သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စစ်ရေးလေ့ကျင့်မှု မြန်မာ ပထမဆုံး ပါဝင်ခွင့်ရ


A Brazil soccer fan cries as Germany scores against her team at a semifinal World Cup match as she watches the game on a live telecast in Belo Horizonte, Brazil, July 8, 2014.
A Brazil soccer fan cries as Germany scores against her team at a semifinal World Cup match as she watches the game on a live telecast in Belo Horizonte, Brazil, July 8, 2014.
အမေရိကန်စစ်တပ် ဦးဆောင်ပြီးတော့ ထိုင်းနိုင်ငံတွင်းမှာ နှစ်စဉ်
ပြုလုပ်တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့ ကစပြီး ပြုလုပ်ခဲ့တာမှာ မြန်မာ လက်နက်ကိုင်တပ်ဖွဲ့တွေ ပထမဆုံးအနေနဲ့ ပါဝင်လာပါတယ်။ Cobra Gold စစ်ရေးလေ့ကျင့် မှုဟာ အာရှဒေသတွင်းမှာ နိုင်ငံပေါင်းစုံပါဝင်တဲ့ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုမှာ မြန်မာနိုင်ငံ ပါဝင်လာတာဟာ စွမ်းရည်ပိုင်း ဆိုင်ရာ နိမ့်ကျနေတဲ့ မြန်မာစစ်တပ်ကို ပိုပြီးတော့ စနစ်ကျလာစေ လိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စုက မျှော်လင့်ထားတာပါ။ ဒီအကြောင်းကိုတော့ ဗွီအိုအေသတင်းထောက် Daniel Schearf ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခ က တင်ပြထားပါတယ်။

အမေရိကန် ဦးဆောင်တဲ့ နှစ်စဉ် စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တဲ့ အာရှဒေသတွင်းက နိုင်ငံပေါင်း ၇ နိုင်ငံစလုံးဟာ စစ်ရေးဆိုင်ရာ နည်းပညာတွေနဲ့ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေးတွေမှာ ပိုပြီး အားကောင်းလာစေပါတယ်။ ဒီ Cobra Gold စစ်ရေး လေ့ကျင့်မှုမှာတော့ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ စင်္ကာပူနဲ့ ကိုရီးယားနိုင်ငံတို့က စစ်တပ်တွေ အပြည့်အ၀ ပါဝင်ပြီး လေ့ကျင့်ကြပါတယ်။

တခြားနိုင်ငံတွေကတော့ ကိုယ်စားလှယ်တွေလောက်ပဲ စေလွှတ်ပြီး ကြည့်ရှုလေ့လာတဲ့ သဘောအနေနဲ့သာ ပါဝင်ကြတာပါ။ အဲ့ဒီအထဲမှာ ဒီနှစ်မှာ ပထမဆုံးအနေနဲ့ ပါဝင်လာတဲ့ မြန်မာဘက်က စစ်တပ်အရာရှိ နှစ်ဦးလည်း ပါဝင်ပါတယ်။ အခုနှစ်အတွင်း စစ်ရေးလေ့ကျင့်မှုမှာ မြန်မာပါဝင်ခွင့်ရဖို့ ထိုင်းနိုင်ငံဘက် လက်ခံပြီး ဖိတ်ကြားခဲ့တာ လည်း ဖြစ်ပါတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုအပိုင်းကို ရေပြင်နဲ့ မြေပြင် နှစ်ခုစလုံးမှာ လေ့ကျင့်တာဖြစ်ပြီး၊ ဒီလေ့ကျင့်မှုမှာ တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ သင်္ဘောတွေအပြင် ကယ်ဆယ်ရေး၊ တောတွင်းတိုက်ခိုက်ရေးနဲ့ လက်နက်မျိုးစုံ တပ်ဆင်ရေး လေ့ကျင့်တာတွေလည်း ပါဝင်ပါတယ်။

၁၀ ရက်တာ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာနိုင်ငံကို အကန့်အသတ်နဲ့သာ ပါဝင်ခွင့်ပြုထားတာဖြစ်ပြီး၊ အခုလို မြန်မာနိုင်ငံအနေနဲ့ သိသိသာသာ ပါဝင်လာတာကိုတော့ အမေရိကန်ပြည်ထောင်စုအနေ နဲ့ ထောက်ခံကြောင်း အမေရိကန်သံရုံး ပြောခွင့်ရ ခရစ်စတင်း နီဒလာ (Kristin Kneedler) က ပြောပါတယ်။

“ဒီနှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ မြန်မာနိုင်ငံအနေနဲ့ တပ်အင်အား စီမံခန့်ခွဲတာ နဲ့ ဆေးဝါးပြုစု ကုသရေးအပိုင်းတွေကို လေ့လာမှာပါ။ သိကြတဲ့အတိုင်းပါပဲ၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ ဒီထက်ပိုပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ မြန်မာအစိုးရကို တွန်းအားပေးနေတာပါ။ ဒီအထဲမှာ တစိတ်တပိုင်းအနေနဲ့ မြန်မာစစ်တပ် လည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်မှာ စစ်တပ်ပါဝင်လာဖို့ ကျမတို့က တွန်းအားပေးနေတာ ဖြစ်ပါတယ်ရှင်။”

စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဆိတ်သုဉ်းပြီး စီးပွားရေး ချွတ်ခြုံကျခဲ့ရသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ဆိုးဆိုးရွားရွားကို ဖြစ်နေ ခဲ့တာပါ။

ဒါပေမဲ့ ၂၀၁၀ မှာတော့ စစ်အစိုးရဟာ သူတို့ ရေးဆွဲခဲ့တဲ့ လမ်းပြမြေပုံထဲကအတိုင်း အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ ရွေးကောက်ပွဲမှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါဝင်ခွင့်မရဘဲ စစ်အစိုးရ ကျောထောက်နောက်ခံပေး ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကပဲ နိုင်ငံတော်အာဏာကို ရခဲ့တာပါ။ ဒါပေမဲ့လည်း သမ္မတဦးသိန်းစိန် တက်လာပြီးတဲ့နောက် နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုတွေက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုနေသူတွေအပေါ် အံ့အားသင့်သွားစေခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံ တော်တော်များများကလည်း မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု အတော်များများကို ဖြေလျှော့ပေးခဲ့ပြီး၊ မြန်မာ အစိုးရနဲ့ ခေါင်းဆောင်ပိုင်း ဆွေးနွေးမှုတွေလည်း လုပ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကတော့ မြန်မာပြည်ကို အလည်လာတဲ့ ပထမဆုံး အမေရိကန်သမ္မတ အဖြစ် သမ္မတ အိုဘားမား မြန်မာပြည်ကို လာရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း အခုလို ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာနေပေမဲ့လည်း မြန်မာနိုင်ငံနဲ့ စစ်ရေးအရ ဆက်ဆံမှုအပိုင်း မှာတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ သတိထားနေရတုန်းပဲလို့ မစ္စစ် နီဒလာ က ပြောပါတယ်။

ဒါပေမဲ့ အခုလို အမေရိကန်ပြည်ထောင်စု ဦးဆောင်ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုဟာ ဒီအထဲမှာ ပါဝင်တဲ့ နိုင်ငံတွေအပေါ်ကိုတော့ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှု ဖြစ်စေတယ် လို့လည်း သူက ပြောခဲ့ပါတယ်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်ဆံတဲ့နေရာမှာ သတိထားပြီး အထောက် အပံ့ ပေးတာမျိုးရှိသလို၊ စစ်တပ်ရဲ့ စံချိန်စံညွှန်းကိုလည်း ချိန်ထိုးကြည့်ပါတယ်။ Cobra Gold လို စစ်ရေးလေ့ကျင့်မှုမျိုးက လက်နက်ကိုင်တပ်ဖွဲ့တွေကို ပြည်တွင်းမှာ တည်ငြိမ်ဖို့၊ တာဝန်ယူတတ်ဖို့နဲ့ လူ့အခွင့်အရေးကို ကာကွယ်တတ်လာဖို့အတွက် တကယ့်ကို အားပေးပါတယ်ရှင်”

ထိုင်းနိုင်ငံမှာ ခုတကြိမ် ကျင်းပတဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုဟာ ၃၂ ကြိမ်မြောက် ကျင်းပတာလည်းဖြစ်ပါတယ်။ ဒီနေ့ စစ်ရေးလေ့ကျင့်မှုမှာတော့ ပါဝင်တဲ့နိုင်ငံအားလုံးဟာ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့နေရာတွေမှာ လူသားချင်း စာနာမှု အကူအညီတွေ ပေးတဲ့ အပိုင်းကို အဓိကထားပြီး လေ့ကျင့်ကြမှာဖြစ်တယ်လို့ နီဒလာ က ပြောပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ - လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်တပ်အင်အား အလွန်အကျွံ သုံးစွဲမှုတွေအပေါ် မြန်မာစစ်တပ်ကို ဝေဖန်နေကြတာပါ။ ဒီဇင်ဘာလထဲက မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ဘက် က လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်။

အခုလို တိုက်ပွဲတွေ အပြင်းအထန် တိုက်ခိုက်ခဲ့တဲ့အတွက် ဒုက္ခသည်ပေါင်း ၈ သောင်းကျော် အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးခဲ့ကြရပါတယ်။ ဒီကြားထဲမှာပဲ နိုင်ငံတကာက နှစ်ဘက် အပစ်အခတ် ရပ်စဲရေး တောင်းဆိုမှုတွေနဲ့ တရုတ်အစိုးရရဲ့ ကြားဝင်ပေးမှုကြောင့် မြန်မာအစိုးရနဲ့ KIO အကြား ဒီလထဲမှာပဲ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးမှုတွေ လုပ်ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအပြောင်းအလဲတွေ ရှိလာပြီဆိုပေမဲ့ စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းမှာ စစ်တပ်က ပါဝင်ခွင့် ရနေတုန်းပဲ ဖြစ် ပါတယ်။
XS
SM
MD
LG