သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူတို့အမြင် နဲ့ အိုဘားမား ရန်ကုန်တက္ကသိုလ်မိန့်ခွန်း


ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းပြောနေသည့် သမ္မတ အိုဘားမား။ နိုဝင်ဘာ ၁၉၊၂၀၁၂
ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းပြောနေသည့် သမ္မတ အိုဘားမား။ နိုဝင်ဘာ ၁၉၊၂၀၁၂
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ သမ္မတ အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ရန်ကုန် ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲက ပြောကြားချက်တချို့ကို အခြေခံပြီးတော့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီး၊ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၊ သမိုင်းပညာရှင် ဦးသန့်မြင့်ဦး နဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ နိုဝင်ဘာလ (၁၉) ရက်နေ့က ရန်ကုန်တက္ကသိုလ်မှာ ပြောကြားသွားခဲ့တဲ့ အမေရိကန်သမ္မတ အိုဘားမားရဲ့ သမိုင်းဝင်မိန့်ခွန်းဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် အားတက်ဖွယ်ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

President Obama -- When I took office as President, I sent a message to those governments who ruled by fear. I said, in my inauguration address, “We will extend a hand if you are willing to unclench your fist.” And over the last year and a half, a dramatic transition has begun, as a dictatorship of five decades has loosened its grip. Under President Thein Sein, the desire for change has been met by an agenda for reform. A civilian now leads the government, and a parliament is asserting itself. The once-outlawed National League for Democracy stood in an election, and Aung San Suu Kyi is a Member of Parliament. Hundreds of prisoners of conscience have been released, and forced labor has been banned. Preliminary cease-fires have been reached with ethnic armies, and new laws allow for a more open economy. So today, I’ve come to keep my promise and extend the hand of friendship.

သမ္မတ အိုဘားမား ။ ။ ကျနော် သမ္မတရာထူးလက်ခံရယူခဲ့ချိန်တုန်းက ကမ္ဘာပေါ်မှာရှိနေတဲ့ ခြိမ်းခြောက်အုပ်စိုးနေတဲ့ အစိုးရတွေဆီကို သဝဏ်လွှာစကား ပါးခဲ့ပါတယ်။ အဲဒါကတော့ တင်းကြပ်တဲ့လက်သီးတွေကို ဖြေလိုက်မယ်ဆိုရင် ကျနော်တို့ဘက်ကလည်း လက်ကမ်းပါမယ်ဆိုတဲ့စကားပါ။ ပြီးခဲ့တဲ့ တနှစ်ခွဲကျော်ကာလအတွင်းမှာပဲ အပြောင်းအလဲတွေဟာ အရှိန်အဟုန်နဲ့ ပေါ်လာခဲ့ပါတယ်။ ဆယ်စုနှစ် (၅) နှစ်ကြာ အာဏာရှင်စနစ်နဲ့ အုပ်စိုးခဲ့သူတွေဟာ သူတို့ရဲ့ ချုပ်ကိုင်မှုတွေကို ဖြေလျှော့လာခဲ့ပါပြီ။ သမ္မတဦးသိန်းစိန် ခေါင်းဆောင်မှုအောက်မှာ ပြောင်းလဲမှုလိုလားတဲ့ ဆန္ဒတွေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တခု ဆုံဆည်းပေါ်ထွက်လာခဲ့ပါပြီ။ အခုဆိုရင် အရပ်သားအစိုးရတခုနဲ့အတူ ပြည်သူလွှတ်တော်ကလည်း အင်အားယူ ပေါ်ထွက်လာခဲ့ပါပြီ။ တချိန်က တရားမဝင်ဖြစ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုရင်လည်း ရွေးကောက်ပွဲဝင်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လွှတ်တော်အမတ်တဦး ဖြစ်နေပါပြီ။ နိုင်ငံရေးအကျဉ်းသားတွေလည်း ရာနဲ့ချီ လွတ်မြောက်လာခဲ့သလို။ အဓမ္မစေခိုင်းမှုတွေကို တားဆီးတာတွေလည်း ရှိနေပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပဏာမ အပစ်အခတ်ရပ်စဲရေးတွေ လုပ်နိုင်ခဲ့သလို၊ ပိုပြီးပွင့်လင်းတဲ့ စီးပွားရေးအတွက် ဥပဒေအသစ်တွေလည်း ပေါ်လာနေပါပြီ။ ဒါကြောင့် ဒီနေ့ ကျနော့်မှာ ပေးထားခဲ့တဲ့ ကတိအတိုင်း မိတ်ဆွေအဖြစ် လက်ကမ်းဖို့ ရောက်လာခဲ့တာပါ။

ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့်တော့ သမ္မတအိုဘားမား ဟာ သူ့ရဲ့ မိန့်ခွန်းမှာ မြန်မာနိုင်ငံထဲက တိုင်းရင်းသားပြဿနာတွေ၊ အယူအဆ ကွဲပြားမှုတွေကို ထောက်ပြသွားခဲ့တာလည်း ဖြစ်ပါတယ်။ တိုင်းရင်းသား ရပိုင်ခွင့်၊ နိုင်ငံသား ဖြစ်ပိုင်ခွင့်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထောက်ပြပြီး အဓိကတော့ လူတဦးချင်းအလိုက် လုံခြုံဘေးကင်းစွာ နေထိုင်ပိုင်ခွင့်လို့ ဆိုခဲ့ပါတယ်။

President Obama -- Every nation struggles to define citizenship. America has had great debates about these issues, and those debates continue to this day, because we’re a nation of immigrants -- people coming from every different part of the world. But what we’ve learned in the United States is that there are certain principles that are universal, apply to everybody no matter what you look like, no matter where you come from, no matter what religion you practice. The right of people to live without the threat that their families may be harmed or their homes may be burned simply because of who they are or where they come from. Only the people of this country ultimately can define your union, can define what it means to be a citizen of this country. But I have confidence that as you do that you can draw on this diversity as a strength and not a weakness. Your country will be stronger because of many different cultures, but you have to seize that opportunity. You have to recognize that strength.

သမ္မတ အိုဘားမား ။ ။ နိုင်ငံသားဆိုတာကို အဓိပါယ်ဖွင့်ဆိုဖို့ ဘယ်နိုင်ငံမဆို အပြင်းအထန် ကြိုးစားခဲ့ကြရပါတယ်။ အမေရိကန်နိုင်ငံမှာလည်း ဒီ ပြဿနာနဲ့ ပတ်သက်ပြီး အကြီးအကျယ် အစည်းအဝေးလုပ် ငြင်းခုံဆွေးနွေးခဲ့ကြရတာပါ။ အခုထိလည်း ဆက်ပြီးငြင်းခုံနေရစဲပါ။ ဒါပေမဲ့ အဓိက အခြေခံအချက်တွေကတော့ တကမ္ဘာလုံးအတွက် အတူတူပါ။ ဘယ်သူဖြစ်ဖြစ် ခြိမ်းခြောက်မခံရဘဲ နေထိုင်ပိုင်ခွင့်ရှိရေး လိုပါတယ်။ မိသားစုတွေ ဘေးရန်ကင်းကင်း နေထိုင်ဖို့ လိုပါတယ် ဘယ်သူဘယ်ဝါ ဖြစ်နေလို့။ ဒါမှမဟုတ် သူတို့ ဘယ်နေရာက ရောက်လာလို့ဆိုပြီး သူတို့အိမ်တွေ မီးရှို့ရတာမျိုး မဖြစ်သင့်ပါဘူး။ နောက်ဆုံးကုန်ကုန် ပြောရရင် ကိုယ့်နိုင်ငံသားတွေကပဲ ကိုယ့်နိုင်ငံညီညွှတ်မှုကို လုပ်နိုင်တာပါ။ မြန်မာနိုင်ငံသားတွေဟာ မတူကွဲပြားမှုဆိုတာကို အားနည်းချက်တရပ်အနေနဲ့ မဟုတ်ဘဲ၊ အင်အားအဖြစ် အသုံးချနိုင်လိမ့်မယ်လို့ ကျနော် အခိုင်အမာယုံကြည်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီလို ကိုယ့်နိုင်ငံသားတွေကပဲ ကိုယ့်တိုင်းပြည် ညီညွတ်မှုကို လုပ်နိုင်ပါတယ်ဆိုတဲ့အချက်ကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး တို့က အောက်ပါအတိုင်း ထောက်ခံပါတယ်။

ဦးကိုကိုကြီး ။ ။ ကျနော်တို့နိုင်ငံရဲ့ ပြဿနာကို ကျနော်တို့နိုင်ငံသားတွေကသာ ဆုံးဖြတ်ရမှာဖြစ်တယ်။ သို့သော် နိုင်ငံတကာရဲ့ အကူအညီတွေ အခုလို အရေးပါတဲ့ နိုင်ငံကြီးတနိုင်ငံရဲ့ သမ္မတအနေနဲ့ပါ။ သူတို့ရဲ့ ကျနော်တို့နိုင်ငံရဲ့ အပြောင်းအလဲတွေအပေါ်မှာ သဘောပေါက် နားလည်းမှု၊ သူတို့ရဲ့ အကူအညီတွေက အရေးပါတယ်ဆိုတာ မှန်ပါတယ်။

ဦးခွန်ထွန်းဦး ။ ။ မှန်တယ်လေ။ ဒါကတော့ ဘယ်သူ ငဖြူငနီ သွားအားကိုးနေလို့ မရဘူး။ ကိုယ့်ဘာသာကိုယ် လုပ်မှရတော့မှာ။ တိုင်းရင်းသားအားလုံးလည်း ကိုယ့်ဘာသာ လုပ်မှသာ ရတော့မှာ။ တိုင်းရင်းသားတွေ တိုင်းရင်းသားတွေအလိုက် စည်းရုံးပြီးလုပ်မှ ရတော့မှာ။ ဘယ်သူမှ သွားအားကိုးပြီး မရတော့ဘူး။ တိုင်းရင်းသားတွေ ဘာမှကွဲပြားခြားနားမှု မရှိပါဘူး။ ဘာမှ ဖယ်ဒရယ်ပြည်ထောင်စုကလွှဲလို့ ဘာမှမလိုဘူး။ ကချင်တောင် ပြောသွားပြီး ဖယ်ဒရယ်ပြည်ထောင်စုသာရှိရင် ဒီဖက်နယ်မြေတွေက ကျနော်တို့တောင် ကိုင်စရာမလိုဘူးလို့ ပြောသွားပြီပဲ။ ဒါက အဖြေပါ။

ဦးသန်းလွင်ထွန်း ။ ။ သမ္မတအိုဘားမား က ထပ်ဆင့်ပြီး ပြောသွားတာကတော့ လူမျိုးဘာသာ ကွဲပြားမှုတွေဟာ နိုင်ငံတိုင်းမှာ ရှိနေတဲ့ အခြေအနေတွေ ဖြစ်သလို။ ဒီကွဲပြားမှုတွေကို အင်အားတရပ်အနေနဲ့ အသုံးချသွားနိုင်ရေးပဲ ဖြစ်တယ်လို့ဆိုတယ်။

President Obama – I say this because my own country and my own life have taught me the power of diversity. The United States of America is a nation of Christians and Jews, and Muslims and Buddhists, and Hindus and non-believers. Our story is shaped by every language; it’s enriched by every culture. We have people from every corners of the world. We’ve tasted the bitterness of civil war and segregation, but our history shows us that hatred in the human heart can recede; that the lines between races and tribes fade away. And what’s left is a simple truth: e pluribus unum -- that’s what we say in America. Out of many, we are one nation and we are one people. And that truth has, time and again, made our union stronger. It has made our country stronger.

သမ္မတ အိုဘားမား ။ ။ ကျနော့်နိုင်ငံ၊ ကျနော် လျှောက်လှမ်းခဲ့တဲ့ ဘဝအတွေ့အကြုံတွေကို ကျနော် ပြောပြနေတာပါ။ အမေရိကန်ပြည်ထောင်စုဟာ ခရစ်ယာန်တွေနဲ့ ဂျူးတွေ၊ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ ဟိန္ဒူးနဲ့ ဘာသာအယူဝါဒ မရှိသူတွေ အတူနေထိုင်ကြတဲ့ နိုင်ငံပါ။ ကျနော်တို့နိုင်ငံဟာ ဘာသာစကားမျိုးစုံနဲ့ ယဉ်ကျေးမှုမျိုးစုံ ထွန်းကားတဲ့ နိုင်ငံပါ။ ကျနော်တို့မှာ ပြည်တွင်းစစ်ရဲ့ ခါးသည်းမှုတွေ ရှိခဲ့ပေမယ့် လူသားတွေဟာ အမုန်းတရားတွေကို အသဲနှလုံးသားထဲကနေ ဖယ်ရှားနိုင်စွမ်းရှိတယ်။ ဘာသာနဲ့ လူမျိုးဆိုတဲ့ကဏ္ဍခြားထားတဲ့ လိုင်းတွေကလည်း မှေးမှိန်သွားနိုင်တယ် ဆိုတာကိုလည်း သမိုင်းက ပြနေပါတယ်။ တကယ်တမ်း ဘာကျန်နေသလဲဆိုတော့ ရိုသားတဲ့အမှန်တရားပါပဲ။ အမေရိကန်နိုင်ငံမှာ ကွဲပြားမှုတွေ အများကြီးရှိပေမယ့် ကျနော်တို့ တစိတ်တည်း တဝမ်းတည်း လူမျိုးတမျိုးပါ။ ကာလကြာလာနဲ့အမျှ ဒီအမှန်တရားကနေ ကျနော်တို့နိုင်ငံကို အင်အားဖြစ်စေခဲ့ပါတယ်။

President Obama -- We amended our Constitution to extend the democratic principles that we hold dear. And I stand before you today as President of the most powerful nation on Earth, but recognizing that once the color of my skin would have denied me the right to vote. And so that should give you some sense that if our country can transcend its differences, then yours can, too. Every human being within these borders is a part of your nation’s story, and you should embrace that. That’s not a source of weakness, that’s a source of strength -- if you recognize it.

ကျနော်တို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော်တို့ ကိုင်စွဲထားတဲ့ ဒီမိုကရေစီမူဝါဒတွေအတိုင်း ဖြည့်ပြီးပြင်ဆင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးနိုင်ငံကြီးရဲ့ သမ္မတတဦးအနေနဲ့ ခင်များတို့ရှေ့မှာ မားမားမတ်မတ် ရပ်တည်နေပါပြီ။ ကျနော်ဟာ အရင်တုန်းက မဲပေးခွင့်မရှိတဲ့သူတဦးရဲ့ အမျိုးအနွယ်တဦးပါ။ ဒီနိုင်ငံ နယ်နိမိတ်အတွင်း ရှိသမျှ လူသားတွေဟာ ဒီနိုင်ငံရဲ့ သမိုင်းအစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနိုင်ငံမှာလည်း မတူကွဲပြားမူတွေကို ကျော်လွှာနိုင်မယ်လို့ နက်နက်ရှိုင်ရှိုင် ယုံကြည်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါနဲ့ ပတ်သက်လို့တော့ အိုဘားမားရဲ့ မိန့်ခွန်းတရပ်လုံးကို ခြုံငုံသုံးသပ်ခဲ့တဲ့ မြန်မာသမိုင်းပညာရှင်တဦးဖြစ်တဲ့ ဦးသန်းမြင့်ဦး က အခုလို မှတ်ချက်ပေးပါတယ်။

ဦးသန်းမြင့်ဦး ။ ။ အရင်ကတည်းက အမေရိကန်အစိုးရက ကျနော်တို့ရဲ့ transition, reform process ကို သေချာဂရုစိုက်နေတယ်ဆိုတာ သိတယ်လေ။ သမ္မတအိုဘားမားကိုယ်တိုင် လာတယ်ဆိုတော့ ကျနော်တို့က predict လုပ်လို့ရတယ်။ ဒီ transition process ထဲမှာ အမေရိက က interest ရှိနေပြီ။ ဒီဟာ succeed ဖြစ်ဖို့လည်း …. ဖြစ်တဲ့သဘောမျိုး။ ကျနော်ထင်တယ် အမေရိက က သေချာပြန်စဉ်းစားမယ်။ ဒီ transition ကို ဘယ်လိုကူညီနိုင်မလဲ။ Aid, business contact, military to military relation အကုန်လုံးအနေနဲ့ အဲဒါ ဘယ်လောက်အထိ အောင်မြင်မလဲဆိုတာကိုတော့ ပြောလို့မရဘူး။ ကျနော်ထင်တယ် အဓိကတော့ ဒီမှာဖြစ်ရမယ့် reform တွေ အကုန်လုံးကတော့ ဒီမှာ ပြည်သူလူထုကပဲ ဦးဆောင်ပြီးလုပ်ရမယ်။ အမေရိကန် ကူညီတော့ အခုရနိုင်မယ်လို့ ကျနော်ထင်ပါတယ်။

ကျနော်ထင်တာကတော့ အဲဒီ speed ထဲမှာ တချို့ဟာတွေတော့ သူပြောတာ အမေရိကန်သမိုင်းနဲ့ ကျနော်တို့ မျှော်လင့်ချက်တွေနဲ့ ဘယ်လိုချိတ်နိုင်မလဲ ပြောတာကတော့ ကောင်းပါတယ်။ အထူးသဖြင့် diversity အကြောင်းပြောတာ ကောင်းတယ်လို့ထင်တယ်။ အများကတော့ political prisoner တွေ release လုပ်ဖို့၊ freedom of press အကုန်လုံးကတော့ အများက လက်ခံမှာပဲ။ ဒါပေမဲ့ ကျနော်တို့ရဲ့ diversity ကို strength အနေနဲ့ ကြည့်ဖို့ကောင်းတယ်။ အဲဒါကိုလည်း နည်းနည်းလေး ပြန်စဉ်းစားဖို့ ကောင်းတယ်လို့ ကျနော်ထင်တယ်။ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး process တွေ အောင်မြင်ဖို့လည်း အဲဒီ diversity က strength က အဲဒီဟာကို ကျနော်တို့ဘက်က distinctively accept ဖို့လည်း လိုတယ်။

ဦးသန်းလွင်ထွန်း ။ ။ သမ္မတအိုဘားမား က သူ့ရဲ့ မြန်မာပြည်ခရီးစဉ်ရဲ့ ရည်ရွယ်ရင်းကို ခြုံငုံပြောကြားခဲ့တာတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေးတွေကို ရည်ရွယ်ချက်မှန်မှန်နဲ့ ဆက်လက်လုပ်ဆောင်သွားမယ်ဆိုရင် အမေရိကန်ကလည်း တိုးမြှင့်အသိအမှတ်ပြုပြီး ကူညီပံ့ပိုးမှုတွေ လုပ်သွားမယ်ဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။

President Obama – a future where national security is strengthened by a military that serves under civilians and a Constitution that guarantees that only those who are elected by the people may govern. On that journey, America will support you every step of the way -- by using our assistance to empower civil society; by engaging your military to promote professionalism and human rights; and by partnering with you as you connect your progress towards democracy with economic development. So advancing that journey will help you pursue a second freedom -- the belief that all people should be free from want.

သမ္မတ အိုဘားမား ။ ။ နိုင်ငံတော်ရဲ့ လုံခြုံရေးကို အရပ်သားထိန်းချုပ်မှုအောက်ရှိတဲ့ စစ်တပ်က ကာကွယ်ပေးထားပြီး ပြည်သူလူထုက ရွေးချယ်ပေးလိုက်တဲ့လူတွေ အုပ်ချုပ်ခွင့်ရှိစေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်လည်း ရှိနေမယ့် အနာဂတ်ဖြစ်ပါတယ်။ ဒီ ခရီးလမ်းကိုရောက်အောင်သွားဖို့ အမေရိကန်ပြည်ထောင်စုက အဆင့်တိုင်းမှာ ကူညီသွားပါမယ်။ လူထုလူတန်းစားအဖွဲ့အစည်းတွေ အားကောင်းလာစေဖို့ အကူအညီတွေ၊ ဂုဏ်သိက္ခာရှိပြီး လူ့အခွင့်အရေး လေးစားတဲ့ စစ်တပ်တတပ်ဖြစ်လာစေဖို့။ ဒါအပြင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့အတူ ဒီမိုကရေစီလမ်းစဉ်ဆီကို ရှေ့တိုးလာနိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ ကူညီသွားမှာပါ။

ဦးသန်းလွင်ထွန်း ။ ။ ဒီလို တိုးမြှင့်အသိအမှတ်ပြုမယ်ဆိုတဲ့ နေရာမှာ စီးပွားရေးပိတ်စို့မှုတွေ လျှော့ချပေးရေးကလည်း အဓိကဖြစ်တာမို့ ဒီအချက်အရေးပါပုံကို သမ္မတရုံး ဝန်ကြီးဦးအောင်မင်း က အခုလို သုံးသပ်ခဲ့ပါတယ်။

ဦးအောင်မင်း ။ ။ ကျနော် လက်လှမ်းမိသလောက် လေ့လာထားတဲ့အခါမှာ ကျနော်တို့နိုင်ငံတွေကို sanction တွေ လုပ်ထားတာရှိပါတယ်။ စုစုပေါင်း sanction (၇) ခု ရှိတာပေါ့။ (၁) ပြည်ဝင်ခွင့် ဗီဇာတွေ ပိတ်ပင်ထားခြင်း၊ (၂) ငွေကြေးဆိုင်ရာ ကန့်သတ်မှုများ (၃) ပိုင်ဆိုင်မှုများ ချုပ်ထိန်းထားခြင်း၊ (၄) အထွေထွေသွင်ကုန် ပိတ်ပင်ထားခြင်း - import ban (၅) အထူးပြုလုပ်တဲ့ ကုန်ပစ္စည်းများ တင်သွင်းမှု ပိတ်ပင်ထားခြင်း၊ (၆) ရင်းနှီးမြှုပ်နှံမှုများ ပိတ်ပင်ထားခြင်း၊ (၇) နှစ်နိုင်ငံအရသော်လည်းကောင်း နိုင်ငံတကာအဖွဲ့အစည်းများမှလည်းကောင်း ကူညီမှုများအပေါ် ကန့်သတ်ထားခြင်းတို့ တွေ့ရတယ်။

အဲဒီ (၃) ခုထဲမှာ ကျနော်တို့က ပြည်သူလူထုကို အလုပ်အကိုင်တွေပေးမယ်၊ ပြည်သူလူထုကို အခြေဗဟိုပြုပြီးမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်ဆိုရင် သူတို့ကို ကျနော်တို့က အလုပ်အကိုင်တွေ ပေးရမယ်။ အလုပ်အကိုင်တွေ ဖွင့်ပေးရမယ်။ ဒီဟာတွေအတွက် ဒီမှာအရေးကြီးတဲ့ ငွေကြေးဆိုင်ရာ ကန့်သတ်မှု။ အခု သူက ဒါကိုလျှော့ပေါ့ပေးမယ်ဆိုပြီးတော့လည်း ပြောသွားပြီး ဖြစ်ပါတယ်။ နောက်တခုကလည်း အထွေထွေသွင်းကုန် ပိတ်ပင်ထားခြင်း import ban ကျနော်တို့ ပစ္စည်းတွေကို သူတို့နိုင်ငံကို သွင်းခွင့်ပိတ်ထားတွေလည်း ဖွင့်ပေးမယ်လို့လည်း သိရပါတယ်။ နောက်တခုကတော့ ရင်းနှီးမြှုပ်နံှမှုများ ပိတ်ပင်ထားခြင်း ဒါတွေလည်း သူက ခွင့်ပြုထားပြီးဖြစ်ပါတယ်။ နောက် အမေရိကန်နိုင်ငံက ဘာပဲဖြစ်ဖြစ် သူကစပြီးတော့ ဝိုင်းပြီးကူတယ်ဆိုရင်လည်း နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း သူကဲ့သို့ပဲ ကူညီနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီဥစ္စာတွေက ဒီ sanction တွေ အားလုံးကို တဖြည်းဖြည်းရုတ်သိမ်းသွားမယ်လို့ တွက်လို့ရပါတယ်။ သို့သော်လည်းပဲ အမေရိကန်နိုင်ငံရဲ့ ဥပဒေတွေက ရှုတ်ထွေးပါတယ်။ သမ္မတက အမိန့်အာဏာနဲ့ ပိတ်ပင်ထားတဲ့ ဥပဒေတွေ ရှိသလို၊ ကွန်ဂရက်စ်က ပိတ်ပင်ထားတဲ့ ဥပဒေတွေနဲ့ ပိတ်ပင်ထားတာတွေလည်း ရှိပါတယ်။ ဒါတွေအားလုံးကို သမ္မတအမိန့်အာဏာနဲ့ တချို့ကျော်လို့ရတာတွေ ကျော်မယ်။ တချို့ဟာတွေကိုလည်း ကွန်ဂရက်စ်မှာ တဖြည်းဖြည်း တခုချင်းဖြုတ်ရမှာတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အရင်တုန်းကထက်ဆရင်တော့ အများကြီးရှေ့ကို ခရီးရောက်နေပြီ။ ဒါတွေအားလုံး ခရီးစဉ်အားလုံးဟာ ကျနော်တို့ နိုင်ငံအတွက်၊ ကျနော်တို့ နိုင်ငံမှာရှိတဲ့ ပြည်သူလူထု သန်းခြောက်ဆယ်အတွက် ဒါတွေအားလုံးဟာ စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လင်းလာမယ့်အရာ ဖြစ်တယ်။ လုပ်ငန်းကိုင်ငန်းတွေ ပေါ်လာမယ်။ ဒါလေးတွေကို တွေ့ရတယ်အတွက် အများကြီး ဝမ်းသာတယ်၊ အများကြီးအောင်မြင်တယ်ဆိုတာကို ပြောပြလို့ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အမေရိကန်ပြည်ထောင်စု သမ္မတအိုဘားမားရဲ့ ရန်ကုန်တက္ကသိုလ် သမိုင်းဝင်မိန့်ခွန်းအပေါ် သုံးသပ်ချက်တချို့ ဖြစ်ပါတယ်။
XS
SM
MD
LG