကို အခုနပြောတဲ့ ပြည်တွင်းမှာဖြစ်နေတဲ့ ကောလဟာလတွေနဲ့ တခါမှ ဆွေးနွေးခဲ့ရတဲ့ အတွေ့အကြုံမရှိဘူး။ ကျနော်ကိုယ်တိုင် Paris Club မှာသွားပြီးတော့ ဝင်ပြီးတော့ ဆွေးနွေးပေးခဲ့ရတာ ရှိပါတယ်။ အဲဒီအနေအထားမှာ ဒီကိစ္စဟာ မတက်လာခဲ့ပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီအကြောင်းကို အသာထားပြီးတော့ အစောကပြောတဲ့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာကို အသေအချာ ကတိပြုနိုင်အောင်အတွက် မြန်မာနိုင်ငံကနေ စီးပွားရေးပြုပြင်ပြောင်းလဲမှု အခြေခံတွေကို တင်ပြရတယ်ဆိုတော့ စီးပွားရေးပြုပြင်ပြောင်းလဲမှု အခြေခံတွေကို ပြောသာပြောနေတယ် အဓိကအားဖြင့် သာမန်လူ နားလည်းအောင်ဆိုရင် ဘာတွေလဲဆိုတာကို တချက်လေး ပြောပြပါလား။
ဦးဇော်ဦး ။ ။ အဓိကတော့ ဈေးနှုန်းတွေ။ ဈေးနှုန်းတွေကို တည်ငြိမ်အောင် ဘယ်လိုလုပ်မလဲဆိုတာက အရေးကြီးဆုံး။ အဲဒီမှာ ကုန်ဈေးနှုန်းတွေရှိတယ်။ ဥပမာအားဖြင့် ငွေကြေးဈေးကွက်ကို ကြည့်မယ်ဆိုရင် အတိုးနှုန်းဆိုတာကလည်း ဈေးနှုန်းတမျိုး။ ဘဏ်တွေကလုပ်တဲ့ အတိုးနှုန်းတွေ။ နောက်ပြီးတော့ ငွေလဲနှုန်းဆိုတာလည်း ပြင်ပနဲ့ ကုန်သွယ်ရေးမှာ လုပ်တဲ့ဟာတွေ။ ငွေလွှဲနှုန်းတွေ။ ဒီဟာတွေ အားလုံးကို တည်ငြိမ်အောင် လုပ်ရတယ်။ အဲဒီနေရာမှာမှ ဒါကို ဝိုင်းပြီးတော့ အကြိတ်အနယ် ဆွေးနွေးကြတဲ့ကိစ္စက ငွေလွှဲနှုန်းက မြင့်နေတယ်၊ နှိမ့်နေတယ်တို့။ ကျနော်တို့ စီးပွားရေးရှုထောင့်က၊ ပေါ်လစီရှုထောင့်က ကြည့်မယ်ဆိုရင် ငွေလွှဲနှုန်းက တည်ငြိမ်နေဖို့လိုတယ်။ တည်ငြိမ်နေမှပဲ အပြင်ကလုပ်တဲ့ ကုန်သွယ်ရေးတွေကလည်း (၃) လလောက် ကြိုပြီးတော့ ကျနော်တို့နဲ့ ချိတ်ဆက်တာတွေရှိတယ်။ ပြီးတော့ အဲဒီ (၃) လအတွင်းမှာလဲ ငွေလွှဲနှုန်းက တည်ငြိမ်နေမှ သူ့ရဲ့ တွက်ချက်မှုတွေအားလုံးက မှန်မယ်။ အဲဒီတော့ ကျနော်တို့ဆီက ပိုကုန်လုပ်တဲ့လူတွေကလည်း ဒီအတိုင်းပဲ ပိုကုန်လုပ်တဲ့လူတွေ နောက်မှာဆိုရင် ထုတ်လုပ်တဲ့လူတွေ၊ လယ်သမားတွေ၊ တောင်သူတွေ ရှိကြတယ်။ ဒါတွေအားလုံးရဲ့ တွက်ချက်မှုမှာ သူတို့က ကြိုးစားပမ်းစားနဲ့ လုပ်ချင်တယ်။ သူတို့ အကျိုးအမြတ်တွေအားလုံးကို တွက်ထားတယ်။ အဲဒီအချိန်မှာ ငွေလွှဲနှုန်းက မတည်မငြိမ်တွေ ဖြစ်တယ်ဆိုရင် သူတို့တွက်ချက်မှုတွေအားလုံး မှားပြီးတော့ သူတို့လုပ်ငန်းတွေအားလုံး ပျက်ဖို့ရှိတယ်။ အဲဒီတော့ နိုင်ငံအစိုးရတခုရဲ့ အဓိကတာဝန်က အခုနပြောတဲ့ ဈေးနှုန်းတွေအားလုံးကို တည်ငြိမ်အောင်လုပ်တာ။ ကျနော်တို့ ပညာရှင်စကားနဲ့ ကျယ်ကျယ်ပြောမယ်ဆိုရင်တော့ microeconomic stability - microeconomic စီးပွားရေးပတ်ဝန်းကျင် တည်ငြိမ်မှုရှိအောင်လုပ်ရေး။
ဦးသန်းလွင်ထွန်း ။ ။ ဒါဆိုရင် အစိုးရလို့ ပြောရမှာထက် ဗဟိုဘဏ်လို့ ပြောလို့မရဘူးလား။ ဒီ နိုင်ငံမှာဆိုရင်တော့ အဓိကအားဖြင့်တော့ ဒီလို ဈေးနှုန်းတွေ၊ ငွေကြေးဖောင်းပွမှု၊ အတိုးနှုန်းကိစ္စတွေက အစိုးရက လုပ်တာထက် ဗဟိုဘဏ်က လုပ်တာ။ ဆိုတော့ မြန်မာနိုင်ငံရဲ့ ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့လပိုင်းမှာတော့ ဗဟိုဘဏ်ဟာ အစိုးရနဲ့ သီးခြားလွတ်လပ်မှု ဖြစ်ရမယ်ဆိုပြီး ဥပဒေပြဌာန်းချက်နဲ့ ဖြစ်လာတယ်။ မကြာသေးခင်ကပဲ ထူးထူးဆန်းဆန်း ဒုတိယဥက္ကဋ္ဌ နုတ်ထွက်ခွင့်ပေးလိုက်တယ် ကြားတယ်ဆိုတော့ ဗဟိုဘဏ်ရဲ့ အခြေအနေက ဘယ်လိုရှိသလဲ။
ဦးဇော်ဦး ။ ။ ဗဟိုဘဏ်ရဲ့ ဥပဒေက အင်မတန်မှ တော်တော်ကို အားကောင်းပြီးတော့ ဗဟိုဘဏ်ကို သီးခြားရပ်တည်နိုင်တဲ့ အခွင့်အလမ်းတွေ အများကြီး ပေးထားတယ်။ အထူးသဖြင့် ဒီဘက်က အစိုးရတာဝန်ရှိတဲ့အပိုင်းက ဒါကို လမ်းဖွင့်ပေးသလို။ ပါလီမန်ကလည်း ဒီကိစ္စကို ပြည်သူ့လွှတ်တော်ကလည်း ဒါကို သေသေချာချာနဲ့ ဗဟိုဘဏ်ကို သီးသန့်ရပ်တည်တဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းတခုအနေနဲ့ ရပ်တည်နိုင်အောင် ဥပဒေကြောင်းလမ်းအရ အခိုင်အမာ ပြဌာန်းပေးထားတယ်။ အခု ဗဟိုဘဏ်ထဲမှာ တာဝန်ယူဆောင်ရွက်တဲ့လူတွေကလည်း တကယ့် ကျနော်တို့ဆီမှာတော့ စီးပွားရေး ပညာရပ်ပိုင်းဆိုင်ရာမှာ ထိပ်တန်းတာဝန်ယူနိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်ဆိုတော့ ဗဟိုဘဏ်က ရှေ့မှာ ဈေးနှုန်းတွေ တည်ငြိမ်တဲ့ကိစ္စကို ဦးစားပေးပြီး လုပ်သွားမယ်လို့ ကျနော်တို့ မျှော်လင့်ထားတယ်။ ဒီကြားထဲမှာတော့ ဆက်ကူးမက်ကူး ကာလမှာတော့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးသေးတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့သည် တချို့သော ပေါ်လစီတွေ၊ တချို့သော အမိန့်အာဏာတွေကို ချမှတ်နိုင်သေးတဲ့ အခွင့်အလမ်း ရှိနေတဲ့အခါကြတော့ ဒီ ပေါ်လစီတွေမှာလဲ မှန်ကန်ဖို့ အရေးကြီးတယ်။ ဒီကြားထဲမှာ သူတို့ရဲ့ ပေါ်လစီတွေ မှန်ကန်တော့မှ အခုနပြောတဲ့ ဈေးနှုန်းတည်ငြိမ်မှုက ရပြီးတော့ ဈေးကွက်ထဲမှာ အားလုံးရှင်သန်လှုပ်ရှားနိုင်မယ့် အခွင့်အလမ်းတွေ ရလာနိုင်မှာ ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံ သမ္မတရဲ့ စီးပွားရေးဆိုင်ရာ အကြံပေး ဒေါက်တာဦးဇော်ဦး နဲ့ တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။