ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံအတွင်းမှာ ပြီးခဲ့တဲ့နှစ်အတွင်း ဖြစ်ခဲ့တဲ့ ဆန္ဒပြကန့်ကွက်မှု သဘောထားဆန္ဒ ထုတ်ဖော်မှုတွေဟာ လက်ရှိနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအပေါ် ဘယ်လိုသက်ရောက်မှု
ရှိသလဲဆိုတာတွေကို FDB (Forum for Democracy in Burma) မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင် ကို ဗွီအိုအေ စတူဒီယိုမှာ ကိုသားညွှန့်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။
ကိုသားညွှန့်ဦး ။ ။ ဒေါက်တာနိုင်အောင် အခုလို ဗွီအိုအေ စတူဒီယို ကိုလာပြီးတော့ တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ခင်များ။ ကျနော် အခုအရင်ဆုံး မေးချင်တာက လတ်တလော
မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ ဆန္ဒပြကန့်ကွက်မှုတွေ လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကလည်း ဖြစ်နေတယ်။ ပြုပြင်ပြောင်းလဲမှုနဲ့အတူ လွတ်လပ်မှုတွေရလာတော့ တချို့ဆန္ဒပြကန့်ကွက်မှုတွေ ကိုယ့်ရဲ့သဘောထားတွေ
ထုတ်ဖော်မှုတွေ များလာတာကို တွေ့ရတယ်။ ဒီအခြေအနေတွေက တဖတ်မှာသွားနေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို အနှောက်အယှက်ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်သံတွေ အတော်လေးကြားရတယ်။ ကိုနိုင်အောင်
အမြင်လည်း သိချင်ပါတယ်။
ကိုနိုင်အောင် ။ ။ ကျနော်တော့ အဲဒီလို မထင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ စစ်အာဏာရှင်စနစ်၊ တပါတီအာဏာရှင်စနစ် အောက်ကနေပြီးသွားတာ ဒီမိုကရေစီကို ဦးတည်တဲ့ အသွင်ကူးပြောင်းရေးလို့ ပြောတာကို။ ဒီမိုကရေစီကို ဦးတည်တဲ့
အသွင်ကူးပြောင်းရေးဆိုရင်တော့ ဒီမိုကရေစီလုပ်ဟန်တွေကို ကျနော်တို့က လေ့ကျင့်ရမှာပေါ့။ ဒီမိုကရေစီလုပ်ဟန်တွေ ကျင့်သုံးရမှာပေါ့။ အဲဒီလို ကျင့်သုံးတဲ့အခါမှာ ဒီလို အထမကျနေသေးတာတွေ၊ စနစ်ဟောင်းထဲကနေစပြီး
ထိုးထွက်တဲ့နေရာမှာ နဂိုရှိနေတဲ့ အပြုအမှုတွေ၊ ဓလေ့ထုံတမ်းအစဉ်အလာတွေ၊ စဉ်းစားတွေးခေါ်မှုတွေကတော့ ကျန်နေနိုင်သေးတာရှိတယ်။ နောက်ပြီးတော့ ဒီမိုကရေစီ အခွင့်အရေးကို ကျင့်သုံးနေတဲ့ လူတွေကလည်း ကျင့်သုံးဖို့ကြိုးစားတဲ့
လူတွေကလည်း အရင်တုန်းက ဖိနှိပ်မှုခေတ်ကနေစပြီးတော့ ပွင့်လင်းစွာ ဖော်ထုတ်ခွင့်ရတဲ့အပေါ်မှာ သူတို့ဖက်ကလည်း ဒီဂရီ အတိုးအလျှော့တွေ ချိန်ရမှာလည်းရှိတာပေါ့။ ဒါကတော့ သဘောသဘာဝကျစွာ ရှိတတ်တဲ့
ဒီအသွင်းကူးပြောင်းရေးကာလမှာ ကြုံရတဲ့ အခက်မျိုးပါ။ ဒါပေမဲ့ ဒီနေရာမှာ သတိပြုမိဖို့ကတော့ ဘာလဲဆိုတော့ ကျနော်တို့က ဒီမိုကရေစီရေးကို ဦးတည်နေတဲ့အတွက်ကြောင့်မို့ ဒီမိုကရေစီရဲ့ အနှစ်သာရတွေဖြစ်တဲ့ လွတ်လပ်စွာ
ထုတ်ဖော်ပြောဆိုပိုင်ခွင့်၊ အဲဒီဟာကိုတော့ ကျနော်တို့က ကန့်သတ်လို့မရဘဲနဲ့ ဒါကို စနစ်တကျနဲ့ မြေတောင်မြှောက်ပေးနိုင်အောင်၊ မှန်မှန်ကန်ကန် ကျင့်သုံးနိုင်အောင် အစိုးရအပါအဝင်၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေကအားလုံးက
လုပ်ပေးသင့်တယ်လို့ထင်တယ်။ အဲဒီအပေါ်မှာပဲ ကျနော်တို့ ပိုအာရုံစိုက်သင့်တယ်လို့ ထင်တယ်။ ဖိလာဆန့်ကျင်တယ်လို့ ကျနော်မထင်ပါဘူး။
ကိုသားညွှန့်ဦး ။ ။ အခု ဆန္ဒပြမှုတွေအတွက် သူတို့က ဥပဒေအတိုင်း ဆန္ဒပြခွင့် တောင်းခံတာတွေရှိတယ်။ ဒါပေမဲ့ မကျလာတော့ ကိုယ့်ဘာသာထွက်ပြီးတော့ ဆန္ဒပြကြတယ်။ ဒီ အခြေအနေကရော တဖတ်မှာ တရားဥပဒေ စိုးမိုးရေးနဲ့
ပတ်သက်လို့သွားပြီးတော့ ထိခိုက်နိုင်စရာရှိသလား။
ကိုနိုင်အောင် ။ ။ ကျနော်မြင်တာကတော့ ဒီမိုကရေစီစနစ်မှာ လူတွေက ခံစားနေရတဲ့ကိစ္စကို ဖော်ထုတ်ပြတာကောင်းတယ်။ ဆိုတော့ မကျေနပ်မှုရှိတာကို ဖော်ထုတ်ပြတာကို။ ဖော်ထုတ်ပြတာကို ပိတ်တယ်ဆိုလို့ရှိရင် ဒါက
ဘယ်လိုပြောမလဲ ဒီဟာကို ကန့်ကွက်တဲ့အဆင့်တွေ ပေါ်လာလိမ့်မယ်။ အဲဒီလိုဟာမျိုး မဖြစ်အောင်လို့ ဖော်ထုတ်ပြတာကို ခွင့်ပြုခြင်းအားဖြင့် ကျနော်တို့က ဘာတွေဖြစ်နေတယ်ဆိုတာတွေကို သိမယ်။ ဘာတွေ မကျေနပ်နေတယ်ဆိုတာကို
သိမယ်။ ဆိုတော့ အခု ဆန္ဒပြနေတဲ့ကိစ္စတွေမှာ တန်းစီလှည့်လည်ခွင့်ပြုတယ် (၃) ရက် ဘာညာဆိုတဲ့နေရာမှာ အဓိက အာဏာရှိတဲ့လူတွေအားလုံး အာဏာကိုကျင့်သုံးနေတဲ့ လူတွေအားလုံး သတိထားရမှာက ဘာလဲဆိုတော့ အခုလိုမျိုး
ကျနော်တို့ ဒီ (၃) ရက်မှာ ခွင့်ပြုချက်တောင်းရမယ်ဆိုတာ ဆန္ဒပြတဲ့အကြောင်းအရာနဲ့ မဆိုင်ရဘူး။ ဆန္ဒပြတဲ့ အကြောင်းအရာအပေါ်မှာ အခြေမခံဘဲနဲ့ ခွင့်ပြုပေးနေရမယ်။ အဓိက လုံခြုံရေးနဲ့ တာဝန်ရှိသူတွေ လုပ်ပေးရမှာက အခုနပြောတဲ့
တည်ငြိမ်အေးချမ်းရေး၊ အများသူငါကို အနှောက်အယှက် မဖြစ်ရေး၊ ယာဉ်လမ်းကြောင်း မပိတ်စို့ရေး။ ဒါတွေကိုပဲ အဓိကထားပြီးတော့ စီစဉ်ပေးသင့်တယ်၊ ခွင့်ပြုပေးသင့်တယ်။ အဲဒီ ဆန္ဒပြတဲ့ အကြောင်းအရာပေါ် မူတည်ပြီးတော့
ပိတ်စို့တဲ့အခါမှာ ဆန္ဒပြတဲ့လူတွေက ဒီအကြောင်းအရာတွေကို တမင်သက်သက် ပိတ်ပင်တယ်လို့ ခံစားလာရတဲ့အခါမှာ မကျေနပ်မှုက ပိုမိုကြီးထွားလာနိုင်တယ်။ ဆိုတော့ အဲဒီဟာကို ထိပ်ပိုင်အစိုးရတင်မကဘဲနဲ့ အောက်ခြေမှာ
ပြည်သူလူထုကို တိုက်ရိုက်ထိဆက်နေတဲ့ လုံထိန်တွေ၊ ရဲတွေကအစ ဒီအမြင်မျိုးရှိအောင် အစိုးရက သေချာလမ်းညွှန့်ပေးသင့်တယ်လို့ ထင်တယ်။
ကိုသားညွှန့်ဦး ။ ။ နောက်တချက်က ဒီဆန္ဒပြမှုတွေ အခုန ဒေါက်တာနိုင်အောင် ပြောသလို ဆန္ဒပြမှုတွေက ဒီလုပ်ငန်းစဉ်တွေကို အနှောက်အယှက်မဖြစ်ဘူးဆိုရင် တဖတ်က ပြန်စဉ်းစားမယ်ဆိုရင် သွားနေတဲ့
နိုင်ငံရေးလုပ်ငန်းစဉ်တွေအတွက် အားဖြစ်စေသလား။ အဲဒီလို ထင်ထားသလား။
ကိုနိုင်အောင် ။ ။ အခု အသွင်ကူးပြောင်းရေးဆိုတဲ့အခါမှာ ကိစ္စပေါင်းစုံက ကိစ္စအခြေအနေအရပ်ရပ်ကို ပြောင်းဖို့ကြိုးစားတာ။ ပြောင်းဖို့ကြိုးစားတဲ့အခါမှာ ပြီးခဲ့တဲ့ စစ်အစိုးရခေတ်တုန်းက လုပ်ထားတဲ့ ပြဿနာတွေ ရှိနိုင်တယ်။
အားနည်းချက်တွေ ရှိနိုင်တယ်။ အဲဒီ အားနည်းချက်တွေ၊ ခံစားချက်တွေကို လူတွေက ထုတ်ပြောကြမှာပဲ။ ဘာလဲဆိုတော့ အသွင်ကူးပြောင်းတယ်ဆိုတာက မှားတာကနေ မှန်တာကိုပြင်ဖို့၊ မကောင်းတာကနေ ကောင်းတာကိုလုပ်ဖို့။
အဲဒီတော့ မှားတာတွေ မကောင်းတာတွေ ပြောတဲ့အပေါ်မှာ ဒါတွေက ငါတို့ အသွင်ကူးပြောင်းရေးကို အထောက်အကူပြုနေပါလားဆိုတာကို မြင်ဖို့လိုတယ်။ ဒီမှာ အရေးကြီးတာက ဘာလဲဆိုတော့ ဆန္ဒပြတိုင်း ဖြုတ်ချဖို့ ကြိုးစားနေတာ
မဟုတ်ဘူးဆိုတဲ့ အမြင် အစိုးရမှာရှိဖို့လိုတယ်။ ငါတို့ ဦးဆောင်လုပ်နေတယ်ဆိုလို့ရှိရင် အဲဒီ ဦးဆောင်နေတဲ့ အပြောင်းအလဲကို ပြည်သူတွေက ငါတို့ကို ကူညီပေးနေပါလားဆိုတဲ့ အမြင်ကို မြင်ဖို့လိုတယ်။ လွှတ်တော်မှာ
ကြွေးကြော်သံရှိပါတယ်။ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူ့အသံ လွှတ်တော်အသံ ဆိုတာ။ ဒါကို တကယ်ပဲ လက်တွေ့ကျကျ အမြင်ခံယူချက်ထားပြီးတော့ ဒီဟာတွေကို အားပြုပြီးတော့မှ တိုင်းပြည်အတွက်၊ ပြည်သူအတွက်
တကယ်လိုအပ်တဲ့ အခြေအနေတွေကို ပြည်သူတွေက ဖော်ထုတ်တင်ပြနေတာကို လမ်းဖွင့်ဖြေရှင်းပေးသင့်တယ်လို့ ကျနော်ထင်ပါတယ်။
ကိုသားညွှန့်ဦး ။ ။ ဒါပေမဲ့ အတိုက်အခံတွေဘက်က အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အန်အယ်လ်ဒီ၊ ၈၈ အဖွဲ့တွေလည်း ပြောပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စကို ပြောနေကြတာရှိတယ်။ တဖတ်မှာ ဒီလို
ဆန္ဒပြမှုတွေက စိုးရိမ်ကြတာပါ။ ဆန္ဒပြမှုတွေ၊ မတည်ငြိမ်မှုတွေ ဖြစ်တယ်ဆိုပြီးတော့ အဲဒီအခြေအနေပေါ်မှာ အာဏာသိမ်းတာမျိုး။ တဖတ်မှာ တင်းမာတဲ့ အုပ်စုတွေ ခေါင်းထောင်လာတာမျိုး အစိုးရဘက်မှာ အဲဒီလိုမျိုးဖြစ်လာရင်
နောက်ကြောင်းပြန်လည်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေလည်း ကျနော်တို့ကြားရတယ်။ ဒီအပေါ်မှာကော...
ကိုနိုင်အောင် ။ ။ ဒါကြောင့်မို့ ကျနော်တို့က ဆန္ဒပြတယ်ဆိုတာကို ဘယ်လိုမြင်သလဲဆိုတဲ့အမြင် ရှုထောင့်ကနေကြည့်တာကို။ အရင် စစ်အာဏာရှင်ခေတ်ကဆိုရင် ဆန္ဒပြတယ်ဆိုရင် ငါတို့ကို ဆန့်ကျင်တာ၊ ငါတို့ကို ဖြုတ်ချဖို့
ကြိုးစားတယ်ဆိုတဲ့အမြင်။ ဒါပေမဲ့ အခုအချိန်မှာ ထားသင့်တာက ဆန္ဒပြတယ်ဆိုတာ လူတွေက သူတို့ကြုံတွေ့နေရတဲ့ ဒုက္ခတွေ၊ ပြဿနာတွေကို ပြောနေတယ်လို့ ကျနော်တို့က မြင်သင့်တယ်။ ဆန့်ကျင်ဘက် ပြုတာမျိုးလို့ မဟုတ်ဘူးလို့
မြင်သင့်တယ်။ အဲဒီတော့ အဲဒီလို ဆန္ဒပြထုတ်ဖော် ပြောပြနေတာကို ကန့်ကွက်တယ်။ ဖိနှိပ်လိုက်မယ်ဆိုရင် ဒီဆန္ဒတွေကို ဖိနှိမ်လိုက်တဲ့သဘော ဖြစ်သွားမယ်။ အဲဒီလို ဆန္ဒတွေကို ဖိနှိမ်လိုက်တဲ့သဘော ဖြစ်သွားရင် လူထုက
ပွင့်ပွင့်လင်းလင်း လုပ်လို့မရဘူးဆိုရင် တခြားလုပ်လို့ရတဲ့ကိစ္စတွေ ဖြစ်လာလိမ့်မယ်။ ငါတို့ပြောတဲ့စကားကို နားမထောင်တဲ့လူတွေ ငါတို့ ဒီနေရာမှာ ဘာလို့ထားစရာ လိုသေးသလဲဆိုတဲ့ ဆန္ဒတွေပါ ရောက်သွားလိမ့်မယ်။ အဲဒီလိုဟာမျိုး
မဖြစ်အောင် စဉ်းစားပြီးတော့ လုပ်သင့်တာပေါ့။ နောက်တခုက ဒီလိုမျိုး ဖော်ထုတ်တဲ့ကိစ္စတွေအားလုံးကို ကျနော်တို့က နည်းမှန်လမ်းမှန်နဲ့ နားထောင်ဖြေရှင်းပေးနိုင်တယ်ဆိုလို့ရှိရင် ကောင်းတယ်။ နောက်ပြီးတော့ သူတို့ ဆန္ဒပြနေတဲ့
အကြောင်းအရာတွေက အရှေ့အစဉ်ကာလအဆက်မှာ ဖြစ်ခဲ့တဲ့ပြဿနာတွေ၊ တိမ်မြုပ်နေတဲ့ ပြဿနာတွေ၊ သိသင့်သိထိုက်တဲ့ ပြဿနာတွေ၊ ပြုပြင်သင့်တဲ့ ပြဿနာတွေကို ပြောနေတယ်ဆိုတဲ့ အမြင်မျိုးနဲ့ နားထောင်သင့်တယ်လို့
ထင်ပါတယ်။
ကိုသားညွှန့်ဦး ။ ။ နောက်တချက်ကတော့ ဒေါက်တာနိုင်အောင် အခုန ပြောသွားတဲ့ကိစ္စမှာ လူ့အခွင့်အရေးကိစ္စတွေ အများကြီးပါပါတယ်။ လက်ရှိ နိုင်ငံရေးလုပ်ငန်းစဉ် သွားတဲ့အခါမှာ ကျနော်တို့ သတိထားမိသလောက် ပြည်တွင်းနိုင်ငံရေး
ခေါင်းဆောင်တော်တော်များများက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပိုပြီးတော့ ဦးတည်ကြတာကို တွေ့ရပါတယ်။ ဒီနေရာမှာ ပြည်ပမှာရှိတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေက လူ့အခွင့်အရေးကိစ္စကို အတော်လေးပြောတယ်။
အဲဒီနှစ်ခုက နည်းနည်းလေး ဟန်ချက်များ လွှဲနေသလား။ ဒေါက်တာနိုင်အောင် ဘယ်လိုယူဆပါသလဲ။
ကိုနိုင်အောင် ။ ။ ကျနော်မြင်တာကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ ပြောမယ်ဆိုရင် တယောက်နဲ့တယောက် ပြီးခဲ့တဲ့ အာဂတတွေကို သင်ပုန်ခြေလိုက်ပြီးတော့ လည်ပင်းဖက်ကြတဲ့အဆင့် မဟုတ်ဘူး။ ဒါပေမဲ့ လည်ပင်းဖက်ပြီးတော့
ရှေ့ကိုဘာသွားမလဲဆိုတဲ့ပေါ်မှာ မူတည်တာပေါ့။ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ ဒီနေ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖြစ်လာတယ်ဆိုတာကလည်း ၈ လေးလုံးက အခြေခံတယ်လို့ ကျနော် ယူဆပါတယ်။ ဒီဟာကို အားလုံးက
သဘောတူထားတယ်လို့လည်း လက်ခံတဲ့အပေါ်မှာ ၈ လေးလုံးရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ ကျနော်တို့ ရှေ့သွားချင်တဲ့ အနာဂတ်ကလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြည့်ဝတဲ့ဟာပေါ့။ ဒီမိုကရေစီနဲ့
လူ့အခွင့်အရေးဆိုတာကလည်း နေ့ချင်းညချင်းလို့ နတ်ရေကန်ထဲမှာ ပစ်ချသလို မရဘူးဆိုတာကိုလည်း ကျနော်တို့အားလုံး သဘောပေါက်ပါတယ်။ ဒါပေမဲ့ အဲဒီလို ဦးတည်ပြီးသွားတဲ့ အဲဒီပန်းတိုင်းကို ဦးတည်ပြီးသွားတဲ့
အမျိုးသားပြန်လည်သင့်မြတ်ရေးတော့ ဖြစ်ဖို့လိုတယ်။ အဲဒီ မူလေးကို အခြေခံပြီးတော့ ကျင့်သုံးတာတော့ လိုတာပေါ့။ အဲဒါလေးကို သွားနိုင်ဖို့အတွက် မပြည့်စုံသေးတဲ့ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ ကျင့်ဝတ်တွေ၊ ဥပဒေပိုင်ဆိုင်ရာကိစ္စတွေ၊
လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ၊ လူ့အခွင့်အရေးကို မြှင့်တင်မယ့်ကိစ္စတွေလည်း ဒီကြားထဲမှာ ပြောသင့်တယ်။ ပြောတဲ့အခါမှာ အတိတ်ကာလ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနိုင်တယ်။ ကျနော်တို့
ပြောချင်တာက အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ ပြောတဲ့အခါမှာ အတိတ်ကာလ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျနော်တို့ကတော့ ဘာကြောင့်ဖြစ်ခဲ့တယ်ဆိုတဲ့ သင်ခန်းစာယူတဲ့ ပုံစံမျိုးနဲ့တော့ အမှန်တရားတော့
ဖော်ထုတ်သင့်တယ်။ ဒီအပေါ်မှာ အပြစ်ပေး အရေးယူမှုကိစ္စမျိုးကို ဘယ်သူမှ တောင်းဆိုနေတာ မဟုတ်ဘူး။ သင်ခန်းစာယူဖို့ပဲ ကျနော်တို့ ပြောနေကြတာ။ ဘယ်လို မှားခဲ့တယ်၊ ဘာကြောင့်မှားခဲတယ်။ ဒါမျိုးတွေဟာ လူ့အဖွဲ့အစည်းကို
ဘယ်လောက်နစ်နာခဲ့တယ်ဆိုတဲ့ သင်ခန်းစာတွေ ယူခဲ့နိုင်တယ် ဆိုလို့ရှိရင် ကျနော်တို့ ရှေ့လုပ်ရမယ့် လူ့အခွင့်အရေးကိစ္စတွေမှာ တန်းဖိုးထားမှုတွေ ရှိလာလိမ့်မယ်။ တန်းဖိုးမြင့်လာမှုတွေ ရှိလာလိမ့်မယ်။ ဒါကြောင့်မို့လို့ လူ့အခွင့်အရေးနဲ့
ဒီမိုကရေစီကို အခြေခံတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး။ နောက်ပြီးတော့ အသွင်ကူးပြောင်းရေးကို လုပ်သင့်ပါတယ်လို့ တင်ပြချင်ပါတယ်။
ကိုသားညွှန့်ဦး ။ ။ ဒါဆိုလို့ရှိရင် လက်ရှိမြန်မာနိုင်ငံ သွားနေတဲ့ အပြောင်းအလဲမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးက လူ့အခွင့်အရေးအရ လိုအပ်ချက်ရှိတယ်လို့ကော ကိုနိုင်အောင် မြင်သလား။ ဆိုလိုတာက လက်ပံတောင်းတောင်ကိစ္စနဲ့
ဥပမာထားပြီး ပြောမယ်ဆိုရင် ဒီ ခေါင်းဆောင်တချို့က ပြောတာက ပြီးခဲ့တဲ့ အစိုးရကာလမှာ လက်မှတ်ထိုးခဲ့တယ်။ ဒီကိစ္စက တိုင်းပြည်နဲ့ သက်ဆိုင်တယ်။ ဒီကိစ္စကို တာဝန်ယူရမယ်။ အခုလက်ရှိ နောက်ပိုင်းက လူတွေကအစ
တာဝန်ယူရမယ်ဆိုတဲ့ ပြောလာတာတွေ ရှိတာပေါ့။ အဲဒီတော့ လက်ရှိသွားနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့
ကိုနိုင်အောင် ။ ။ တာဝန်ယူရမယ်ဆိုတာက ရှေ့ကလုပ်ထားတဲ့ကိစ္စကို နောက်ကယူရမယ်ဆိုတဲ့ကိစ္စက နှစ်ပိုင်းရှိတယ်လို့ ထင်ပါတယ်။ အဲဒီ တာဝန်ယူမှုက ဘာလဲဆိုတော့ နိုင်ငံတကာနဲ့ဖြစ်ဖြစ် ကိုယ့်ပြည်တွင်းမှာဖြစ်ဖြစ် မှန်တဲ့ကိစ္စကို
တာဝန်ယူရမယ်။ မှားတယ်ကိစ္စကိုလည်း ပြင်ရဲတဲ့တာဝန်ယူရမယ်လို့ ကျနော်ထင်တယ်။ အမှားကို အမှားအတိုင်း ဆက်လက်ခံနေတာက ဒါက တာဝန်ခံတယ်၊ တာဝန်ယူတယ်လို့ ကျနော် မထင်ဘူး။ ဆိုတော့ တာဝန်ယူမှုနဲ့ ပတ်သက်လို့
ကျနော် နားလည်းတဲ့အပိုင်းပေါ့။ အခုနပြောတဲ့ ဖြေရှင်းနည်းနဲ့ ပတ်သက်လို့ ဥပမာ ဒီကိစ္စမှာ ဖြစ်စဉ်အရကိုက အလွှဲသုံးစားမှုတွေနဲ့ ဖြစ်လာခဲ့တဲ့ ဖြစ်စဉ်မျိုး။ ပြည်သူလူထုရဲ့ အကျိုးစီးပွားကိုကြည့်တဲ့ ဖြစ်စဉ်မျိုး မဟုတ်ဘူးဆိုပါစို့။ ဥပမာ
မြစ်ဆုံလိုဟာမျိုး ဖြစ်တယ်ဆိုပါစို့။ အဲဒါဆိုလို့ရှိရင် တိုင်းပြည်အတွက်၊ ပြည်သူအတွက် နစ်နာမယ်ဆိုရင် ကျနော်တို့က နိုင်ငံတကာရဲ့ ကတိကဝတ်အရ လျော်သင့်တာလျော်ရမယ်။ ကျနော်တို့ ဒီပဲယင်းကိစ္စ၊ ရှစ်လေးလုံးကိစ္စတို့၊ ၂၀၀၇ ကိစ္စတို့
ပြောနေတယ်ဆိုတာကလဲ ကျနော်တို့ ဒီလိုနည်းမျိုးနဲ့ ဆန္ဒဖော်ထုတ်တဲ့ကိစ္စကို အကြမ်းဖက်တဲ့ဟာကို ကျင့်သုံးလိုက်လို့ရှိရင် အကြမ်းဖက်သံသရာထဲမှာ ကျနော်တို့ အမြဲတမ်းတဝဲလယ်လယ် ဖြစ်နေလိမ့်မယ်။ အဲဒီလို အကြမ်းဖက်လို့ ဖြစ်လာတဲ့
နာကျဉ်မှုတွေက တော်တော်နဲ့ ကုရခဲတယ်။ ဆိုတော့ အဲဒီအသိတွေအားလုံးကို နိုင်ငံတော်ထဲမှာရှိတဲ့ ကဏ္ဍအသီးသီးက အမြင်သဘောပေါက်သွားဖို့လိုတယ်။ အဲဒီလို သင်ခန်းစာရလိုက်လို့ရှိရင် နောင်နောင် ဒါမျိုးကို မကျူးလွန်တော့ဘဲနဲ့
တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းကို လုပ်နိုင်မယ်။ အဲဒီ အကြမ်းဖက်မှုသံသရာကြီးကို လုပ်လိုက်တဲ့အတွက်ကြောင့်မို့လို့ ၄၈ လွတ်လပ်ရေးရကတည်းက ကျနော်တို့ တိုင်းပြည်ရဲ့ အနေအထားက ဘာကြောင့် ဒီလိုဖြစ်သွားသလဲဆိုတာကို
အဓိက သင်ခန်းစာ ယူစေချင်တဲ့ သဘောပါပဲ။
ကိုသားညွှန့်ဦး ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။