ထိုင်းနိုင်ငံ နဲ့ မလေးရှားနိုင်ငံ နယ်စပ်က ဆုံခလာခရိုင် ရနုတ်မြို့က Charoen Pokphand Food Public ပုဇွန်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၃ ယောက်ကို ဇူလိုင်လ ၂၅ ရက်နေ့က မနက်အစောပိုင်းက အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ စက်ရုံနဲ့ ၅ ကီလိုမီတာလောက် ဝေးတဲ့ ရနုတ်ကျေးရွာမှာ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီဒေသမှာရှိနေတဲ့ မြန်မာအလုပ်သမားတွေဟာ အဲဒီမှာနေဖို့အတွက် စိုးရိမ်ထိတ်လန့် နေကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်း-မလေးနယ်စပ် ဆုံခလာ ခရိုင်ဟာ မြန်မာအလုပ်သမား အနည်းငယ်သာ အလုပ်လုပ်ကိုင်ကြပြီး သေနတ်နဲ့ ပစ်ခတ်မှုတွေနဲ့ လူ သေဆုံးတာတွေ ရှိခဲ့ပြီးတဲ့နောက် အဲဒီဒေသက မြန်မာအလုပ်သမားတွေဟာ စိုးရိမ်ထိတ်လန့် နေကြပါတယ်။ အလုပ်သမားတဦး ပြောပြတာကတော့ -
“စိုးရိမ်ထိတ်လန့်တာပေါ့။ ကိုယ့်နေရာ ကိုယ့်ဒေသ ကိုယ့်တိုင်းပြည်လဲ မဟုတ်ဘူးလေ။ နောက်ပြီးတော့ ကျနော်တို့မှာလည်း ဘာမှ လုံခြုံမှု မရှိတဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် နေ့ခင်းဘက်တွေက ပြဿနာမရှိပေမဲ့ ညဘက်တွေမှာ ကျနော်တို့က အတော်လေးကို စိုးရိမ်နေရတယ်။ အခုဆို ကျနော်တို့ မစီစဉ်ရသေးဘူး၊ ကျနော်တို့ တနေနေရာရာမှာ ပေါင်းနေဖို့ အစီအစဉ်ရှိတယ်။ ဥပမာ ဒီစက်ရုံကနေ မထွက်နိုင်အောင် နည်းမျိုးစုံနဲ့ ရှေ့မှာ လုပ်ခဲ့တာတွေ ရှိတယ်။ အမျိုးမျိုး လှည့်ပတ်ပြီးတော့ လုပ်ခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ ကြားထဲမှာလည်း ဒီလိုမျိုး ဓားထောက်ပြီးတော့ မြန်မာမိန်းကလေးတွေဆီက ပိုက်ဆံတောင်းတာတို့၊ နယ်မြေခံတွေက လုပ်ခဲ့ဖူးတာတွေ ရှိတယ်။ ထိတ်လန့်တယ် ဆိုတာက လူလည်းသေသွားတယ်။ မနေ့ကလည်း တဆက်တည်းမှာပဲ ဒီလိုမျိုး ပစ်ခတ်မှုတွေ ဖြစ်တယ်ဆိုတော့ ဘာတွေ ဘယ်လို ပတ်သက်လို့လဲ၊ ကျနော်တို့က အဲဒါတွေကို စိုးရိမ်တာပေါ့နော်။ လောလောဆယ်က ကျနော်တို့က လူသေမှု ဖြစ်သွားတဲ့အတွက် ကျနော်တို့ မနေရဲတာလေ။ ညဘက်တွေမှာကျတော့လည်း ကိုယ့်ရဲ့ လုံခြုံမှုကို ဘယ်သူကမှ တာဝန်ယူထားတာ မဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့ စိုးရိမ်တယ်။ ဒါကတော့ ကျနော်တို့က ထိုင်းလူမျိုးတွေကို ဘယ်လိုမှလည်း နားမလည်ဘူးလေ။”
အလုပ်သမား ၂ ဦး သေဆုံးတဲ့ ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက်မှာတော့ အခင်းဖြစ်ပွားခဲ့တဲ့ ရနုတ်ရွာကနေ အလုပ်သမားတွေ ပြောင်းရွှေ့ကုန်ကြပြီး နောက်ထပ်လည်း အလုပ်အကိုင်အသစ်၊ နေရာအသစ်ကို ပြောင်းရွှေ့ဖို့အတွက် စီစဉ်နေကြပါတယ်။ အခုအခါမှာတော့ သူတို့တွေဟာ အလုပ်အကိုင် ရရှိရေးထက် လုံခြုံရေးက ပိုအရေးကြီးနေတယ်လို့ ဆိုပါတယ်။
“ကိုယ့်အလုပ်ကို ပုံမှန် လုပ်နေလျက်သားနဲ့ ဒီလို သေဆုံးသွားတာ ဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနော်တို့က ဘယ်သူ့ကိုမှ ယုံကြည်မှု မရှိတော့ဘူး။ အခု ကျနော်တို့က agent ကိုပြောတယ်။ ကျနော်တို့ အမြန်ဆုံး သွားချင်တယ်ဆိုပြီးတော့။ ကျနော့်လူတွေကို ကျနော် ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒီနေရာကနေပြီးတော့ စီးပွားရေးထက် အသက်မွေးဝမ်းကျောင်းထက် လုံခြုံရေးကို အဓိက ထားပြီး ပြောင်းရွှေ့တာဖြစ်တယ်။ အဲဒီအထဲကမှ အကောင်းဆုံးဆိုတာကို ထက် ရွေးချယ်ပြီးတော့ တောင်းတာ။ သေဆုံးသွားတဲ့ ကိုအောင်ရဲ့ ဆွေးမျိုးတွေကတော့ ဆုံခလာ ဘူတာကနေ ဘန်ကောက်ကို ရထားနဲ့ ဒီနေ့ပဲ ပြန်သွားပြီ။”
ဆုံခလာ ခရိုင်ဟာ ထိုင်း-မလေး နယ်စပ်မှာ ရှိပြီး အဲဒီဒေသဟာ ဥပဒေ စိုးမိုးမှု အားနည်းပြီး လုယက်မှု၊ ပစ်ခတ်မှု၊ သတ်ဖြတ်မှု၊ သေဆုံးမှုကို မြန်မာအလုပ်သမားတွေ ကြုံတွေ့နေရတာပါ။ လက်ရှိမှာတော့ ပစ်ခတ်ခံရမှုတွေဖြစ်ပြီး စိတ်မလုံဘဲ အမြဲ ထိတ်လန့် တုန်လှုပ်နေရတဲ့ အလုပ်သမားတွေကို အလုပ်အကိုင် ရှာဖွေရေး agent ကုမ္ပဏီတွေက ထိထိရောက်ရောက် အကူအညီပေးတာမျိုးတွေ မရှိသေးသလို စိုးရိမ်ထိတ်လန့်မှုတွေ အတွက် အကျိုးအကြောင်း ရှင်းပြမှုတွေလည်း မလုပ်သေးတာကြောင့် အလုပ်သမားတွေ အနေနဲ့ စိုးရိမ်နေရပြီး အလုပ်သမားအချင်းချင်း စုဝေးပြီး တိုင်ပင်မှုတွေ လုပ်နေရတယ်လို့လည်း ဆိုပါတယ်။