မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ရှေ့နှစ်မှာ ၆.၂၅% တိုးတက်လာနိုင်တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်း ပြောဆိုလိုက်ပါတယ်။ မကြာသေးခင်က စတင်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေနဲ့အတူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာနေတာတွေကြောင့် မြန်မာ့စီးပွားရေး ရှေ့လျှောက် ခိုင်မာလာနိုင်တယ်ဆိုတာကို စီးပွားရေးပညာရှင်တချို့ကလည်း သဘောတူပါတယ်။ မြန်မာ့စီးပွားရေး တိုးတက်မှု အလားအလာနဲ့ ရေရှည်ခံတဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေဖြစ်ဖို့ ဘာတွေ လိုအပ်မလဲ ဆိုတာကို ဆက်သွယ် စုံစမ်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။
သိပ်မကြာခင် နှစ်ပိုင်းကပဲ စတင်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေနဲ့အတူ သဘာ၀ အရင်းအမြစ်နဲ့ နိုင်ငံခြား ပို့ကုန်ပစ္စည်း ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံ မှုတွေ တိုးလာနေတာတွေကြောင့် မြန်မာနိုင်ငံဟာ အာရှမှာ ထွန်းတောက်လာတော့မယ့် ကြယ်တပွင့်လို့တောင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Meral Karasulu က ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်တာပါ။
မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ရှေ့နှစ်မှာ ၆.၂၅% ထိ တက်လာနိုင်တယ်လို့လည်း IMF က ခန့်မှန်းလိုက်တာပါ။ ဒါဟာ သိပ် အကောင်းမြင်လွန်းရာ ကျနေပါသလား၊ ရန်ကုန် စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးကျော်မင်းထွန်းကတော့ အခု IMF က ခန့်မှန်းတဲ့နှုန်းဟာ ဖြစ်နိုင်ခြေရှိတဲ့ ဖွံ့ဖြိုးမှုနှုန်းပါလို့ ဆိုပါတယ်။
“ပြည်တွင်းမှာ ခုနကပြောတဲ့ ဆင်းရဲမှုတွေပေါ့နော်။ ဆင်းရဲမှုတွေက ရှိနေတယ်ဆိုတာ တကယ်တော့ မမှားပါဘူး။ မှန်ပါတယ်။ ဒါပေမဲ့ IMF က အခု လာမယ့်နှစ်မှာ ၆.၂၅% လို့ ခန့်မှန်းတာဟာ ကျနော်ကတော့ လုံးဝကို ဖြစ်နိုင်တယ်လို့ ထင်တယ်လေ။ ကျနော်တို့က plan အနေနဲ့ ၆.၇ လို့ ခန့်မှန်းခဲ့တာကိုး။ ဒါပေမဲ့ အခုက ၆.၂၅ ဆိုတာကတော့ ကျနော် ထင်ပါတယ်။ reasonable ပေါ့။ ဖြစ်နိုင်တဲ့နှုန်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ .၂၅ ပဲ။
“အခြေအနေကတော့ မနှစ်ကနဲ့ ဒီနှစ်က လုံးဝကို မတူပါဘူး။ ပြောင်းလဲမှုကတော့လေ ကျနော်တို့ ဒီ ရင်းနှီးမြှုပ်နှံမှုမှာ၊ ကုန်သွယ်မှုတွေမှာလည်း တက်လာတယ်။ ရင်းနှီးမြှုပ်နှံ မှုလည်း ဘာပဲဖြစ်ဖြစ်ပေါ့လေ တကယ် အမှန်အကန် ဝင်မလာသေးပေမဲ့ တော်တော်လေး စိတ်ဝင်တစားနဲ့ လာနေကြတာတွေ၊ စုံစမ်းနေကြတာတွေ၊ ဝင်ဖို့ ပြင်ဆင်နေတာတွေက အများကြီးပဲရှိတယ်။ အဲဒီတော့ ကျနော်တို့ကလည်း တကယ်တော့ ဒီ ၆.၂၅ ဆိုတာက ကျနော်တို့ရဲ့ မျှော်မှန်းချက်က ၆.၂၅ နဲ့ထားရင်တောင်မှ အမှန်တကယ်ဆိုရင် နည်းတယ်။ ကျနော်တို့က ခုနကပြောသလို ၈%၊ ၉% လောက်ကို ရအောင် လုပ်နိုင်မှ။ ဒါပေမဲ့ ကျနော်တို့ ရနိုင်သလားဆိုတော့ ရဖို့ အခွင့်အလမ်းတွေရော၊ အခြေအနေတွေရော ရှိပါတယ်။”
ဒီသီတင်းပတ် အစောပိုင်းကပဲ အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံကို လာရောက်ခဲ့ တာနဲ့အတူ မြန်မာအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အထိုက်အလျောက် ဖြေလျှော့ပေးခဲ့တာတွေကလည်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေအနေနဲ့ မြန်မာအပေါ်မှာ ယုံကြည်မှု ပိုပြီး ဖြစ်လာစေတာကြောင့်မို့လို့ ဒီအချက်ကလည်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့မှာ အထောက်အကူတရပ် ဖြစ်စေတယ်လို့လည်း ဦးကျော်မင်းထွန်းက သုံးသပ် ပါတယ်။
ဒီလို အလားအလာကောင်းတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ရေရှည် ဖြစ်လာနိုင်ပါလား။ ဒီလိုဖြစ်ဖို့မှာ ဘယ်အရာတွေကို အဓိက ပြုပြင် ပြောင်းလဲသင့်ပါလဲ။ ဦးကျော်မင်းထွန်းက တော့ ခုလို ထောက်ပြပါတယ်။
“ဘာတွေ လိုလဲဆိုတော့ ဘာတွေလိုသလဲဆိုတာကို Pin-Point တခုချင်း ပြောစရာ မလိုဘူး။ ဘာတွေလိုလဲဆို အကုန်လုံး လိုတာပဲ။ ကျနော်တို့မှာ ငွေရေးကြေးရေးကဏ္ဍ၊ အဲဒီအပိုင်းထဲမှာ ဘဏ်တွေ၊ နောက် taxation system (အခွန်စနစ်) တွေ၊ legal framework (ဥပဒေပိုင်းဆိုင်ရာ ချမှတ်ဆောင်ရွက်မှု) တွေ၊ regulatory practice (စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ လိုက်နာဆောင်ရွက်မှု) တွေ။
“ကျနော်တို့မှာ regulation က တချိန်လုံး စိုးရိမ်တကြီးနဲ့ regulation တွေက များနေတော့ အဲဒါတွေလည်း ကျနော်တို့က ပြန်ပြီးတော့ ပြုပြင်ရမယ်။ ဆိုတော့ ကျနော်တို့ရဲ့ ပြုပြင်ရမယ့် ဟာတွေက အများကြီးပဲ။ နောက်ဆုံး ကျနော်တို့ ပညာရေးနဲ့ ကျန်းမာရေးမှာကိုက ကျနော် ထင်တယ်၊ အခု တော်တော်လေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေပေမဲ့ လုပ်စပြုလာတဲ့ အချိန်ပဲ၊ စရုံပဲ။ just starting point ပဲ။
“အခု ဒီ နိုင်ငံတကာအဖွဲ့တွေက ပြောသလိုပေါ့ human capital ဖြစ်တဲ့ ပညာရေးနဲ့ ကျန်းမာ ရေးကိုတော့ ကျနော်တို့က ပိုပြီးတော့ လုပ်ပေးရမှာပေါ့။ ဒါမှ ကျနော်တို့က ယုတ်လျော့နေတဲ့ တိုးတက်မှုမျိုး မဟုတ်ဘဲနဲ့ သူက အရှိန်အဟုန်နဲ့ တိုးတက်မှုကိုရဖို့က ပညာရေးနဲ့ ကျန်းမာရေးကိုတော့ အဓိက လုပ်ရမယ်။ သို့သော် အဲဒါတွေတင်ပဲ လုပ်လို့လည်းမရဘူး။ တဘက်က ဘဏ္ဍာရေးဆိုင်ရာမှာလည်း အများကြီးကို လိုအပ်ချက်တွေရှိတယ်။”
ရန်ကုန် စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးကျော်မင်းထွန်းကို ဆက်သွယ် မေးမြန်းခဲ့တာပါ။
မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းကပြီး နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတချို့ လုပ်လာခဲ့တဲ့အပေါ်မှာ အနောက်နိုင်ငံတွေကလည်း ဒါကို အသိအမှတ်ပြုတဲ့အနေနဲ့ မြန်မာ အပေါ် အရေးယူပိတ်ဆို့မှုတွေ လျှော့ပေါ့ပေးခဲ့သလို IMF အပါအဝင် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေကလည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပြန်လည် တည်ဆောက်ပြီး ငွေကြေးနဲ့ နည်းပညာရပ်ပိုင်းဆိုင်ရာ အကူအညီတွေ ပြန်ပြီး ပေးအပ်လာတာလည်း ဖြစ်ပါတယ်။