သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပညာရေး လူတိုင်းအတွက်ဖြစ်စေဖို့ ဒေါ်စုပြောကြား


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။
ပညာရေးဟာ အခွင့်ထူးခံ လူတန်းစားတစုအတွက် မဖြစ်စေဘဲ၊ တိုင်းရင်း သားတွေ စုပေါင်းနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ပညာဟာ လူတိုင်းအတွက် ဖြစ်စေ ရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။

ပညာကို အတူတကွ သင်ကြားမှုကနေ တိုင်းရင်းသားတွေကြား အပြန်အလှန် အလေးထားမှုတွေ ရလာစေနိုင်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ ပညာကို လွတ်လပ်စွာ သင်ယူနိုင်ခွင့်ရှိဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။ ဇွန်လ ၂၉ ရက်ကနေ ၃၀ ရက်အထိ နေပြည်တော်မှာ ၂ ရက်ကြာကျင်းပနေတဲ့ Empowering Higher Education လို့ခေါ်တဲ့ မြန်မာနိုင်ငံ အဆင့်မြင့်ပညာရေး ဆိုင်ရာ ဆွေးနွေးပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားခဲ့တာပါ။

ပညာရေးဟာ လူတိုင်းအတွက်ဖြစ်ဖို့လိုပြီး လွတ်လပ်စွာ သင်ယူနိုင်ခွင့်ရှိရမယ့် အပြင် အပြောင်းအလဲအတွက် ပညာရေးဖြစ်ဖို့ လိုသလို၊ အနာဂတ်မြန်မာနိုင်ငံ အတွက် ရည်ရွယ်တဲ့ ပညာရေးမျိုးပါဖြစ်ဖို့ လိုတယ်လို့ အပိုင်း လေးပိုင်း ခွဲပြောကြားသွားပါတယ်။

အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို ဗြိတိသျှကောင်စီကနေ ကြီးမှူးကျင်းပတာဖြစ်ပြီး ဆွေးနွေးပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဟန်သာမြင့်၊ ပညာရေးကွန်ယက် က ဒေါက်တာသိန်းလွင်၊ ပညာရေးဌာနက ဒေါက်တာမျိုးမြင့်၊ ဒေါက်တာ ချမ်းညိမ်းနဲ့ နိုင်ငံတကာပညာရှင်တွေ၊ ပြည်တွင်းပညာရှင်တွေနဲ့ NGO တွေ တက်ရောက်နေကြပါတယ်။
XS
SM
MD
LG