မြန်မာ့စီးပွားရေးမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖွင့်ပေးတာကြောင့် အစိုးရနဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက ဖွံ့ဖြိုးရေး စီမံကိန်းတွေ ဖော်ထုတ်ဖို့ စိုက်ပျိုးမြေတွေကို အဓမ္မ သိမ်းယူမှုတွေ ရှိလာတာနဲ့ အမျှ မြေယာတွေကို နိုင်ငံဘဏ္ဍာ သိမ်းဆည်းမှုတွေ ဖြစ်ပေါ်လာစေ ပါတယ်။ ဒီပြသနာတွေ ဖြစ်ပေါ်လာတာ နဲ့ အမျှ အစိုးရက မြေယာ ပဋိပက္ခ ဖြေရှင်းရေး ကော်မတီ တရပ်ကို ဖွဲ့စည်းပြီး မြေယာ အငြင်းပွားမှု တိုင်တန်းချက်တွေကို ညှိနှိုင်းဖို့ လုပ်ဆောင် လာရပါတယ်။ နိုင်ငံရဲ့ အရှေ့တောင်ဘက်ပိုင်းမှာ တည်ဆောက်နေတဲ့ အမေရိကန် ဒေါ်လာ ဘီလီယံ ၅၀ ကုန်ကျမယ့် အထူးစီးပွားရေးဇုန်ကတော့ အခု နောက်ဆုံး ထွက်ပေါ်လာတဲ့ မြေယာ အငြင်းပွားမှုတွေ ဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် Ron Corben ဘန်ကောက် မြို့တော်ကနေ သတင်းပေးပို့ထားတာကို မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာက နိုင်ငံတော်က မြေယာပိုင်ဆိုင်သူဖြစ်တာကြောင့် လူနည်းစု လယ်သမားတွေဟာ တရားဝင် မြေယာပိုင်ဆိုင်မှု မရှိပါဘူး။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက စစ်အစိုးရ လက်ထက်တုန်းကဆို သူတို့နဲ့ ဆက်နွှယ်တဲ့ စီးပွားရေး လုပ်ငန်းတွေက လယ်သမားတွေနဲ့ ရွာသားတွေဆီ ကနေ မြေယာသိမ်းယူနိုင်ခဲ့ကြပါတယ်။ အများစုကိုတော့ သတ္တုတူးဖော်ဖို့ ၊ စိုက်ပျိုးရေး စီမံကိန်းတွေ လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ မြေသိမ်းခံရသူတွေကတော့ မဖြစ်စလောက် ထောက်ပံ့ကြေးနဲ့ ကျေနပ်ခဲ့ရပါတယ်။
အခု အစိုးရ လက်ထက်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ဖို့ ဥပဒေ အသစ် ထုတ်ဖို့ စဉ်းစားနေတာနဲ့ အမျှ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ စစ်တပ်ကလည်း ထပ်တိုးလာမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အတွက် ဟက်တာ ၃ ဒသမ ၆ သန်း ဧက ၉သန်းလောက်အထိ အဓမ္မ မြေယာ သိမ်းယူမှုတွေ လုပ်ဆောင်ထားတယ်လို့ အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
Phil Robertson ကတော့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ ရဲ့ အာရှဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။
“မြေယာ သိမ်းမှုတွေက မြေယာနဲ့ ပတ်သက်တဲ့ ပြဿနာ တခုအဖြစ် ကျနော်တို့ တွေ့ရမှာပါ။ အဆက်အသွယ်ကောင်းတဲ့ ကြေးရတက်တွေက မြေယာတွေကို တရားမဝင် ရယူနေကြပါတယ်။ ဒီကိစ္စက အရင်က သိပ်အရေးမကြီးဘူးလို့ ယူဆထားတဲ့ တခြား နယ်ပယ်က ပြဿနာတွေကို စပြီး သတိထား မိလာတာလည်း ဖြစ်ပါတယ်။ မြေယာ သိမ်းဆည်းခံရသူတွေဟာ အားကိုးရာမဲ့ ဖြစ်နေကြပြီး တော့ အဆက်အသွယ် ကောင်းသူတွေက သူတို့ရဲ့ မြေယာတွေကို ရယူနေကြတယ်ဆိုတာလည်း လူတွေ သတိထားမိလာကြပါတယ်။”
ဒီလို မြေယာသိမ်းသူတွေထဲမှာ အစိုးရနဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ အပြင် စစ်တပ်ကလည်း စီးပွားရေး လုပ်ငန်းတွေ အတွက် သိမ်းယူနေတယ်လို့ မြေသိမ်းယာသိမ်း အမှုတွေကို လိုက်ပါဆောင်ရွက်နေတဲ့ ကိုမျိုးသန့်က ပြောပါတယ်။ မြေသိမ်းခံရသူတွေ အနေနဲ့ရော မြေယာ ပြန်လည် ရရှိမှု ဒါမှ မဟုတ်လည်း ထိုက်သင့်တဲ့ လျော်ကြေးငွေ ရတာမျိုး ရှိပါသလားလို့ ကိုမျိုးသန့်ကို မေးမြန်းတာမှာတော့ သူက အခုလို ပြောပါတယ်။
“အရမ်းသေးငယ်တဲ့ကိစ္စလေးတွေတောင် ချက်ခြင်းမပေးသေးဘူးဗျ။ အိမ်ယာကွက်ကိုပြန်ပေးမယ်။ အိမ်ကွက်ပေါ့ဗျာ။ အိမ်ခြံကွက်ပေးမယ်ကိစ္စကိုတော့ဖြင့်ရင် လယ်သိမ်းထားပြီးပြီ။ လယ်သမားတွေဆီကို လက်ထိလက်ရောက် မပေးသေးတဲ့ အနေအထားမျိုးတွေမှာ ရှိနေတယ်။ ကြီးကြီးမားမားကိစ္စတွေဆိုရင် တချို့ တိုးလို့တန်းလန်းတွေ လုပ်နေတယ်။ ဥပမာ ဝါဝါဝင်းကိစ္စဆို ဒီနေ့ဆို ဦးဝင်းချိုတို့ ဆန္ဒပြနေတယ်။ အများစုကတော့ ကုမ္ပဏီကြီးတွေက၊ အစိုးရနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကုမ္ပဏီကြီးတွေက သိမ်းပါတယ်။ နောက်ပြီးတော့ စစ်တပ်က သိမ်းပါတယ်။ အဲ့တာတွေက အများဆုံးပါ။”
ဒီပြဿနာက ဆိုးရွားလာနေတယ်လို့ အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုနေတဲ့ အချိန်မှာဘဲ အစိုးရအနေနဲ့ သမ္မတရုံး လက်အောက်မှာ မြေယာ ကော်မတီ တခုကို ဖွဲ့စည်းပြီး ဒီပြသနာတွေကို တုန့်ပြန်ဆောင်ရွက်နေတဲ့ အရိပ်လက္ခဏာတွေ လည်း ရှိနေပါတယ်။
Kevin Woods ကတော့ အမ်စတာဒမ် အခြေစိုက် Transnational Institute ကပါ။ ဒီ ကော်မရှင်က အတိတ်ကာလတုန်းက မရခဲ့ဘူးတဲ့ မကျေနပ်မှုတွေကို တိုင်တန်းခွင့်ပေးထားတယ်လို့ Woods ကပြောပါတယ်။
“ရွာသားတွေ အနေနဲ့ ဒီအကြောင်းကို အရင်တုန်းက ပြောခွင့် ဆိုခွင့် ရှိခဲ့တာမဟုတ်ပါဘူး။ အခုတော့ ပြောရေးဆိုခွင့် ရှိလာပြီ ဆိုပေမယ့် အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုကလည်း ရှိနေပါသေးတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ ဖမ်းဆီးခံရမှုတွေက မရှိသေးဘူးဆိုတော့ တခြားလူတွေလည်း လိုက်ပါ လုပ်ဆောင်လာကြပါတယ်။”
နိုင်ငံ အရှေ့တောင်ပိုင်းမှာ တည်ဆောက်နေတဲ့ စတုရန်းမိုင် ၁၀၀ ပတ်လည် ရှိတဲ့ အမေရိကန် ဒေါ်လာ ဘီလီယံ ၅၀ ကုန်ကျမယ့် ထားဝယ် အထူး စီးပွားရေးဇုန်မှာတော့ လတ်တလော စိုးရိမ်မှုတွေ ရှိလာနေပါတယ်။ ဒီစီမံကိန်းက ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra လည်း ဦးစီး လုပ်ဆောင်နေပြီး ထိုင်းနိုင်ငံအတွက်လည်း မဟာဗျူဟာမြောက် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတခုလည်း ဖြစ်လာမှာပါ။
Transnational Institute ရဲ့ နောက်ဆုံး ထွက်လာတဲ့ အစီရင်ခံစာမှာတော့ ထိုင်းနိုင်ငံက ကျောထောက်နောက်ခံ ပေးထားတဲ့ ဒီစီမံကိန်းကြောင့် ဒေသခံ ၃ သောင်း ၊ မူလတန်းကျောင်း ၂၀ နဲ့ ကျော်ကြားတဲ့ ဘုန်းကြီးကျောင်းအတော်များများလည်း ရွှေ့ပြောင်းခံရမယ့် အရေး ရှိနေပါတယ်။ ထားဝယ် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ကတော့ ဒီလို ရွှေ့ပြောင်းခံရသူတွေ အတွက် နေရာထိုင်ခင်း အသစ်နဲ့ လျော်ကြေးလည်း ပေးမယ်လို့ ဆိုပေမယ့် ဒေသခံတွေကတော့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေ ဆုံးရှုံးမှာကို စိုးရိမ်နေကြပါတယ်။
အခု မြေယာ ဥပဒေသစ်နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ သစ်တွေ အရ အစိုးရ ရဲ့ မြေယာ ဈေးကွက်ပေါ်ထွက်လာမှာ ကြောင့် လူနည်းစု လယ်သမားတွေ ဒုက္ခရောက်နိုင်တယ်လို့ Kevin Woods က ဆိုပါတယ်။
“နိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းသော တနိုင်တပိုင် လယ်သမားတွေရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ကို ပပျောက်သွားစေနိုင်တဲ့ အခြေအနေကို တွေ့နေရပါတယ်။ တိုးတက်လာတယ်ဆိုတဲ့ ဥပဒေ အသစ်တွေ အကြောင်း ပြောရမယ်ဆိုရင်လည်း လူအများစု အသက်မွေးဝမ်းကျောင်း အတွက် မှီခိုနေရတဲ့ မြေယာတွေကို အစိုးရက ရောင်းချနေတာပါ။”
လယ်သိမ်း၊ ယာသိမ်း စိုးရိမ်မှုတွေ ထွက်ပေါ်နေသလို ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းမှုတွေကနေ တိုးတက်မှု တချို့လည်း ရှိနေပုံ ရပါတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က စီးပွားရေး ပညာရှင် Alfredo Perdiquero က ပြောပါတယ်။
“အကြောင်းအမျိုးမျိုးကြောင့် ဒီအခြေအနေက တိုးတက်လာမှာပါ။ လူတွေဟာ ကိုယ့်အခွင့်အရေးကို ပိုပြီး သိလာနေတာကို တွေ့ရပါပြီ။ မီဒီယာတွေက ပိုပြီး လွတ်လပ်လာပါတယ်။ ဒါကြောင့်မို့ မတရား မြေယာ သိမ်းဆည်းမှုတွေ ဖြစ်လာရင် ဒါတွေကို မီဒီယာတွေမှာ ပါလာမှာပါ။ နိုင်ငံမြောက်ပိုင်းမှာ တောင်မှ တရုတ် ရင်းနှီးမြှုပ်နှံသူတွေဟာ မြေတဧက ပေါက်ဈေးကို ထူးထူးခြားခြား ပိုပေးပြီး လုပ်ကိုင်နေရတဲ့ သတင်းတွေကို ကြားရမှာပါ။”
ဒီပြဿနာက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကိုဖိတ်ခေါ်ဖို့ မြန်မာ အစိုးရ အနေနဲ့ ဘယ်လောက် စွမ်းဆောင်နိုင်မလဲဆိုတာနဲ့ နိုင်ငံသားတွေရဲ့ မကျေနပ်ချက် တိုင်ကြားမှုတွေ အပေါ် ဖြေရှင်းပေးနိုင်စွမ်းကို အဓိက စမ်းသပ်ချက်တခု လည်း ဖြစ်တယ်လို့ သုံးသပ်သူုတွေက ရှု့မြင်ကြပါတယ်။