သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားဆန္ဒပြပွဲ မြန်မာများ သတိထားဖွယ်


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဒီမိုကရေစီရေးလှုပ်ရှားတဲ့ Bersih အဖွဲ့ဦးဆောင်မှုနဲ့ စုရုံးဆန္ဒပြနေသူများ။ (သြဂုတ် ၂၉၊ ၂၀၁၅)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဒီမိုကရေစီရေးလှုပ်ရှားတဲ့ Bersih အဖွဲ့ဦးဆောင်မှုနဲ့ စုရုံးဆန္ဒပြနေသူများ။ (သြဂုတ် ၂၉၊ ၂၀၁၅)

ငွေကြေး မသမာမှုလုပ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မလေးရှားဝန်ကြီးချုပ် Najib Razak ရာထူးက ဆင်းပေးဖို့ဆိုပြီး မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမှာ အတိုက်အခံတွေက လူစုလူဝေးနဲ့ စနေနေ့ကစလို့ ဆန္ဒပြနေကြပါတယ်။ တနင်္ဂနွေ ဒီနေ့အထိလည်း ဆန္ဒပြ သွားဖို့စီစဉ်ထားပါတယ်။ ဒီလိုဆန္ဒပြပွဲတွေကြောင့် မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေ၊ အဖမ်းဆီးခံရမှာကို စိုးရိမ်နေကြပါတယ်။ ဆန္ဒပြပွဲ ဂယက်ကြောင့် မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေ အလားအလာတွေကို ကွာလာလမ်ပူမှာ ရှိတဲ့ MMRC ခေါ် မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး စင်တာရဲ့တာဝန်ခံ ဦးကိုလတ်ကို - ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဖြေ။ ။ မြို့တော် ကွာလာလမ်ပူကို ဝင်လာမယ့်လမ်းတွေအားလုံးကို ဘလော့ဂ်တွေ - ရဲဘလော့တွေ ချထားပြီးတော့မှ စိစစ်နေတယ်။ အဲဒါကို ညနေ လေးနာရီလောက်ကတည်းကနေ ဘလော့ လုပ်နေတယ်။ ဆန္ဒပြပွဲကို လူအများကြီးမရောက်အောင်လို့ လမ်းတွေကနေ ထိန်းသိမ်းထားတယ်။ အဓိက-က မြို့လယ်ခေါင်ဖြစ်တဲ့ လွတ်လပ်ရေးကွင်းနဲ့ ဆိုဂိုလမ်းတလျှောက်ကို သူတို့ စစ်ကြောင်းချီဖို့ သူတို့လုပ်ထားတဲ့နေရာတွေဖြစ်ပါတယ်။ ကွာလာလမ်ပူ မြို့လယ်ခေါင်မှာပဲပေါ့။ အခု လက်ရှိဆန္ဒပြနေတာက အစိုးရမကောင်းလို့ ဆန္ဒပြနေတဲ့ဟာတွေက ရှပ်အဝါတွေ။ အဲဒါတွေကတော့ အတိုက်အခံတွေ။ သိန်းဂဏန်းလောက်အထိရှိတယ်။ …အတိုက်အခံတွေနဲ့ ရှပ်အနီတွေနဲ့ ဆန္ဒပြဖို့ဆိုတဲ့အစီအစဉ်တွေကိုလည်း ကျနော်တို့ ညနေပိုင်းမှာ တွေ့ရတယ်။

မေး။ ။ အဲဒီတော့ ဒီလိုမျိုး ဆန္ဒပြပွဲတွေကြောင့် မလေးရှားမှာအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက်က စိုးရိမ်စရာတွေ ဘယ်လို ရှိလာနိုင်သလဲ။

ဖြေ။ ။ …ဆိုတော့ - ကျနော်တို့ ဒီနိုင်ငံမှာ ရပ်တည်နေရတာက သူတို့ ဒီဆန္ဒပြပွဲတွေကြောင့်မို့ ရဲတွေအားလုံးက ပတ္တရောင်တွေလှည့်တယ်။ လမ်းတွေမှာ ဘလော့တွေချတယ်။ အဲဒီအတွက် ကျနော်တို့နိုင်ငံခြားသားတွေက ဈေးထွက်ဝယ်ရင် သူတို့တွေကို မလွဲှမသွေ ရှောင်ကွင်းလို့ မရဘဲနဲ့ သူတို့ကို ထိပ်တိုက်တွေ့ရတာရှိတယ်။ အဲဒီအချိန်မှာ ငွေညှစ်ခံရတာတွေရှိတယ်။ ဖမ်းဆီးပြီးတော့မှ ငွေညှစ်တာတွေရှိတယ်၊ ပြီးမှ ပြန်လွှတ်ပေးတာတွေ ရှိတယ်။ အဲဒီတော့ ကျနော်တို့ ဒီနိုင်ငံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေအတွက် ဆန္ဒပြပွဲနဲ့ပတ်သက်ပြီးတော့ ပိတ်ဆို့မှုတွေကြောင့်မို့ ဒုက္ခအများကြီး ရောက်နေကြရပါတယ်။ အခု ညဆိုလို့ရှိရင် တော်ရုံတန်ရုံ ဘယ်သူမှ အပြင်ထွက်လို့မရဘူး။ လက်ရှိမြို့ထဲ သွားမယ်ဆိုလို့ရှိရင် မြို့ထဲမှာ ဆိုင် တော်တော် များများကလည်း ပိတ်ထားရတယ်။ ဘာလို့လဲဆိုတော့ အကုန်လုံးက target တွေက နိုင်ငံခြားသားကိုပဲ သူတို့က အဓိကထားပြီး နှိမ်နင်းတာကို တွေ့ရတယ်ဗျ။ ဒါမျိုးဆိုလို့ရှိရင်။ မလေးရှားမှာ ဒီလိုမျိုး ဖြစ်လာတိုင်း၊ ဖြစ်လာတိုင်း အဓိက-က နိုင်ငံခြားသားတွေကို - နိုင်တာက ဒီဟာပဲရှိတာကို။ အဲလိုမျိုးဆိုတော့ နိုင်ငံခြားသားတွေအတွက် အတော်လေးကို အခက်အခဲဖြစ်တယ်။

မေး။ ။ …ဆိုတော့ မြန်မာနိုင်ငံသားတွေအနေနဲ့က ဘာတွေ သတိထားသင့်လဲခင်ဗျ။

ဖြေ။ ။ သွားရေးလာရေးအတွက်ကိုလည်း မလိုအပ်ဘူးဆိုလို့ရှိရင် အပြင်လုံးဝမထွက်ကြရင် ဒီရက်ပိုင်းတွေက အရမ်းကောင်းပါတယ်။ ဘာလို့လဲ ဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် အင်္ကျီအနီ မှားဝတ်တာသော်လည်းကောင်း၊ အဝါမှားဝတ်တာသော်လည်းကောင်း။ သူတို့က ထင်ပြီးတော့မှ ဖမ်းဆီးခံရနိုင်ဖွယ်ရှိတယ်ဗျ။

မေး။ ။ ဟုတ်ကဲ့။ ဒီဆန္ဒပြပွဲတွေက ရှေ့လာမယ့်ရက်တွေမှာ အလားအလာ ဘယ်လိုရှိနိုင်လဲ။

ဖြေ။ ။ ကျနော်ထင်တယ်။ အစိုးရဘက်က တခုခု အကြမ်းဖက်မှုလုပ်ခဲ့မယ်ဟေ့- ဆိုလို့ရှိရင် အကြမ်းဖက်ဖြိုခွဲခဲ့မယ် ဆိုလို့ရှိရင် ပိုပြီးတော့ စိုးရိမ်စရာ ရှိမယ်။ သူတို့နိုင်ငံထဲမှာတင်ပဲ မတည်မငြိမ်နဲ့ ဆူပူမှုတွေဖြစ်လာမယ်။ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုတွေ ဖြစ်လာမယ်။ ပြီးတော့ နိုင်ငံခြားသားတွေအတွက် တော်တော် အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်လို့ ကျနော်ကတော့ မြင်ပါတယ်ဗျ။

မေး။ ။ ကျေးဇူးပါ ကိုလတ်ရေ။

XS
SM
MD
LG