ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံအတွင်း နေရာအနှံမှာ အသိမ်းအဆည်းခံထားရတဲ့ လယ်ယာမြေတွေအတွင်း ဝင်ရောက်ထွန်းယက် စိုက်ပျိုးမှုတွေ လုပ်ခဲ့တဲ့အတွက် လယ်သမားတွေအပေါ် အစိုးရစစ်တပ်နဲ့ ပုဂ္ဂလိကကုမ္မဏီတွေက တရားစွဲဆိုခဲ့တဲ့ အမှုတွေ၊ ဖမ်းဆီးမှုတွေ အတော်များများ ပေါ်ထွက်လာနေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး လယ်ယာမြေကိစ္စတွေကို ထည်ထည်ဝင်ဝင် ဆောင်ရွက်ပေးနေတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးနေမျိုးဝေ ။ ။ အဲဒါကတော့ နေရာအနုံပဲ တရားစွဲဆိုခံထားရတာတွေ ရှိတယ်။ ဘယ်မှာရှိသလဲဆိုရင် မော်ကျွန်းမှာရှိတယ်။ ဧရာဝတီတိုင်း။ ထားဝယ်မှာရှိတယ် တနင်္လာရီတိုင်း။ နောက်တခါ ရှမ်းပြည်နယ်မှာရှိတယ်။ နောင်ချိုမှာရှိတယ်။ ရန်ကုန်တိုင်းမှာရှိမယ်။ မင်္ဂလာဒုံမှာရှိမယ်။ နောက် ဘယ်မှာရှိမလဲဆိုရင် ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်မှာရှိမယ်။ နောက် တခြား ဒလတို့ အဲဒီဖက်တွေမှာလည်း ရှိတယ်။ အဲဒီဟာတွေက ဆွဲတဲ့ပုဒ်မတွေက လယ်ယာမြေပြဿနာပေါ် မူတည်ပြီး ဖြစ်တဲ့ပုဒ်မတွေက ၅၁ (စ၊ ဆ) ဟာမျိုးတွေ ရှိမယ်။ ပုဒ်မ (၁၈) လိုမျိုးတွေ ရှိမယ်။ နောက်တခါ ကုမ္မဏီတွေဖက်က အခုန အုပ်ချုပ်ရေးပိုင်းတွေကဆွဲတာ။ ကုမ္မဏီဖက်က ဆွဲတာတွေဆိုရင် (၄၄၇) (၄၂၇) တွေရှိမယ်။ နောက်တခါ ရေးသားပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ဆွဲတာဆိုရင် ပုဒ်မ (၅၀၀) တွေရှိမယ်။ အဲဒါတွေ ရှိတယ်ဗျ။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီနေရာမှာ သာမန်လူ နားလည်းအောင်ဆိုလို့ရှိရင် ကုမ္မဏီဖက်က ဆွဲတဲ့ကိစ္စကို အရင်ရှင်းပြပါလား။ ကုမ္မဏီဖက်ကဆွဲတဲ့ ပုဒ်မ (၄၄၇) (၄၂၇) ဘာညာဆိုတာ ဘယ်လိုအခြေခံကို ပြောချင်တာလဲ။ ဘယ်လို အခြေခံနဲ့ လယ်ယာမြေမှာ ဝင်ပြီးထွန်းယက်တဲ့ လယ်သမားတွေကို တရားစွဲရတာလဲ။
ဦးနေမျိုးဝေ ။ ။ သူက ပိုင်နက်ကျူးလွန်မှု၊ ပိုက်နက်ကျူးကျော်မှုဆိုတဲ့ ပုံစံမျိုးတွေ ဆွဲကြတာများတယ်။ ဒါကတော လုပ်ငန်းရှင်တွေ၊ ကုမ္မဏီတွေဖက်ကဆွဲတာ။ အဲဒါကလည်း မူလမှုခင်းက လယ်ယာမြေမှုခင်း။ ဘယ်သူပိုင်တယ်ဆိုတာကို ပြောဖို့ခက်တယ်။ နောက် အမှန်တကယ် လုပ်ကိုင်နေထိုင်နေတဲ့ လူတွေက လယ်သမားတွေဖြစ်တယ်။ ဒါပေမဲ့ အဲဒီဟာကို မျက်ကွယ်ပြုပြီးတော့ သူတို့ကို လုပ်ပိုင်ခွင့် ပေးထားပါတယ်ဆိုတဲ့ဟာမျိုးတွေနဲ့ ဆွဲတာဗျ။ ဒါပေမဲ လုပ်ပိုင်ခွင့်ပေးထားတယ်ဆိုတာ လုပ်ပိုင်ခွင့်က ဘယ်သူက ပေးသလဲဆိုရင် ရပ်ကျေးမြေယာ ကော်မတီတွေက ပေးတာ။ ကျနော် မနေ့ကဆို ဒိုက်ဦးမြို့နယ် တရားရုံးကိုရောက်တော့ ဒိုက်ဦးမြို့နယ်မှာ ဦးခင်မောင်,ပါ တောင်သူ (၁၂) ဦးကို ဆွဲထားတယ်။ ဆွဲထားတာက ရွှေဟင်္သာအရက်ချက်စက်ရုံက ဆွဲထားတယ်။ မနေ့က တရားရုံးမှာမေးတော့ ရပ်ကျေးမြေယာကော်မတီ ဥက္ကဋ္ဌလုပ်ရမယ့်လူက ဘယ်သူလဲဆိုတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ အုပ်ချုပ်ရေးမှူး သူက မြေယာကော်မတီဥက္ကဋ္ဌ။ သူကိုယ်တိုင် တရားရုံးမှာမေးလို့ ပေါ်ပေါက်လာတာက မြေယာဥပဒေဟောင်းကိုလည်း သူနားမလည်းဘူး၊ အသစ်ကိုလည်း နားမလည်းဘူး။ အဲဒီလိုဖြစ်တယ်။ သူက သက်သေထွက်တယ်။ တရားရုံးမှာ အဲဒီအတိုင်း ပေါ်ပေါက်တယ်။ သူပိုင်တယ်ဆိုတာကို မသိဘဲနဲ့ တရားစွဲမှုတွေကို လယ်သမားတွေက အချိန်ကုန်ခံ၊ ငွေကုန်ခံ၊ စရိတ်အကုန်ခံပြီးတော့ ရင်ဆိုင်ဖြေရှင်းနေရတယ်။
ဦးသန်းလွင်ထွန်း ။ ။ အခြေခံက ပိုင်နက်ကျူးလွန်မှုနဲ့ဆွဲတာ။ ပိုင်နက်ကျူးလွန်မှုနဲ့ ဆွဲရတယ်ဆိုတဲ့ အခြေခံက ဥပမာအားဖြင့် ကုမ္မဏီတခုခုက လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်အနည်းငယ်က သူတို့ဝယ်ယူထားတာပဲဖြစ်စေ၊ ဒါမှမဟုတ် အစိုးရဆီက လျှောက်ထားတာပဲဖြစ်စေ သူတို့ပိုင်ဆိုင်တဲ့ဆိုတဲ့ သတ်မှတ်ထားတဲ့မြေထဲမှာ လယ်သမားတွေက မူလ သူတို့ကိုယ်သူတို့ မူလပိုင်ရှင်ပါပြောတဲ့ လယ်သမားတွေကဝင်ပြီး ထွန်းယက်ကြတဲ့အပေါ်မှာ နှစ်ဖက်အငြင်းပွားနေတဲ့ကိစ္စတွေပေါ့။ အဲဒါကို ဆိုလိုတာလား။
ဦးနေမျိုးဝေ ။ ။ အဲဒီမှာ နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက မင်္ဂလာဒုံမှာ ဖြစ်တာဆိုရင် ဇေကမ္ဘာကုမ္မဏီကို သီးစားချထားပေးတယ်။ ဇေကမ္ဘာကုမ္မဏီကို သီးစားချထားပေးတယ်ဆိုတာ စပါးစိုက်ခွင့်ပေးထားတာ။ နိုင်ငံတော်ပိုင်မြေကို စပါးစိုက်ခွင့်ပေးထားတယ်။ အဲဒီ သီးစားစိုက်ခွင့်ဆိုတာ ဇေကမ္ဘာကုမ္မဏီက developer အနေနဲ့ပဲလုပ်တာ။ စပါးစိုက်တဲ့ကုမ္မဏီ မဟုတ်ဘူး။ စက်မှုဇုံ တည်ဆောက်ရေးအတွက်။ အဲဒါကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းညွှန့်မှုနဲ့ ပေးတယ်ဆိုတဲ့ပုံစံမျိုး မြို့နယ်ကနေ စာထုတ်တယ်။ အဲဒီစာကို အကြောင်းပြုပြီးတော့ လယ်သမားတွေကို တရားစွဲတယ်။ တကယ်က လယ်သမားတွေက တောက်လျှောက်တဆက်တည်း တနှစ်မှမပျက်ဘူး။ သူတို့ ၁၉၉၀ လောက်ကတည်းကနေ ၂၀၁၀ မှာ အငြင်းပွားမှုဖြစ်တယ်။ အဲဒီအချိန်အထိ စိုက်တယ်။ ၁၀ မှာလည်းစိုက်တယ်။ ၁၁ မှာလည်းစိုက်တယ်။ ၁၂ မှာလည်းစိုက်တယ်။ ဒီနှစ် ၂၀၁၃ မိုးရာသီမှာလည်းစိုက်တယ်။ အဲဒါကို ဆွဲတာ။ နောက်တခါ ဒါကတော့ သီစားစိုက်ပြီးတော့ ပေးပြီးတော့ ဆွဲတဲ့ပုံစံတမျိုး။ နောက် ရွှေဟင်္သာမှာဆိုရင် သီးစားစိုက်ပျိုးခွင့်လည်း မရှိဘူး။ ရပ်ကျေးမြေယာကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့လူကို မေးတဲ့အခါမှာ အဲဒီ ရွှေဟင်္သာမှာ ဘာလုပ်ပိုင်ခွင့် ရှိသလဲဆိုရင် မရှိဘူး၊ မသိဘူး ဖြေတယ်။ အဲဒီအပေါ်မှာလည်း ဆွဲတာပဲ။ ရွှေဟင်္သာ ယခင်နှစ်တွေက အဲဒီနေရာမှာ ကြံစိုက်ပျိုးခဲ့တယ်။ နောက် ပလပ်ထားတယ်။ နောက် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ ၁၂ (ဈ) မှာပါတာ တခုရှိတယ်။ အဲဒါ ဘယ်လိုပါသလဲဆိုတော့ မည်သည်အကြောင်းကြောင့် ပလပ်မထားရဆိုတော့ တောင်သူလယ်သမားတွေက ပလပ်မထားရဲဘူး။ ပလပ်ထားလိုက်ပြန်ရင်လည်း ပလပ်ထားတဲ့မြေယာကို သိမ်းလို့ရတယ်။ ပလပ်မထားဘဲနဲ့ ထွန်းယက်စိုက်ပျိုးပြန်တဲ့အခါကြတော့လည်း ပိုက်နက်ကျူးလွန်မှုတွေနဲ့ တရားစွဲဆိုခံရတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ အခုစောစောက ဦးနေမျိုးဝေပြောတဲ့ မင်္ဂလာဒုံကကိစ္စ၊ ရွှေဟင်္သာကိစ္စဆိုလို့ရှိရင် ကုမ္မဏီတွေအနေနဲ့ သက်ဆိုင်ရာ လယ်သမားတွေကို အခကြေးငွေ ပေးပြီးတော့ ဝယ်ယူထားပြီးသာကိစ္စတွေ မဟုတ်ဘူးလား။
ဦးနေမျိုးဝေ ။ ။ မဟုတ်ဘူးခင်မျာ။ ရွှေဟင်္သာမှာဆိုရင် ပဲခူးတိုင်း ဒိုက်ဦးမှာ ဖြစ်တာဆိုရင် တပြားတချပ်မှ မပေးဘဲနဲ့ ... အေးသုခ ကျေးရွှာဖွံ့ဖြိုးရေးအဖွဲ့ကနေ သိမ်းတယ်လို့ပြောတယ်။ ဒါပေမဲ့ မနေ့က မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒိုက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးကို မေးတဲ့အခါမှာ မြေသိမ်းမှုဆိုတာ မရှိပါဘူးတဲ့ သူတို့မြို့နယ်ထဲမှာ။ ဒါက အောက်ခြေမှာ ဖြစ်တာပါ။ တပြားတချပ်မှ လျော်ကြေးမရဘူး။ အဲဒီလိုပဲ ရွှေနသာမင်္ဂလာဒုံမှာ ဖြစ်တဲ့ဟာတွေကလည်း စက်မှုဇုံအကောင်အထည်ဖော်ရမယ်လို့ ပြောပြီးတော့ သိမ်းထားတယ်။ ဒါပေမဲ့ နိုင်ငံတော်အစိုးရ ခွင့်ပြုထားတာ ၁၄၈၀။ အဲဒီမှာဖြစ်နေတာက ဧက ၄၀၀၀ လောက်ဖြစ်နေတယ်။ ပိုလျှံပြီးတော့ သွားပြီးတော့ ယူထားတာဖြစ်တယ်။ တောင်သူလယ်သမားတွေကို မင်္ဂလာဒုံမှာပေးတာက ဇုံတစ်နှစ်သုံးထဲမှာ တပြားတချပ်မှ မပေးတာရှိတယ်။ ၁၄ ဧကလောက်ကိုမှ ငွေ ၄၀၀၀၀ လောက် ပေးလိုက်တာရှိတယ်။ အိမ်ယာကွက်တွေ ကျန် ၄၀-၆၀ တွေ ခေါ်ပေးမယ်ဆိုပြီး မရသေးတာရှိတယ်။ သုံးသိန်းပေးပြီးတော့ ပယ်ထုတ်လိုက်တာရှိတယ်။ သုံးသိန်းပေးတဲ့အချိန်မှာ ကာလပေါက်ဈေးက ၁၄ သိန်း-၁၅ သိန်း ပေါက်နေတယ်။ အဲဒါမျိုးတွေ ရှိတယ်ဗျ။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အစောပိုင်းက ဦးနေမျိုး ပြောတဲ့အထဲမှာ နေရာတခုကို လယ်သမားတွေက ထွန်းယက်မစိုက်ပျိုးဘဲနဲ့ ပလပ်ထားရင် သိမ်းပိုင်ခွင့်ရှိတယ်ဆိုပြီးတော့ပါတယ်။ ဒါအပြင် နောက်တမျိုး ကျနော်တို့ကြားရတာက သတ်မှတ်ထားတဲ့ တာဝန်ကျေ စပါးမပေးနိုင်လို့ တချိန်တုန်းက သိမ်းခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ဘူးတယ်လို့ဆိုတယ်။ အဲဒါလေးကိုလည်း နည်းနည်းလေး ရှင်းပြပေးပါ။
ဦးနေမျိုးဝေ ။ ။ အဲဒါတွေနဲ့ ပတ်သက်ရင် တာဝန်ကျေစပါးဆိုတာရှိတယ်။ အဲဒါက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ရှိတာ။ ဒါပေမဲ့ ဒီ စစ်အုပ်ချုပ်ရေး တက်လာပြီးတော့ ၁၉၈၉ မှာ ပျောက်ကွယ်သွားတယ်။ အဲဒီတုန်းက တာဝန်ကျေစပါး မသွင်းနိုင်တဲ့ ပုဂ္ဂိုလ်တွေကို မြေသိမ်းတယ်ဆိုတာရှိတယ်။ အဲဒီ အမှုမျိုးတွေလည်း ကျနော်တို့ လိုက်ပါဆောင်ရွက်တဲ့အထဲမှာ မရှိဘူး။ အဲဒါက တည်ဆဲကာလ ဥပဒေတွေနဲ့ အကျုံးဝင်နေတယ်။ ဘောင်ဝင်နေတယ်လို့ သုံးသပ်တဲ့အတွက် လိုက်ပါဆောင်ရွက်တာ မရှိဘူး။ ကျနော်တို့ လိုက်ပါဆောင်ရွက်တာတွေက တာဝန်ကျေစပါး မရောင်းလို့ သိမ်းတဲ့ဟာမျိုးတွေ မပါဘူး။ အဲဒါမျိုးကို ကျနော်တို့ ရှောင်တယ်။ နောက် ဒီဘက်မှာ ကျနော်တို့ လိုက်လုပ်တဲ့ဟာတွေမှာ ...၃၉ ကျပြီးတော့ နိုင်ငံတော်ကနေ သိမ်းတယ်။ ...၃၉ မှာလည်း မြေသိမ်းဥပဒေတွေ၊ လယ်ယာမြေ ဥပဒေတွေနဲ့ မကိုက်ညီဘူး။ လယ်ယာမြေ ဥပဒေပုဒ်မ (၅) မှာ ပြဆိုထားတာရှိတယ်။ အဲဒါတွေက စီမံကိန်းမအောင်မြင်လို့ရှိရင် သို့မဟုတ် မသုံးတော့ရင် မူလလက်ငုတ်တောင်သူကို ပြန်ပေးရမယ်ဆိုတာပါတယ်။ နောက် စက်မှုဇုန်လို လုပ်မယ်ဆိုရင်လည်း စီမံကိန်းကာလ (၆) အတွင်းမှာ စတင်ပြီးအကောင်အထည်ဖော်ရမယ်။ (၅) နှစ် စီမံကိန်းဆိုရင် (၅) နှစ်အတွင်းမှာ ပြီးပြတ်ရမယ်။ မပြီးပြတ်ရင် လယ်ယာမြေအတိုင်းရှိနေရင် မူလလက်ငုတ်လယ်သမားကို ပြန်ပေးရမယ်။ ပြင်ပပုဂ္ဂလိကတွေကို ပြန်လည်းရောင်းဝယ်၊ ပေါင်ရန်ငှားရမ်းခွင့်၊ ပေးကမ်းခွင့် မရှိဘူး။ ပုဒ်မ (၁၀) မှာ ခြွင်းချက် ဘယ်လိုပါသလဲဆိုတော့ တောင်သူလယ်သမား၊ မိသားစုတွေက နှစ်ကြာသွားလို့ အဖေအမေတွေ သေသွားရင် သားသမီးတွေ ပြန်ပြီးလုပ်ပိုင်ခွင့် ပေးရမယ်၊ ငှားရမယ်၊ ရောင်းရမယ်။ အဲဒီလို အတိအကျတွေပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အခုပြောတဲ့ ဥပဒေဆိုတာက ပြီးခဲ့တဲ့နှစ် ၂၀၁၂ မတ်လတုန်းက အတည်ပြုခဲ့တဲ့ မြေယာဥပဒေသစ်ကို ပြောနေတာလား။ ဒီ မြေယာဥပဒေသစ်က ။
ဦးနေမျိုးဝေ ။ ။ မဟုတ်ဘူးဗျ။ အခင်းဖြစ်ကာလ ဥပဒေ။ စတင်ပြီးတော့ သိမ်းဆည်းတာ။ နောက်ပြီးတော့ အဲဒီ ဥပဒေတွေနဲ့အညီ ပြန်လည်ပေးကမ်းရမယ့် အချိန်ကာလ။ အဲဒါက အခင်းဖြစ်ကာလ ဥပဒေ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံတော်ပိုင်ပြုတဲ့ ဥပဒေ။ ၆၃ သီးစားချထားတဲ့ ဥပဒေ။ အဲဒါတွေကိုပြောတာ။ ဒီဘက်ခေတ်မှာ အသစ်ဖြစ်တာက ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့မှာ သုံးနိုင်ပြီလို့ပြောတဲ့ သမ္မတအမိန့် ညွှန်းကြားချက် ထုတ်လိုက်တဲ့ဟာက လယ်ယာမြေဥပဒေမှာလည်း ပုဒ်မ ၃၂ ဆိုတာပါတယ်။ စီမံကိန်းနယ်မြေတွေအတွက် သုံးရမယ်ဆိုရင် သုံးဖို့လိုအပ်လို့ သိမ်းပေးရမယ်ဆိုရင် အနည်းဆုံးပမာဏကို သိမ်းပြီးပြီတော့။ မသုံးနိုင်တဲ့ ပမာဏတွေကို တောင်သူလယ်သမား လက်ငုတ်တွေကို ပြန်ပေးရမယ်လို့ ပါပြန်ရော။
ဦးသန်းလွင်ထွန်း ။ ။ အဲဒါက တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးတွေအတွက် ကောင်းတဲ့အချက်လို့ ပြောရမှာပေါ့။ အဲဒီတော့ ဒီ ဥပဒေက အကောင်အထည် မပေါ်ဘူးလား။
ဦးနေမျိုးဝေ ။ ။ ဒီမှာ အခုဖြစ်နေတာတွေက ဥပဒေတွေ အကောင်အထည်မပေါ်တဲ့ သဘောတွေ။ ကျနော်တို့က လွှတ်တော်က ဆုံးဖြတ်ချက်တွေ ချပြီးသွားပြီ။ တကယ် ဆက်လျက်ပြီးလုပ်ရမယ့်ဟာ ဘာကျန်သေးလဲဆိုတော့ တရားဥပဒေ စိုးမိုးရေး ကျန်နေတယ်။ ဥပဒေအတိုင်း ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်နိုင်ဖို့တွေ ကျန်နေတယ်။ အဲဒီအပိုင်းက အခုထက်ထိ အကောင်အထည် ပေါ်မလာသေးဘူးလို့ ပြောလို့ရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ စပြီးတော့ ထွက်လာတဲ့၊ အတည်ဖြစ်လာတဲ့ ဥပဒေအရဆိုရင် လယ်သမားတွေအနေနဲ့ သူတို့ရဲ့ လယ်ယာမြေတွေကို မှတ်ပုံတင်နိုင်ဖို့ ဆောင်ရွက်ရတော့မယ်။ ဒီကိစ္စက အခုထက်ထိ တချို့နေရာတွေမှာ အကောင်အထည် မပေါ်သေးဘူး။ နှောင့်နှေးနေတယ်ဆိုတာတွေလည်း ကြားရတယ်။ လယ်သမားတွေအနေနဲ့ သူတို့ပိုင်ဆိုင်တဲ့၊ သူတို့ ထွန်းယက်စိုက်ပျိုးနေတဲ့ မြေတွေကို မှတ်ပုံတင်ပြီးပြီဆိုလို့ရှိရင် ဘယ်လိုအခွင့်အရေးတွေ ရနိုင်ပါသလဲ။
ဦးနေမျိုးဝေ ။ ။ မြေယာတွေကို မှတ်ပုံတင်ပြီးသွားပြီဆိုရင်တော့ တောင်သူလယ်သမားတွေက မိမိတို့ မြေယာမှာ ကျနော်တို့ အိမ်ဂရမ်များလို့ပေါ့ နိုင်ငံတော်က မြေယာတွေရဲ့ မူရင်းပိုင်ရှင်ဖြစ်တာတော့ မှန်တယ်။ တောင်သူလယ်သမား ဦးနေမျိုးဝေ၊ ဦးဖြူ စသဖြင့် နံမည်ပေါက်နဲ့ မှတ်ပုံတင်ထားမယ်ဆိုရင် အဲဒီ မှတ်ပုံတင်ထားတဲ့ မြေက ခြောက်လပြည့်သွားပြီ၊ ကျော်လွန်တဲ့ကာလမှာ ပေါင်းနံှ၊ ငှားရမ်း၊ ရောင်းချခွင့်တွေရမယ်။ Property rights လို့ ပြောလို့ရတယ်။ ပုဂ္ဂလိက အခွင့်အရေး ပိုင်ခွင့်တွေ သူရလာလိမ့်မယ်။ အိမ်ဂရမ်ရှိတဲ့ အိမ်တွေကို ရောင်းဝယ်၊ ငှားရမ်းခွင့် ပုံစံမျိုး သူရသွားမယ်။ သူမှာ စာရွက်စာတမ်း ရှိမယ်ဆိုရင် သူကို မနှောက်ယှက်နိုင်တော့ဘူး။ ကျန်တယ်လူတွေ သိမ်းတာပြုတာတွေ မလုပ်နိုင်တော့ဘူး။ သိမ်းမယ်ဆိုရင်လည်း အခု မြေသိမ်းကိစ္စက လိုအပ်လို့ နိုင်ငံတော်က သုံးဖို့လိုအပ်မယ်ဆိုရင်လည်း အဲဒီမှာရှိတဲ့ ကာလပေါက်ဈေးတွေနဲ့ ပေးလျော်တာတို့၊ လျော်ကြေးရယူပိုင်ခွင့် ပုဒ်ထီးပုဒ်မတွေ ဆက်ပါသေးတယ်ဗျ။
ဦးသန်းလွင်ထွန်း ။ ။ အခုလက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ အများစုဖြစ်တဲ့ လယ်သမားတွေဟာ သူတို့ရဲ့ လယ်ယာမြေတွေကို ထွန်းယက်နေပေမယ့် တကယ်တမ်း သူတို့ပိုင်ဆိုင်တဲ့ မှတ်ပုံတင် မရှိဘူးဆိုတယ် သဘောလို့ ပြောချင်တာလား။
ဦးနေမျိုးဝေ ။ ။ အဲဒါက တော်တော်များများ။ လယ်သမားမှ မဟုတ်ဘူး။ ကုမ္မဏီတွေမှာလည်း အဲဒီ ပိုင်ရေးဆိုင်ခွင့် မှတ်ပုံတင် မရှိပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အခုလောလောဆယ် မှတ်ပုံတင်မယ်ဆိုတဲ့ ကိစ္စက ဖြစ်လာတော့မလား။ ဘယ်လောက်တော့ အကောင်အထည်ဖော်မလဲ။ ဒီကိစ္စက လွှတ်တော်ကလည်း အတည်ပြုပြီးပြီ။ ဥပဒေအဖြစ်လည်း လွှတ်တော်ကလည်း အတည်ပြုပြီးပြီ။ ဥပဒေလည်း ဖြစ်လာပြီဆိုတော့ အကောင်အထည်ဖော်ဖို့ နှောင့်နှေးနေတယ်ဆိုရင် တာဝန်ရှိတဲ့ အစိုးရအပေါ်ကို အရေးယူ မဆောက်ရွက်တဲ့အတွက် ဘယ်လိုများ တုံ့ပြန်လုပ်ဆောင်တာတွေ လုပ်နိုင်မလဲ။
ဦးနေမျိုးဝေ ။ ။ အဲဒါက ဒီနိုင်ငံမှာရှိတဲ့ အစိုးရရဲ့ ဝန်ထမ်း၊ အုပ်လျုပ်ရေး အဖွဲ့အစည်းတွေ အကုန်လုံးရဲ့ ညံ့ဖျင်းမှုပါ။ အဲဒါတွေကတော့ တော်တော်များများ မြို့ရွာတွေ တော်တော်များများမှာ။ ပုသိမ်မှာတော့ တလောက သတင်းတခု ကြားလိုက်ပါတယ်။ တောင်သူလယ်သမား ဥပဒေ ဘယ်လောက်ကို မှတ်ပုံတင် တင်ပြီးပြီ။ ဧက ဘယ်လောက် မှတ်ပုံတင်ပြီးပြီ။ ဒါပေမဲ့ အလွန်နည်းတဲ့ ပမာဏပါ။ ဧရာဝတီတိုင်းထဲမှာ မြို့နယ်လေး တနယ်ဖြစ်တဲ့ ဘိုးကလေးမြို့နယ်မှာဆိုရင်တော့ ဧကပေါင်းပေါင်း ၃၀၇၈၂၉ သိန်းကျော် ရှိပါတယ်။ အဲဒါတွေကို မှတ်ပုံတင်တဲ့လုပ်ငန်းတွေကို လျင်မြန်စွာ လုပ်ပေးရမှာပါ။ အခုဆိုရင် သြဂုတ်လရောက်ရင် တနှစ်တောင် ကျော်သွားပါပြီ၊ မှတ်ပုံတင် ပမာဏက အလွန်တော်သေးတယ်။ စွမ်းဆောင်ရည် ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေး ယန္တရားကြီးလို့ ပြောလို့ရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အခုလောလောဆယ်က မြန်မာနိုင်ငံမှာဆိုရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အစီအစဉ်လည်း တဖြည်းဖြည်းနဲ့ နီးကပ်လာပြီပေါ့။ မြန်မာနိုင်ငံရဲ့ အဓိက ဦးရေက တောင်သူလယ်သမားတွေ မြေယာနဲ့ ပတ်သက်ပြီး အသက်မွေးကြောင်းလုပ်နေတဲ့ လူတေဆိုတော့ ဒီ ရွေးကောက်ပွဲ အထူးအစီအစဉ် ပါတီစုံ ရွေးကောက်ပွဲတွေမှာဆိုရင် အများစုဖြစ်တဲ့ လူဦးရေကို မဲဆွယ်နိုင်ဖို့ဆိုတာ အတော်အရေးကြီးတော့ ဒီ ကိစ္စက အခု လယ်ယာမြေသိမ်းတဲ့ကိစ္စ၊ မှတ်ပုံတင်တဲ့ကိစ္စတွေက အခု လာမယ့် နိုင်ငံရေးအခင်းအကျဉ်းမှာ ဘယ်လောက်အထိ အရေးပါလာမယ်လို့ ထင်ပါသလဲ။
ဦးနေမျိုးဝေ ။ ။ အဲဒါကလည်း ပြောရခက်တယ်ဗျ။ ပြည်သူကလည်း ခပ်တုံးတုံး။ အစိုးရကလည်း ခပ်တုံးတုံးပဲ။ မဲဆွယ်ရင်လဲ ဆွယ်လို့ဆွယ်မှန် သိချင်မှသိတာ။ အဲဒီ အနေအထားကတော့ ရှိတယ်ဗျာ။ တောင်သူလယ်သမားတွေရဲ့ မဲက အရေးပါတာတော့ မှန်တယ်။ အရေးပါတဲ့ တောင်သူလယ်သမားတွေက ဘယ်သူကို ဘာကြောင့် မဲပေးရမလဲ။ သူတို့ရဲ့ အရေးကို ဘယ်သူတွေက ဆောင်ရွက်ပေးနေတယ်။ ဘယ်သူတွေက ဘယ်လိုနှောက်ယှက်နေတယ်။ ဘယ်သူတွေက ဘယ်လိုညံ့ဖျင်းနေတယ်ဆိုတာကို ကျကျနန မသိနိုင်ဘူး ဖြစ်နေတယ်။ သိရင်တော့ အဲဒီ မဲက အရေးပါမှာပေါ့။ အဲဒီလို သိနိုင်တဲ့ ပမာဏ ၂၀% လောက်ပဲရှိတယ်။ တောင်သူလယ်သမား တစ်ရာ ရှိမယ်ဆိုရင်တောင်။ အဲဒီအထဲမှာ အဲဒီလောက်ပဲ သိနိုင်တာ ဖြစ်တဲ့အတွက် အဲဒီလူတွေရဲ့ မဲကတော့ အခရာကျပြီးတော့ ကျန်တဲ့လူတွေရဲ့ ၈၀% မဲကတော့ ရွေးကောက်ပွဲကာလမှာ ပေါ်လာတဲ့ အခင်းအကျင်းတွေနဲ့ပဲ သက်ဆိုင်သွားပါလိမ့်မယ်။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံအတွင်း လယ်ယာမြေကိစ္စတွေကို ဆောင်ရွက်ပေးနေတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။