သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အားကစားသံတမန်အဖွဲ့ မြန်မာနိုင်ငံရောက်


ရန်ကုန်မြို့ တော်ဝင်စင်တာ ကုန်တိုက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန်သံအမတ် Derek Mitchell စကားပြောနေစဉ်။ (သြဂုတ်လ ၂၆၊ ၂၀၁၂)။
ရန်ကုန်မြို့ တော်ဝင်စင်တာ ကုန်တိုက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန်သံအမတ် Derek Mitchell စကားပြောနေစဉ်။ (သြဂုတ်လ ၂၆၊ ၂၀၁၂)။
အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနဲ့ ဆက်ဆံရေးကို မြင့်တင်တဲ့အနေနဲ့ အမေရိကန်အစိုးရက ကြေးစား ဘတ်စကက်ဘော အားကစားသမားတွေနဲ့ နည်းပြတွေပါဝင်တဲ့ အားကစားသံတမန်အဖွဲ့ကို မြန်မာနိုင်ငံကို စေလွှတ် လိုက်ပါတယ်။

မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ဒီကနေ့ ရောက်ရှိသွားတဲ့ အားကစား သံတမန် ၄ ယောက်ရဲ့ ခရီးစဉ်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ယူ စီစဉ်တာဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ သြဂုတ်လ ၂၆ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ နေထိုင်မှာ ဖြစ်ပါတယ်။

အမေရိကန် အားကစား သံတမန်အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ရှိစဉ် အချိန်အတွင်း မြန်မာလူငယ်တွေနဲ့ အားကစားဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်မှာဖြစ်ပါတယ်။

ဒီအဖွဲ့မှာ Charlotte Bobcats ဘတ်စကက်ဘော အသင်း မန်နေဂျာလည်းဖြစ် အမေရိကန်နိုင်ငံ ကို ပြောင်းရွှေ့နေထိုင်တဲ့ မြန်မာနိုင်ငံဖွား Richard Cho, Los Angeles Lakers အသင်း လက်ထောက်နည်းပြ Darvin Ham, NBA အမျိုးသမီး ဘတ်စကက်ဘော အားကစားသမားဟောင်း Allision Feaster နဲ့ NBA အမျိုးသား ဘတ်စကက်ဘော ကစားသမားဟောင်း Merty Conlon တို့ ပါဝင်ကြတယ်။
XS
SM
MD
LG