သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအတွင်း ကမ်းလွန်ရေနံတူးမှု တရုတ်စတင်


တရုတ်နိုင်ငံရဲ့ ပင်လယ်နက် ရေနံရှာဖွေ တူးဖော်ရေးစက် Haiyang Shiyou No. 981 က Andaman ပင်လယ်ရှိ မြန်မာပိုင်ရေနက်ထဲမှာ စတင်တူးဖော်နေပါတယ်။ ဒါဟာ ဒီစက်ရဲ့သမိုင်းတလျှောက်မှာ အနက်ဆုံး တူးဖော်ရေးလုပ်ငန်းစဉ် ဖြစ်တယ်လို့ ဒီတူးဖော်ရေး လုပ်ငန်းပိုင်ရှင် တရုတ်အစိုးရပိုင် CNOOC က ပြောပါတယ်။

အမေရိကန်ဒေါ်လာ (၁) ဘီလီယံ တန်ဖိုးရှိတဲ့ ဒီရေနံ ရှာဖွေ တူးဖော်ရေးစက်ဟာ ဖေဖေါ်ဝါရီလ (၇) ရက်နေ့က ရေအနက် မီတာ ၁,၇၂၁ မှာ စတင် တူးဖော်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဒီစက်နဲ့ ပထမဆုံး နိုင်ငံခြားရေပိုင်နက်ထဲမှာ တူးဖော်ခြင်း ဖြစ်ပါတယ်။

ဒီတူးဖော်ရေးစက်ဟာ တရုတ်နဲ့ဗီယက်နမ်ကြား ရေပိုင်နက်အငြင်းပွားမှု ဖြစ်ခဲ့တဲ့ တောင်တရုတ်ပင်လယ်မှာလည်း တူးဖော်ခဲ့ဖူးပါတယ်။

ဒီတူးဖော်ရေးဟာ မြန်မာနိုင်ငံ ရေပိုင်နက်ရဲ့ မီတာ ၅,၀၀၀ အနက်ထိတူးဖို့ ရည်ရွယ်ထားတယ်လို့ CNOOC က ပြောပေမဲ့ ဘယ်နေရာမှာ ဘယ်သူကစတူးမယ် ဆိုတာကိုတော့ အတိအကျ မပြောပါဘူး။ ရေနံလုပ်ငန်းလောကကတော့ တရုတ်အစိုးရပိုင် ရေနံကုမ္ပဏီ CNPC က ဒီတူးဖော်ရေးကို စတင်ခဲ့တာဖြစ်ပြီး Andaman ပင်လယ်မှာ ရှိတဲ့ ရေနံတူးဖော်ရေးအကွက်ကို စီမံကွပ်ကဲနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာအာဏာပိုင်တွေက CNPC ကို ၂၀၀၇ ခုနှစ်တုန်းက ဧရိယာ အကျယ်အဝန်း ၁၀,၀၀၀ ပတ်လည် အကျယ်ရှိ လုပ်ကွက် အမှတ် AD-1၊ AD-6 နဲ့ AD-8 စုစုပေါင်းသုံးကွက်ကို လုပ်ပိုင်ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG