သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသတချို့ ကမ္ဘာလှည့်ခရီးသည် မသွားရ


စစ်တွေမြို့က စေတီတခုအနီး လုံခြုံရေး ဝန်ထမ်းများ စောင့်ကြပ်နေစဉ်။ (သြဂုတ်လ ၁ ရက်၊ ၂၀၁၂)။ ဓာတ်ပုံ - အေပီ။
စစ်တွေမြို့က စေတီတခုအနီး လုံခြုံရေး ဝန်ထမ်းများ စောင့်ကြပ်နေစဉ်။ (သြဂုတ်လ ၁ ရက်၊ ၂၀၁၂)။ ဓာတ်ပုံ - အေပီ။
မြန်မာနိုင်ငံမှာ မကြာခင်က အကြမ်းဖက် အဓိကရုဏ်းတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက နေရာတချို့နဲ့ ရှမ်းပြည် အရှေ့ပိုင်းဘက်ကို နိုင်ငံခြား ခရီးသည်တွေ သွားရောက်ခွင့်ကို ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာနက ယာယီ ပိတ်ပင်ထားပါတယ်။

ဝန်ကြီးဌာနကနေ ဟိုတယ်နဲ့ ခရီးသွား ကုမ္ပဏီတွေ ဆီကို ပေးပိုတဲ့ အကြောင်းကြားစာ ထဲမှာ လောလောဆယ် နယ်မြေဒေသ အခြေအနေအရ ရခိုင်ပြည်နယ် ထဲက ရှေးဟောင်း စေတီပုထိုးတွေ တည်ရှိရာ ဝေသာလီ၊ မဟာမုနိ အပါအဝင် မြောက်ဦးမြို့နဲ့ စစ်တွေမြို့၊ ရှမ်းပြည်နယ် မိုင်းလားမြို့တွေဆီကို သွားရောက်ခွင့် မပြုဘူးလို့ ဖော်ပြထားပါတယ်။ ပြန်လည် ခွင့်ပြုတဲ့ အခါမှာ ထပ်ပြီး အကြောင်းကြားမယ် လို့လည်း ရေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ သွေးထွက်သံယို အဓိကရုန်းတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်မှာ ခုလို ကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။ ရှမ်းပြည် အရှေ့ပိုင်းမှာ တည်ရှိတဲ့ မိုင်းလားမြို့ကတော့ Casino လောင်းကစားဝိုင်းတွေကြောင့် တရုတ်နိုင်ငံဘက်က လာရောက် လောင်းကစားကြ သူတွေနဲ့ စည်ကားတဲ့မြို့ ဖြစ်ပါတယ်။
XS
SM
MD
LG