သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပြုပြင်ပြောင်းလဲရေး လူ့အခွင့်အရေးကောင်စီစိုးရိမ်


General view at the opening day of the 22nd session of the United Nations Human Rights Council on February 25, 2013 in Geneva.
General view at the opening day of the 22nd session of the United Nations Human Rights Council on February 25, 2013 in Geneva.

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၃၀ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံအတွင်း လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Zeid Ra’ad Al Hussein မြန်မာနိုင်ငံအကြောင်း ထည့်သွင်း ပြောဆိုသွားတာမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ဟာ ကျောင်းသားတွေ အပါအဝင် တက်ကြွလှုပ်ရှားသူ အများအပြားကို ဖမ်းဆီးခဲ့တာတွေကို ထည့်သွင်း ပြောကြားသွားပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးတည်စေမယ့် နိုဝင်ဘာ ရွေးကောက်ပွဲဟာ သူတို့ရရှိလိုက်တဲ့ အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်၊ မတရားမှုကို ဆန့်ကျင်ကန့်ကွက်ခွင့်၊ နိုင်ငံရေးလှုပ်ရှားခွင့် စတဲ့ အခွင့်အရေးတွေနဲ့ အညီ တက်ကြွစွာ လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေ၊ လယ်သမားတွေ၊ သမဂ္ဂဖွဲ့စည်းခွင့်ရရေး လှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေကို ဖမ်းဆီးလိုက်တာတွေကြောင့် အဟန့်အတား ဖြစ်သွားစေပါတယ်။”

ဒါ့အပြင် ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တို့မှာ အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေတွေ ချမှတ် ပြဌာန်းပြီး ရိုဟင်ဂျာ လူနည်းစုတွေ မဲပေးခွင့်မရအောင် တားဆီး ပိတ်ပင်ခဲ့တဲ့အပေါ်မှာလည်း သူ့အနေနဲ့ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်းလည်း လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Zeid Ra’ad Al Hussein က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတုန်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ လွှတ်တော်အမတ် ဦးရွှေမောင် အပါအဝင် ရိုဟင်ဂျာနဲ့ တခြား လူနဲစုတွေကို ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မပြုတဲ့အချက်ကိုလည်း လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Zeid Ra’ad Al Hussein က ထောက်ပြ ပြောဆိုသွားပါတယ်။

ရခိုင်ပြည်နယ်အခြေစိုက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၈ ဦးထဲက ၁၇ ဦးကို ခရိုင်ရွေးကောက်ပွဲကော်မရှင်တွေက ပယ်ချလိုက်တဲ့အချက်ကို ထောက်ပြ ပြောဆိုသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG