သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုးတက်လာတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ စိန်ခေါ်မှုများ


جاپان کے دارالحکومت ٹوکیو میں 53 واں مس انٹرنیشنل بیوٹی کا مقابلہ منعقد ہوا۔
جاپان کے دارالحکومت ٹوکیو میں 53 واں مس انٹرنیشنل بیوٹی کا مقابلہ منعقد ہوا۔
မြန်မာနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ အရှိန်အဟုန်နဲ့ တိုးတက်နေပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေ နဲ့ စီးပွားရေးရည်ရွယ်ချက်နဲ့ ဝင်လာတဲ့သူတွေရဲ့ အရေအတွက်ဟာ ၃၀% ကျော်ထိ တိုးလာပါတယ်။ ဒါပေမဲ့လည်း ဝင်တဲ့လူအရေအတွက်က များလွန်းပြီး ဟော်တယ်တွေနဲ့ တခြား အခြေခံအဆောက်အအုံတွေ ဖွံဖြိုးတိုးတက်ရေး အလျင်အမြန် လုပ်ဆောင်ကြရမှာတွေကြောင့် အားနည်းချက်နဲ့ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့တော်ကနေ ဗွီအိုအေသတင်းထောက် Ron Corben ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို အခြေခံပြီး ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်နေတယ် ဆိုတာကိုပြတဲ့ အချက်တွေထဲမှာ ကမ္ဘာလှည့်ခရီးသွားကဏ္ဍဟာဖြင့် အခုနောက်ဆုံး ထွက်လာတဲ့ အညွှန်းကိန်းပါပဲ။ ဒီနှစ်ရဲ့ ပထမခုနစ်လအတွင်းမှာကိုပဲ မြန်မာနိုင်ငံထဲဝင်ရောက်တဲ့ ပြင်ပခရီးသည်အရေအတွက်က ၃၀၀,၀၀၀ လောက်ရှိပါတယ်။ ဒါဟာ ၂၀၁၁ ခုနှစ် တနှစ်လုံး ဝင်တဲ့အရေအတွက်နဲ့ အတူတူလောက်ပါပဲ။

ဝင်လာတဲ့ခရီးသည်တွေထဲမှာ ထိုင်းနိုင်ငံကနေ လာတဲ့သူက အများဆုံးဖြစ်ပြီးတော့ ထိုင်းနိုင်ငံသားတွေပြီးရင် အများဆုံးက ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံသားတွေလို အာရှတိုက်သားတွေဖြစ်ကြပါတယ်။
ဥရောပတိုက်သားအရေအတွက်က မြန်မာနိုင်ငံဆီဝင်လာတဲ့ ပြင်ပဧည့်သည် စုစုပေါင်းရဲ့ ၄ ပုံ ၁ ပုံ ရှိပါတယ်။
...မြန်မာနိုင်ငံထဲမှာ စွမ်းဆောင်ရည်က အားနည်းနေပါတယ် ...
၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံက အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့အချိန်ကျရင် ဝင်လာမယ့် ခရီးသည်အရေအတွက်ဟာ တသန်းနီးပါးရှိလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

လောလောဆယ် မြန်မာနိုင်ငံတဝန်းလုံးမှာ ဟော်တယ်အခန်းပေါင်း ၂၅,၀၀၀ ရှိပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့တော်မှာ အခန်းပေါင်း ၈,၀၀၀ ရှိပါတယ်။
ဒါပေမဲ့လည်း ခရီးသွားလုပ်ငန်း အရှိန်အဟုန်နဲ့ တိုးတက်လာတာက ခရီးသွားလုပ်ငန်း လုပ်သူတွေအတွက် လုပ်ငန်းတွေ ပိတ်ဆို့ကြန့်ကြာစေပြီး ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စီးပွားရေး ခရီးသွားတွေကြားမှာ ဟော်တယ်ခန်းရဖို့ အပြိုင်အဆိုင် ကြိုးစား ရတာတွေ တိုးလာပါတယ်။

မြန်မာနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အလျင်အမြန် တိုးတက်လာနေတာမျိုးကို ဘယ်တုန်းကမှ မကြုံခဲ့ဖူးဘူးလို့ ခရီးသွား လုပ်ငန်းကဏ္ဍရဲ့ ဝါရင့်လုပ်ငန်းရှင်တဦးဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်အခြေစိုက် Asian Trails ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးချုပ် လူဇီ မက်တ်ဇစ်ဂ် (Luzi Matzig) က ပြောပါတယ်။

“ဒီလိုမျိုး တိုးတက်မှုနှုန်း မြန်ဆန်လှတဲ့၊ အရှိန်အဟုန်နဲ့ကို တိုးတက်တဲ့နိုင်ငံမျိုး မရှိဖူးပါဘူး၊ ဘယ်တုန်းကမှ မဖြစ်ဖူးပါဘူး။ ကျနော်တို့ရဲ့ အခုပြဿနာက ခရီးသည်အရေအတွက်ပါ။ ဟော်တယ်ခန်း ဒါမှမဟုတ် သယ်ယူပို့ဆောင်ရေးက အလုံအလောက်မရှိတာ ကြောင့် တကယ်တမ်းကျတော့ တကယ်တမ်းကျတော့ ကျနော်တို့အတွက် အလုပ်မဖြစ်သလောက်ပါပဲ။”
မန္တလေးမြို့ရှိ ဦးပိန်တံတား။ မန္တလေးမြို့ တောင်သမန်အင်း ကမ်းပါးနှစ်ခုကို ဆက်သွယ်ထားသည့် သစ်သားတံတားကြီးမှာ ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်ရာ နေရာတခုဖြစ်သည်။ မတ် ၄၊ ၂၀၁၂။
မန္တလေးမြို့ရှိ ဦးပိန်တံတား။ မန္တလေးမြို့ တောင်သမန်အင်း ကမ်းပါးနှစ်ခုကို ဆက်သွယ်ထားသည့် သစ်သားတံတားကြီးမှာ ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်ရာ နေရာတခုဖြစ်သည်။ မတ် ၄၊ ၂၀၁၂။

ဟော်တယ်အခန်းခတွေ များသထက် များများလာတာနဲ့ ကြိုတင်ပြီး စာရင်းပေးထားတဲ့ ဟော်တယ်ခန်းတွေကို ရအောင် လုပ် မပေးနိုင်တာတွေအပေါ် ခရီးသွားလုပ်ငန်း လုပ်သူတွေက စောဒကတက်တာတွေရှိတယ်လို့ မက်တ်ဇစ်ဂ်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာတာနဲ့အမျှ ကာလရှည်ကြာ ဒဏ်ခတ် ပိတ်ဆို့ အရေးယူထားတာတွေ ပြေလျော့သွားတဲ့အတွက် စီးပွားရေးအရ ဝင်ရောက်တဲ့ခရီးသွားတွေ အလုံးအရင်းနဲ့ကို တိုးလာတယ်လို့ မက်တ်ဇစ်ဂ်က ဆိုပါ တယ်။ ပုံမှန်အားဖြင့်ဆိုရင် ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ပြည့်နေလေ့ရှိတဲ့ ဟော်တယ်ခန်းတွေကို တချို့စီးပွားရေးကုမ္ပဏီတွေ က ကြိုတင်ပြီးတော့ ယူထားတာမျိုး လုပ်လာနေကြပါတယ်။

ခရီးသွားကဏ္ဍ တိုးတက်လာတာက ကြိုဆိုရမှာဖြစ်ပေမဲ့ အထူးသဖြင့် လူသားအရင်းအမြစ်စွမ်းရည်နဲ့ အခြေခံအဆောက်အအုံ တွေကို အဆင့်မြှင့်တင်ဖို့ လိုအပ်တာမျိုးလို စိန်ခေါ်မှုအသစ်တွေ ရှိလာတယ်လို့ မြန်မာအစိုးရ ဟော်တယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးအောင်က ပြောပါတယ်။

“ဝန်ဆောင်မှုအရည်အသွေးကို မြှင့်တင်ဖို့က အင်မတန်ကို အရေးကြီးပါတယ်။ ဒုတိယအရေးကြီးတာက သယ်ယူပို့ဆောင်ရေးပါ။ ပြည်တွင်း သယ်ယူပို့ဆောင်ရေးနဲ့ ဟော်တယ်တွေရဲ့အဆင့်အတန်းကိုလည်း မြှင့်တင်ရပါမယ်။ ကမ္ဘာလှည့်ခရီးသည်တွေ လည်ပတ်သွားလာနိုင်တဲ့ နေရာအသစ် တွေကို ထပ်ဖွင့်ရမှာဖြစ်သလို လက်ရှိ သွားလာလည်ပတ်နိုင်တဲ့ နေရာတွေကိုလည်း အလားတူ အဆင့်မြှင့်ရပါလိမ့်မယ်။”
ရန်ကုန်မြို့နဲ့ သိပ်မဝေးတဲ့နေရာမှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ်တခု တည်ဆောက်ဖို့ မြန်မာအစိုးရက စီစဉ်နေပါ တယ်။ အလားတူပဲ ရန်ကုန်ြမို့က လူနေအိမ်ခန်းတွေကို ဟော်တယ်ခန်းတွေအဖြစ် ပြုပြင်မွမ်းမံပြီး ဒီနှစ်အတွင်း နောက်ထပ် အခန်းပေါင်း ၅၀၀ လောက် ထပ်တိုးနိုင်ဖို့ ပြင်ဆင်နေပါတယ်။

မြန်မာနိုင်ငံအတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆိုင်ရာ အထူးစီမံကိန်းတခုရေးဆွဲဖို့ အာရှဖွံ့ဖြိုးရေးဘဏ်က (ADB) က ပြင်ဆင်နေ ပါတယ်။ ဒေသတွင်း လေကြောင်းလိုင်းတွေကလည်း လေကြောင်းခရီးစဉ်တွေကို တိုးချဲ့ ပြေးဆွဲလာကြပါတယ်။

အခြေခံအဆောက်အအုံနဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဟာ စီးပွားရေးအတွက် အဓိက အတားအဆီးတွေဖြစ်တယ် လို့ ADB ရဲ့ စီးပွားရေးပညာရှင် အယ်လ်ဖရက်ဒို ပါဒီဂွဲရိုး (Alfredo Perdiguero) က ပြောပါတယ်။

“သယ်ယူပို့ ဆောင်ရေးနဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင် ဆိပ်ကမ်းတွေမှာရော၊ နယ်စပ်ဒေသတွေမှာပါ အတားအဆီးတွေက အများကြီး ရှိနေ တုန်းပါ။ စွမ်းဆောင်နိုင်ရည်ကို ကြည့်မယ်ဆိုရင် ဝန်ထမ်းတွေ လိုအပ်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ကျနော်တို့မှာ စွမ်းဆောင် နိုင်ရည် တချို့တဝက်ရှိတယ်ဆိုပေမဲ့ လွန်ခဲ့တဲ့ နှစ် ၂၀၊ ၃၀ အတွင်း အသက်မွေး ဝမ်းကျောင်း သင်တန်းတွေနဲ့ တက္ကသိုလ် ပညာရေးစနစ် ယိုယွင်း ပျက်စီးခဲ့တာကြောင့် မြန်မာနိုင်ငံထဲမှာ စွမ်းဆောင်ရည်က အားနည်းနေပါတယ်။”

မြန်မာအစိုးရကတော့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆိုင်ရာ သူတို့ရဲ့မူဝါဒဟာ နိုင်ငံတွင်း လူမှုအဖွဲ့အစည်းတွေနဲ့ တိုင်းပြည်ရဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးဖြစ်စေဖို့ ဖြည်းဖြည်းနဲ့မှန်မှန် တိုးတက်နှုန်းနဲ့အတူ ဆင်းရဲမွဲတေမှုကို လျော့ပါးသက်သာ စေဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်ရဲ့ စီးပွားရေးအစီအစဉ်ကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
XS
SM
MD
LG