မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပွင့်လင်းလာတဲ့ အခြေအနေတွေကြောင့် လူမှုစောင့်ရှောက်ရေး လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ အရင်ကနဲ့စာရင် ပိုပြီး အဆင်ပြေလာတယ်လို့ ဝါရှင်တန်မြို့တော်ကို ရောက်လာတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) က ဦးကျော်သူက ဗွီအိုအေ ကို ပြောပါတယ်။ ဒါပေမယ့်လည်း အကန့်အသတ်တွေ ရှိနေဆဲဖြစ်သလို လူမှုရေးလုပ်ငန်းတွေ ပိုပြီးအောင်မြင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေ လိုတယ်လို့ ဆိုပါတယ်။ ကိုသိန်းထိုက်ဦးနဲ့ တွေ့ဆုံမေးမြန်းတဲ့အချိန် ဦးကျော်သူက ဝါရှင်တန်မြို့တော်ကို ဒီလပိုင်းတွေအတွင်း ဒုတိယအကြိမ် လာရောက်တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အခုလို စပြောပြပါတယ်။
ဦးကျော်သူ ။ ။ ဒီနှစ်ထဲမှာတော့ ဒုတိယအကြိမ်ပေါ့။ ပထမတကြိမ်ကတော့ ပြည်သူ့ဂုဏ်ရည်အဖွဲ့က ဖိတ်ကြားတဲ့အတွက် အမေရိကန်မှာရှိတဲ့ မြို့ပေါင်း (၁၀) မြို့ကို ကျနော်တို့ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနားနဲ့ မြန်မာပြည်သူလူထုနဲ့တွေ့ဖို့ လာခဲ့တယ်။ အခု ဒီတကြိမ်ကတော့ ဝါရှင်တန်ဒီစီမှာ လုပ်မယ့် NED (National Endowment for Democracy) ဆုပေးပွဲ၊ အဲဒီ ဆုပေးပွဲ ဖိတ်ကြားတဲ့အတွက် လာခဲ့တာပါ။
ဦးသိန်းထိုက်ဦး ။ ။ ဆု လက်ခံဖို့ပေါ့။ ဘာဆုလို့ သူတို့ ပြောပါသလဲ။
ဦးကျော်သူ ။ ။ NED ကတော့ ကျနော်တို့ မြန်မာနိုင်ငံပြည်တွင်းမှာ ဒီမိုကရေစီအတွက် တဖက်တလမ်းကနေ ပံ့ပိုးကူညီကြတဲ့ ကြိုးစားကြတဲ့ အဖွဲ့အစည်းတွေ ကိုယ်စား လာယူရတာပါ။ ကျနော်ဆိုရင် လူမှုရေးအသင်းအဖွဲ့ကိုယ်စား ကျနော်ကို ဖိတ်ကြားတယ်။ ကိုမင်းကိုနိုင်ဆိုရင် ကျောင်းသားခေါင်းဆောင်အနေနဲ့ ဖိတ်ကြားတယ်။ တိုင်းရင်းသားခေါင်းဆောင်ဆိုရင် ဦးခွန်ထွန်းဦး၊ ဒေါက်တာစင်သီယာမောင် နဲ့ ကိုအောင်ဒင်။ ဒီ (၅) ယောက် ဆုယူရမှာဖြစ်တယ်။
ဦးသိန်းထိုက်ဦး ။ ။ ကိုကျော်သူတို့ နာရေးကူညီမှုအသင်း၊ သုခဆေးကုသရေး စေတနာဝန်းထမ်း အခမဲ့ဆေးကုသပေးနေတဲ့ လုပ်ငန်းတွေ၊ ကျန်တဲ့ လူမှုစောင့်ရှောက်ရေး လုပ်ငန်းတွေ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတာ ကျနော်တို့ တွေ့ပါတယ်။ အဲဒီတော့ တခုက အခုမြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တစုံတရာ အခြေအနေတွေက လွတ်လပ်ပွင့်လင်းလာတဲ့ အနေအထား အခင်းအကျင်းမျိုးလေးတွေ ဒီနှစ်ပိုင်းတွေမှာ ရှိလာတော့ ဟိုတုန်းကထက် လူမှုစောင့်ရှောက်ရေး လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ ကွာခြားချက်တွေ။ ဒီအပြောင်းအလဲတွေက လူမှုစောင့်ရှောက်ရေးလုပ်ငန်းတွေအပေါ်မှာ ရိုက်ခတ်မှု ရှိပါသလား။
ဦးကျော်သူ ။ ။ အစိုးရသစ်လက်ထက်မှာ ကျနော်တို့ လူမှုရေးအသင်းအဖွဲ့တွေအတွက် ပထမဦးဆုံး register မှတ်ပုံတင်ချ ပေးလိုက်တယ်။ နောက်ပိုင်း ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း အဆင်တော့ပြေတယ်။ သို့သော် သုခကုသိုလ်ဖြစ် ဆေးခန်းဆိုတာ နာရေးကူညီမှုအသင်း (ရန်ကုန်) မှာ ဖွင့်ထားတယ်။ အဲဒီ ဆေးခန်းအတွက် မျက်စိခွဲစိတ်ခန်းအတွက် ပစ္စည်းတွေ မှာထားတယ်။ ခွဲစိတ်ခန်း (Operation) အတွက် အသင့်အနေအထား ဖြစ်နေပြီ။ အခုထက်ထိတော့ ခွဲခွင့်မပြုသေးဘူး။ ဒါ အစိုးရသစ်လက်ထက်ထဲမှာ။ (၂) နှစ်လောက်ရှိပါပြီ။ (၂) နှစ်လောက်မှာ မြို့နယ် ကျန်းမာရေးကလည်း လာစစ်ပြီ။ တိုင်းကျန်းမာရေးကလည်း လာစစ်ပြီးပြီ။ နေပြည်တော် ဗဟိုကနေ လာစစ်ပြီမှ ဗဟို ဆုံးဖြတ်ချက်နဲ့ ခွင့်ပြုမယ်ဆိုတာ အဲဒီတခုတော့ နှောင့်နှေးနေတာတော့ရှိတယ်။ ကျန်တဲ့အပိုင်းတွေကတော့ အဆင်ပြေပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ ကျနော်တို့ မှတ်မိသလောက်ဆိုရင် Saffron ရွှေဝါရောင်သံဃာ လှုပ်ရှားမှု ကာလတုန်းကဆိုရင် ကိုကျော်သူ ကို ခေါ်ပြီးတော့ စစ်ဆေးတာမျိုးတွေ ရှိခဲ့ပါတယ်။ ဒါကတော့ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ပတ်သက်လို့ပေါ့။ လူမှုရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့လည်း အဟန့်အတားတွေ၊ အတားအဆီးတွေ။ အဆောက်အဦးဆောက်တာကအစ ကြုံခဲ့ရတာ ရှိတယ်ဆိုတာ ကျနော်တို့ သတိထားမိခဲ့ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ။ ဒီလို အဟန့်အတား၊ အတားအဆီးတွေ ရှိနေပါသေးပါသလား။
ဦးကျော်သူ ။ ။ အဲဒီလို အတားအဆီး၊ အဟန့်အတားမျိုးတွေတော့ မရှိတော့ပါဘူး။ အစိုးရသစ်လက်ထက်မှာ ကူညီမှုအပိုင်းအရတော့ အဆင်ပြေတယ်။ သို့သော် အဲဒီလို မျက်စိခွဲစိတ်ခန်းကိစ္စပဲ ပြောရမှာပေါ့။ ဒီ ခွဲစိတ်ခန်းဆိုရင် အများပြည်သူအားလုံးကို ကျနော်တို့က အခမဲ့ ကုပေးရမယ့်ကိစ္စ။ ကျနော်တို့ကိုယ်ကျိုး လုံးဝမပါပါဘူး။ ငွေကြေးနဲ့ ကုသပေးတာ မဟုတ်ဘူး။ အခမဲ့ ကုသပေးတဲ့နေရာမှာ တကယ့်ကို မြန်မြန်ဆန်ဆန် သွက်သွက်လက်လက်နဲ့ ဆုံးဖြတ်ချက်တခုကို ချပေးဖို့တော့ သင့်ပါတယ်လို့ ကျနော်ယူဆတယ်။
ဦးသိန်းထိုက်ဦး ။ ။ ကျန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေမှာရော အဟန့်အတားတွေ ကြုံရပါသလား။
ဦးကျော်သူ ။ ။ ကျန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာတော့ သိပ်ထွေထွေထူးထူးတော့ မရှိပါဘူး။ ကျနော်တို့က ကျန်းမာရေးက မျက်စိ၊ သွား၊ အရေပြား၊ အရိုးအကြော နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ (OG), Physiotherapy, သွေး။ အဲဒါတွေ ကျနော်တို့လုပ်တယ်။ တချို့ ဆရာဝန်ကြီးတွေကြတော့ ကျနော်တို့အသင်းမှာလုပ်တယ်ဆိုရင် မီဒီယာမှာပါသွားတယ်ဆိုရင် သူတို့က အလိုလို ကြောက်စိတ်တွေဝင်ပြီးတော့ မီဒီယာမှာပါတဲ့အတွက် ဒီမှာ ကုသိုလ်ဖြစ် လာမကုပေးတော့တဲ့ ဆရာဝန်ကြီးတွေလည်းရှိတယ်။ ဒါတွေကတော့ အကြောက်တရားတွေ လွှမ်းခြုံမှုကို အခုထက်ထိခံနေရတာပေ့ါ။ အမှန်မှန် ကျနော်တို့က နိုင်ငံရေးအရ လှုပ်ရှားတဲ့ပါတီအဖွဲ့အစည်းလည်း မဟုတ်ဘူး။ အများပြည်သူကို တကယ့်ကို ကိုယ်ကျိုးစွန့်ပြီး၊ ကိုယ်ကျိုးမဖက်ဘဲနဲ့ ပေးဆပ်နေရတဲ့ အဖွဲ့အစည်းပါ။ အဲဒါကို စိတ်ရှင်းရှင်း၊ စိတ်သန့်သန့်နဲ့ ကျနော်တို့ ကုသိုလ်ဖြစ် ဝိုင်းဝန်းကူညီပံ့ပိုးကြတယ်ဆိုရင် ဒါက အင်မတန်မွန်မြတ်ပါတယ်လို့ ကျနော်ပြောချင်ပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ အခု နာရေးကူညီမှုအသင်း လုပ်ငန်းတွေရှိတယ်။ ကျန်းမာရေးအရ စေတနာဝန်ဆောင်မှု ပေးတာတွေအပြင် တခြား ဘယ်လိုလုပ်ငန်းမျိုးတွေ လုပ်ကိုင်ပါသလဲ။
ဦးကျော်သူ ။ ။ နာရေးနဲ့ ဆေးကုသမှု။ ဆေးကုသမှုဆိုရင် တရက်ကို လူနာ (၂၀၀) ကျော် အခမဲ့ ကုသပေးရတယ်။ နာရေးဆိုရင် တရက်ဆို သေဆုံးသူအားလုံး (၄၅) ဦးနဲ့ (၅၀) ပျမ်းမျှ သဂြိုလ်ပေးရတယ်။ အခမဲ့။ နောက် ပညာရေး ကျနော်တို့ လုပ်ပါတယ်။ ပညာရေးဆိုလည်း (၁၀) တန်းဖြေမယ့် ခလေးတွေကို ဘာသာစုံသင်တန်းတွေ ပေးတယ်။ နောက် speaking, grammar အင်္ဂလိပ်စာသင်တန်းတွေ။ အခြေခံ ခလေးတွေအတွက် အခြေခံအင်္ဂလိပ်စာ သင်တန်းတွေ၊ ယဉ်ကျေးလိမ္မာသင်တန်းတွေ။ နောက် ကွန်ပြူတာသင်တန်း၊ SCCI သင်တန်း၊ Hospitality သင်တန်း။ ဒါတွေပါ အလုပ်အကိုင်ရှာဖွေရေးအတွက်ပါ ကျနော်တို့ သင်ကြားပေးပါတယ်။ Journalism သင်တန်းတွေလည်း ကျနော်တို့ ပေးပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ ဒီလို စေတနာဝန်းထမ်း စောင့်ရှောက်မှု လုပ်ငန်းတွေမှာ အစိုးရအာဏာပိုင်တွေဖက်က ပူးပေါင်းပါဝင်တာမျိုး၊ ကူညီပံ့ပိုးပေးတာမျိုးတွေ ရှိပါသလား။
ဦးကျော်သူ ။ ။ အဲဒါတော့ မရှိပါဘူး။ မရှိဘူးဆိုတာ ကျနော်တို့ဆီမှာ တကယ့်ကို ပရဟိတ စိတ်ဓါတ်ရှိတဲ့ ဆရာ၊ ဆရာမတွေ၊ တတ်သိပညာရှင်တွေက လာပြီးကူညီပံ့ပိုးကြတာပါ။ အစိုးရဖက်က ပံ့ပိုးမှုတော့ မရှိပါဘူး။ သို့သော် တချို့သင်တန်းတွေကြတော့ ဝန်ထမ်းတွေ။ ဥပမာ SBU တို့ဘာတို့ သူတို့ရဲ့ သားတွေ၊ အမျိုးသမီးတွေ တချို့လာတက်တာတွေ ရှိပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ ဒီလုပ်ငန်းတွေအတွက် ပုံမှန်ရေရှည် သွားနိုင်ဖို့ အထောက်အပံ့ကြတော့ ပြည်တွင်းက အလှူရှင်တွေက အဓိကလို့ ပြောလို့ရပါသလား။
ဦးကျော်သူ ။ ။ အလှူငွေ ပုံမှန်သွားနိုင်ဖို့ဆိုတာ ပြည်တွင်း၊ ပြည်ပ မြန်မာလူထု အလှူရှင်တွေရဲ့ အလှူငွေနဲ့ ရပ်တည်ရတာပါ။ ကျနော်တို့ရဲ့ လုပ်ဆောင်ချက်၊ ကျနော်တို့ ပြည်သူအပေါ် ပေးဆပ်မှုက မှန်ကန်တယ်ဆိုရင်တော့ အလှူငွေကတော့ လျော့သွားမှာ မဟုတ်ပါဘူး။ ကျနော်တို့ ရပ်တည်ချက်တွေ မှားလာပြီဆိုရင်တော့ အများပြည်သူက သိလာရင်တော့ အလှူငွေက ကျဆင်းမယ့်သဘောရှိတယ်။
ဦးသိန်းထိုက်ဦး ။ ။ ဒီ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့အတွက်ကြောင့် အောက်ခြေပြည်သူတွေ အမြဲတစေ ထိတွေ့နေမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံမှာ အခုဆိုလို့ရှိရင် နိုင်ငံရေးအရ အပြောင်းအလဲတချို့ကို တားဆူနေတဲ့ကာလ၊ အပြောင်းအလဲတချို့ ပေါ်လာနေပြီဆိုတဲ့ ကာလမှာ အောက်ခြေပြည်သူတွေကြားမှာ အဓိက ပြောင်းလဲသင့်တဲ့အရာ၊ သူတို့နဲ့ ထိတွေ့မှုအရ ဘာတွေက အဓိကကျတယ်လို့ ကိုကျော်သူ မြင်ပါသလဲ။
ဦးကျော်သူ ။ ။ အောက်ခြေပြည်သူလူထုမှာ အဓိကကျတာကတော့ ကျနော်မြင်တာကတော့ ကျနော်တို့လုပ်နေတဲ့ ကျန်းမာရေး၊ ပညာရေးပါ။ ကျန်းမာသန်စွမ်းမှလည်း ပညာသင်ကြားနိုင်မယ်။ ပညာသင်ကြားနိုင်မှလည်း အတွေးအခေါ်တွေ မြှင့်မားမယ်။ ကျနော်တို့က အခု လူမှုရေးလုပ်နေတယ်။ အများပြည်သူ ပံ့ပိုးကူညီပေးတယ်။ ဥပမာ ပညာရေးပဲဖြစ်ဖြစ်၊ ကျန်းမာရေးပဲဖြစ်ဖြစ်၊ သဘာဝဘေးဒဏ်ပဲဖြစ်ဖြစ် ကျနော်တို့ ကူညီမှုတွေ ဆင်းနေတဲ့အချိန်မှာ ကိုယ်နဲ့ ထိတွေ့ရတဲ့ အများပြည်သူတွေကို အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရား ကောင်းမွန်ဖို့ကို ကျနော်တို့က အဓိက ပြောဆိုမှုတွေ၊ ကူညီမှုတွေ လုပ်ပါတယ်။ ဒီလို တွဲခေါ်မှလည်း မြန်မာပြည်က ကိုယ်ကျင့်တရားတွေ ကောင်းမှပဲ မြန်မာပြည်က သူတို့လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီနိုင်ငံကို အမြန်ဆုံးရောက်မယ်လို့ ယူဆပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ အခု ရန်ကုန်က ထွက်လာတဲ့အချိန်မှာ အဓိက ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေ ဘာတွေလုပ်ကိုင်ပေးနေရပါသလဲ။
ဦးကျော်သူ ။ ။ အခု ရေဘေးဒုက္ခသည်တွေကို သွားကူညီနေတယ်။ ပြီးတော့ ရခိုင်လူမျိုးရေး ပဋိပက္ခကိစ္စတွေကို သွားကူညီနေတယ်။ နောက် ကချင်စစ်ဘေး ဒုက္ခသည်တွေ။ ကချင်စစ်ဘေးဒုက္ခသည်တွေကို ဒီတကြိမ်ကြတော့ ပြည်တွင်းကသွားလို့ နယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေက လူဦးရေတော်တော်များနေတယ်။ ကျနော်တို့ နယ်စပ်ဖက်ကနေ သွားပြီးတော့ ကူညီမှုတွေ လုပ်ပေးနေတယ်။ အဲဒီမှာ လုပ်တဲ့နေရာမှာ အများကြီး မြန်မာပြည်အတွက် စိုးရိမ်စရာလေးတွေရှိတယ်။ စိုးရိမ်စရာတွေဆိုတာက ခလေးသူငယ်တွေ၊ အမျိုးသမီးနဲ့ ခလေးငယ်တွေ အများကြီး ဒုက္ခသည်စခန်းမှာ ကျန်နေတယ်။ ဒီ ခလေးငယ်တွေအတွက် ပညာရေးသင်ကြားမှု မရှိဘူးဆိုတာကို တွေ့ခဲ့ရတယ်။ သင်ရိုးညွှန်တမ်းမရှိဘူး။ သူတို့ ခလေးငယ်တွေ ကစားဖို့ ကစားစရာအရုပ်တွေ မရှိဘူး။ ကစားစရာအရုပ်တွေ မရှိတော့ သူတို့ဘာတွေ ကစားနေသလဲဆိုတော့ ဖဲကစားနေကြတယ်။ ပိုကာဆွဲနေကြတယ်။ ဖဲဆိုတာ ငယ်ငယ်ရွယ်ရွယ်မှာ ကစားစရာတခုအနေနဲ့ အသိဉာဏ်ထဲ ဝင်သွားရင် မြန်မာပြည်အတွက် ရင်လေးစရာဖြစ်တယ်။
ဦးသိန်းထိုက်ဦး ။ ။ အခု နိုင်ငံတကာကို အခုလို လာရောက်တယ်။ နိုင်ငံတကာမှာ ရှိနေတဲ့ မြန်မာအသိုင်းအဝိုင်းအပြင်၊ နိုင်ငံတကာ မိသားစုနဲ့ ထိတွေ့ရတဲ့အခါမှာ ကွာခြားချက်တွေ။ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေနဲ့ ကွာခြားချက်တွေ ဘာတွေကို ထိတွေ့မြင်မိပါသလဲ။
ဦးကျော်သူ ။ ။ မြန်မာပြည်တွင်းမှာရှိတဲ့ မြန်မာပြည်သူလူထုနဲ့ ပြည်ပမှာရှိတဲ့ မြန်မာလူထုက အမှန်မှာတော့ အားလုံးက မြန်မာပါပဲ။ တခုပဲ ကျနော်တိုက်တွန်းချင်တာက ကျနော်တို့အားလုံး စည်းစည်းလုံးလုံး၊ ညီညီညွှတ်ညွှတ် ရှိကြဖို့တခုပဲ တိုက်တွန်းချင်ပါတယ်။ အားလုံး စည်းလုံးညီညွှတ်မှ ကျနော်တို့ လိုရာပန်းတိုင်ကို ရောက်မှာပါ။ ဆရာတော် ဦးသုမင်္ဂလာ ဟောထားတာရှိတယ်။ ဇွန်ပန်းရုံအောက်မှာ လှည်းဘီးနစ်နေတယ်။ ကူ၍တွန်းကြပါတဲ့။ အခုက ကူ၍တွန်းတော့တွန်းတယ်၊ ဘက်ပေါင်းစုံက တွန်းနေတော့ လှည်းဘီးက နစ်သထက်နစ်မှာပါ။ ကျနော်တို့ ဦးတည်ချက် လိုင်းက တဖက်တည်းကို ဝိုင်းတွန်းမှ လိုရာပန်းတိုင်ကို ရောက်မယ်လို့ ယူဆပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ နောက် မေးခွန်းတခုကတော့ ပုဂ္ဂိုလ်ရေး မေးခွန်းပါ။ ကိုကျော်သူ ရုပ်ရှင် ပြန်မရိုက်တော့ဘူးလား။ ရုပ်ရှင်လုပ်ငန်းတွေ ပြန်မလုပ်တော့ဘူးလား။
ဦးကျော်သူ ။ ။ ရုပ်ရှင်လုပ်ငန်းကတော့ ကျနော် ပြန်မလုပ်ချင်တော့ဘူး။ ကျနော် မရဟိတ လုပ်နေတာ ကိုယ့်အတွက် ဘာမှမျှော်လင့်ချက်မရှိဘဲနဲ့ လုပ်နေရတာ။ ဒါပေမဲ့ မျှော်လင့်ချက်မရှိဘဲနဲ့ အများပြည်သူကို လုပ်ပေးနေရတဲ့ အရသာက ဘယ်အရသာနဲ့မှ မတူပါဘူး။ ရုပ်ရှင်ဆိုရင် ကိုယ်နံမည်ကြီးဖို့၊ ကိုယ်ပိုက်ဆံရဖို့၊ ကိုယ်မှာ ပရိသတ်ရှိဖို့၊ ကိုယ့်အဖို့လုပ်ရတာ များပါတယ်။ ပရဟိတဆိုတာ အားလုံးကို စွန့်လွှတ်စွန့်စားပြီးတော့ လုပ်ရတဲ့အလုပ်ပါ။ အဲဒီ အလုပ်က ပိုမွန်မြတ်တယ်လို့ ကျနော် ယူဆတယ်။ ကျနော်မှာ ရုပ်ရှင်မရိုက်ရလို့ ကျနော် ငတ်မသေသွားနိုင်ပါဘူး။ ကျနော့် မိဘဆွေမျိုးတွေရဲ့ အသိုင်းအဝိုင်း၊ ကျနော့် အမျိုးသမီးရဲ့ စုဆောင်းထားမှုတွေကြောင့် ကျနော် တနေ့ကို ထမင်း (၂) နှပ်မှန်မှန် စားနိုင်ပါတယ်။ ဒါကြောင့် ကျနော် ဒီအလုပ်ကိုပဲ ဆက်လုပ်မှာပါ။
ဦးသိန်းထိုက်ဦး ။ ။ ကျေးဇူးတင်ပါတယ်။