မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုမှာ အောင်မြင်မှုတွေ ရရှိတယ်လို့ အစိုးရက ပြောဆိုနေပေမဲ့လို့ ဒီကနေ့ နေပြည်တော်မှာ ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးဌာန UNODC ရဲ့ အရှေ့တောင်အာရှဆိုင်ရာ ဘိန်းစိုက်ပျိုးမှု နှစ်ပတ်လည် အစီရင်ခံစာမှာတော့ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေထဲက စုစုပေါင်း ဘိန်းစိုက်ပျိုးမှုဟာ ၂၀၁၂ ခုနှစ်အတွင်း ၁၇ ရာခိုင်နှုန်းနီးပါး တိုးလာခဲ့တယ်လို့ဖော်ပြထားပါတယ်။ အခုလို ခြောက်နှစ်ဆက်တိုက် ဘိန်းစိုက်ပျိုးမှုနှုန်း တိုးလာတဲ့ ပြဿနာကို တားဆီးဖို့ရာ ဘယ်လို အခက်အခဲတွေ ရှိနေပါသလဲ၊ ဘန်ကောက် ဗွီအိုအေရုံးကနေ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
မြန်မာအစိုးရ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနနဲ့ UNODC တို့ ပူးပေါင်း စစ်တမ်းကောက်ပြီး UNODC က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ အာဖဂန်နစ္စတန် ပြီးရင် ကမ္ဘာမှာ ဘိန်းစိုက်ပျိုးမှု ဒုတိယ အများဆုံး နိင်ငံဟာ မြန်မာနိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ မြောက်ပိုင်းတွေ အပြင် ကချင်ပြည်နယ်တွေမှာ ဘိန်းစိုက်ပျိုးမှု ပိုပြီးတိုးလာတာကို ကိန်းဂဏန်းတွေနဲ့ ပြထားပါတယ်။ ၂၀၁၁ ခုနှစ် ကထက်စာရင် မြန်မာနိုင်ငံမှာ ဘိန်းစိုက်မှုပမာဏ ၁၇ % တိုးလာတယ်လို့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ တာဝန်ရှိသူ ဂယ်ရီ လူးဝစ္စ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
သူ ပြောသွားတာက - “ဘိန်းစိုက်ပျိုးမှု ပမာဏဟာ ခန့်မှန်းခြေ ဟက်တာ ၅ သောင်း၊ တစ်ထောင် ရှိပါတယ်-တဲ့။ ဧကနဲ့ဆိုရင်တော့ ဧကပေါင်း တသိန်းနှစ်သောင်းကျော် ရှိပါတယ်။ ဒီပမာဏာဟာ အရင်နှစ်ထက်ကို ၇ % များလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘိန်းစိုက်ဟက်တာ ၂ သောင်း၊ ၃ ထောင်လောက်မှာ အတိုင်းအတာတချို့အထိ စိုက်ပျိုးမှု ပပျောက်သွားအောင် မြန်မာအစိုးရ လုပ်ခဲ့တာတွေလည်း ရှိပါတယ်။”- လို့ ပြောသွားတာဖြစ်ပါတယ်။
UNODC အစီရင်ခံစာအရ ရှမ်းပြည်တောင်ပိုင်းမှာ လက်ရှိ ဘိန်းစိုက်ပျိုးမှုဟာ တနိုင်ငံလုံး ဘိန်းစိုက်ပျိုးမှုရဲ့ ၅၀ % အထိ ဖြစ်နေပါတယ်။ ဒါဟာ ဘာကြောင့်ပါလဲ၊ ရှမ်းပြည်ဘက်က ဘိန်းစိုက်ပျိုးမှုအခြေအနေတွေကို အနီးကပ်လေ့လာထားတဲ့ ရှမ်းသံတော်ဆင့် သတင်းအယ်ဒီတာ ဦးခွန်ဆိုင်းက ခုလို ရှင်းပြပါတယ်။
“ရှမ်းပြည်တောင်ပိုင်းမှာ အများဆုံးဖြစ်တာက နံပါတ်တစ်က တရုတ်ပြည်နဲ့ သူက ဝေးတယ်ဗျ။ တရုတ်က ရှမ်းပြည်မြောက်ပိုင်းမှာ စိုက်ခွင့် သိပ် မပေးချင်ဘူး။ သူတို့ တော်တော်ကြီးကို ကြိုးပမ်း ထားတာရှိတယ်။ နံပါတ်နှစ်က ဘာလဲဆိုတော့ ရှမ်းပြည်မြောက်ပိုင်းမှာ ဆိုလို့ရှိရင် တိုက်ပွဲတွေက ပိုပြီးတော့ ကြမ်းတယ်။ အဲဒီ အကြောင်းတွေတင် မကဘူး။ ပြီးခဲ့တဲ့နှစ်တွေက ရှမ်းပြည်မြောက်ပိုင်း ဘက်မှာ ဘိန်းပပျောက်ရေးကို သူတို့ အကြီးအကျယ် လုပ်ခဲ့တဲ့ အခါကျတော့ ဘိန်းစိုက်ပျိုးရေး က တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ ပိုစိုက်လာကြတာပေါ့။ တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာ မစိုက်တာဆိုလို့ မိုင်းလား မြို့နယ်ပဲ ရှိတယ်။ ကျန်တဲ့မြို့နယ်တွေ အကုန်လုံးမှာ စိုက်တယ်။”
UNODC ကတော့ ဘိန်းစိုက်ပျိုးမှုပပျောက်ဖို့ မြန်မာအစိုးရရဲ့ အားထုတ်ဆောင်ရွက်မှုတွေ ရှိနေပေမဲ့ ဘိန်း ိုက်ပျိုးနေကြသူတွေအတွက် တခြားနည်းလမ်းနဲ့ ဝင်ငွေရအောင်လုပ်ပြီး စားဝတ်နေရေး ပြေ လည်အောင် လုပ်ဖို့ လိုအပ်တယ်ဆိုတာကို ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၄ မတိုင်ခင် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက်ဆိုပြီး ၁၉၉၉ ခုနှစ်က ၁၅ နှစ် စီမံကိန်းအဖြစ် သတ်မှတ်ထားတာ ရှိပါတယ်။ ဒီကြားထဲကနေ ခြောက်နှစ်ဆက်တိုက် ဘိန်းစိုက်ပျိုးမှု တိုးလာတာကိုကြည့်ရင် အစိုးရရဲ့ ဆောင်ရွက်မှုက မထိရောက်ဘူးလို့ ပြောရမှာပါလား။
“ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့တုန်းက ဒု-ဗိုလ်ချုပ်ကြီး ကိုကိုကနေပြီးတော့ မူးယစ် ဆေးဝါး ပပျောက်ရေးအရှိန်ကို ဆက်ပြီးတိုးမြှင့်လုပ်ဆောင်သွားနိုင်ဖို့ဆိုပြီး ၂၀၁၉ အထိ တိုးမြှင့် လိုက်ပါတယ် ဆိုပြီးတော့မှ သူကြေညာသွားတာကို ကျနော်တို့ တွေ့ရပါတယ်။ ကျနော်တို့ စဉ်းစားလို့ရတာက ဘာလဲ ဆိုတော့ ၂၀၁၄ ခုနှစ်မှာ ဘိန်းပပျောက်ရေးကို လုပ်မယ်ဆိုရင် တကယ်လုပ်လို့ရတယ်။ ဝ-တို့၊ ကိုးကန့် တို့မှာ လုပ်ခဲ့သလိုပဲ၊ အမိန့်တခါတည်း တချက်လွှတ်ထုတ်ပြီးတော့မှ လုံးဝ မစိုက်ရဘူးဆိုရင် သူက လုပ်နိုင်တာပဲ။ လုပ်နိုင်သော်လည်းပဲ ဒီဥစ္စာဟာ sustainable မဖြစ်နိုင်ဘူး။ ရေရှည်မသွားနိုင်ဘူး။ အလုပ်တခုကို သူတို့ကို အစားထိုး အသက်မွေးဝမ်းကျောင်းမှု မပေးနိုင်ဘဲနဲ့ ဒီလိုလုပ်သွားမယ်ဆိုရင် ဘယ်နည်းနဲ့မှ ရေရှည် မသွားနိုင်ဘူးဆိုတာ သူတို့ နားလည်ပုံရတယ်။”
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု သိသိသာသာတိုးလာတဲ့အပြင် Methamphetamine အပါအဝင် တခြားမူးယစ်ဆေးဝါးတွေ တရားမဝင် ကူးသန်းရောင်းချမှု သိသိသာသာ တိုးလာ တာဟာ ဒေသတွင်း လူသားတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့ Gary Lewis က ပြောပါတယ်။ မြန်မာနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ရှိနေတဲ့ ပြဿနာကို မဖြေရှင်း သရွေ့ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းနိုင်ဖို့ မလွယ်ကူနိုင်ဘူးလို့ ရှမ်းသံတော်ဆင့် သတင်းအယ်ဒီတာ ဦးခွန်ဆိုင်းကတော့ မြင်ပါတယ်။
“မူးယစ်ဆေးဝါးနဲ့ မပတ်သက်တဲ့ လက်နက်ကိုင်အဖွဲ့ဆိုတာ တဖွဲ့မှ မရှိဘူး။ အဲဒီတော့ ဒီပြဿနာ ကို ဖြေရှင်းမယ် ဆိုလို့ရှိရင် မင်းကပဲ မူးယစ်ဆေးဝါးကို ရပ်တန့်လိုက်၊ ငါတော့ မရပ်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်လို့မရဘူး။ အားလုံးသဘောတူညီနိုင်တဲ့ နိုင်ငံရေး သဘောတူညီချက်ကို ရ ရမယ်။ နိုင်ငံရေး သဘောတူညီချက်ကိုရမှ မင်းနဲ့ငါလည်း ရန်သူ မဖြစ်တော့ဘူးပေါ့ဗျာ။ မင်းနဲ့ငါနဲ့ ရန်သူ မဖြစ်တော့ဘူး ဆိုရင် တိုက်စရာလည်းမလိုတော့ဘူး၊ တိုက်စရာလည်း မလိုတော့ဘူးဆိုတော့ အင်အားတွေ စုဆောင်းစရာလည်း မလိုတော့ဘူး၊ အဲဒီအခါကျလို့ရှိရင် မူးယစ်ဆေးဝါးထုတ်လုပ်ဖို့ဆိုတာလည်း မလိုတော့ဘူးပေါ့။ အဲဒီလိုမျိုး ဖြစ်လာမှာပေါ့။”
အရှေ့တောင်အာရှဒေသဆိုင်ရာ ဘိန်းစိုက်ပျိုးမှုအစီရင်ခံစာထုတ်ပြန်တဲ့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှု နှိမ်နှင်းရေးဌာန UNODC ကလည်း တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးအတွက် သိသာ တဲ့ ရင်းနှီးမှုတွေ လုပ်ဖို့ လိုအပ်သလို ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို လုပ်မှသာ ဘိန်းစိုက်ပျိုး မှု ရေရှည်ကျဆင်းမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ကွင်းဆင်း စစ်တမ်းကောက်ခံမှုအရရော ဝေးလံတဲ့ ဒေသတွေအပေါ် ဂြိုဟ်တုနဲ့ လေ့လာမှုအရပါ အခြေခံပြီး ဘိန်းစိုက်ပျိုးမှုဆိုင်ရာ စစ်တမ်းကို ကောက်ခံခဲ့တာဖြစ်ပါတယ်။
ဒီနှစ်ထူးခြားတာကတော့ မြန်မာနဲ့လာအို နှစ်နိုင်ငံကို အဓိက အာရုံစိုက်ထားတဲ့ ဒီအစီရင်ခံစာ ကို နေပြည်တော်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အစီရင်ခံစာထုတ်ပြန်ပွဲကို ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေလည်း တက်ရောက်တယ်လို့ သိရပါတယ်ရှင်။