ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ CPF ပုစွန်စက်ရုံမှာ အလုပ်လုပ်ကိုင်နေကြ တဲ့ မြန်မာအလုပ်သမား ၁၂၀၀ ခန့်ဟာ အလုပ်သမား လျော့ချတဲ့ အထဲမှာ ပါဝင်တဲ့အတွက် နစ်နာကြေးရဖို့အတွက် တောင်းဆိုခဲ့ရာမှာ နစ်နာကြေး ဘတ်သန်း ၅၀ (အမေရိကန်ဒေါ်လာ ၁ ဒဿမ ၆သန်း) ခန့် လျှော်ကြေးပေးပြိး အလုပ်ထုတ် လိုက်ကြောင်း မတ်လ ၂၅ရက်နေ့က အလုပ်ရှင်နဲ့ သဘောတူညီမူရခဲ့ပါ တယ်။ ဒါဟာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ အနေနဲ့ ငွေကြေးပမာဏအားဖြင့် အများဆုံး လျော်ကြေးရတာလည်းဖြစ်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ မဟာချိုင်ဒေသမှာရှိတဲ့ CPF ပုဇွန်စက်ရုံမှာ အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားတွေကို အလုပ်ရှင်က နစ်နာကြေး မပေးဘဲ အလုပ်သမားတွေ လျော့ချရာမှာ နစ်နာကြေးရဖို့အတွက် အစိုးရမဟုတ်တဲ့ အဖွဲအစည်းတွေ လူထုအခြေပြုအဖွဲအစည်းတွေကို တိုင်ကြားခဲ့ပါတယ်။ ဒီ့နောက်မှာတော့ ထိုင်းအလုပ်သမား ကာကွယ်ရေးအဖွဲ့တွေရှေ့မှာပဲ အလုပ်ရှင်နဲ့အလုပ်သမားတွေကြားမှာ နစ်နာကြေးပေးဖို့သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့တာပါ။
နစ်နာကြေးရဖို့အတွက် ဆောင်ရွက်ပေးခဲ့တဲ့ ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော် ပြောပြတာက
"၂၀၁၄ ဇန်နဝါရီမှာ စပြီးမှ အလုပ်သမားတွေကို သူတို့လျှော့ချနေတာခင်ဗျ။ ဇန်နဝါရီမှာ ပထမ တစ်သုတ်သူတို့လျှော့ချလိုက်တယ်။ လျှော့ချတယ်ဆိုတာက အလုပ်ဖြုတ်ပစ် လိုက်တာပေါ့ ခင်ဗျာ။ အလုပ်ဖြုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေက ကျနော်တို့ဆီမှာ တရားဝင် တိုင်တန်းတာမရှိဘူးခင်ဗျ။ တစ်ခါ ဒုတိယအကြိမ် ဖေဖဝါရီ ၂၁ မှာ တစ်ခါ ထပ်ဖြုတ်တယ်။
ဖေဖော်ဝါရီ ၂၁မှာ အလုပ်ဖြုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေကတော့ ကျနော်တို့ဆီမှာ လာရောက်တိုင်ကြားလာတဲ့အတွက်ကြောင့် အဲဒါကို ကျနော်တို့က အလုပ်ဖြုတ်တယ် ဆိုရင် ထိုင်းအလုပ်ရှင် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၁၁၈ အရ သူ့ရဲ့လုပ်သက်အလိုက် နစ်နာကြေးတွေပေးပြီးမှသာလျှင် အလုပ်ကဖြုတ်ခွင့်ရှိတယ်ဆိုတာကို ကျနော်က သူ့ရဲ့ အလုပ်ရုံပိုင်ရှင် ဌာနချုပ်ရှိတဲ့ ဘန်ကောက်ကို ကျနော် လှမ်းဖုန်းဆက်လိုက်တယ်။ အဲဒါဆို ဘန်ကောက်ကနေ ဒါကို အသေးစိတ်ဆွေးနွေး ပါ့မယ် ဆိုပြီးမှ အဲဒီ့ကနေ ညှိနှိုင်းဆွေးနွေးလာခဲ့တာ အခု မတ်လ ၂၅ရက်နေ့ကျမှ ဥပဒေအရ ခံစားခွင့်များဖြစ်တဲ့ လုပ်သက် အလိုက်လျော်ကြေးများ ကို ပေးချေပါမယ် ဆိုတာ ကို နှစ်ဦးနှစ်ဘက်လျော်ကြေးများကို ပေးချေပါမယ် ဆိုတာကို သဘောတူပြီး အစိုးရရှေ့မှောက်မှာ ကျနော်တို့ စာချုပ်တွေ ချုပ်ဆိုလိုက်တာခင်ဗျ။"
လုပ်သက်အလိုက် တနှစ်မပြည့်သေးတဲ့သူတွေက အနည်းဆုံး တလစာနဲ့ ၃ နှစ်ကနေ ၆နှစ်အတွင်းမှာ ၆လစာ ၁၀နှစ်ဆိုရင် ၈ လစာနဲ့ ၁၀ နှစ် အထက်ဆိုရင် ၁၀ လစာ စသဖြင့် နစ်နာကြေးတွေရရှိခဲ့တာပါ။
အနည်ဆုံး ဘတ်ငွေ ၃သောင်းနီးပါးကနေ အများဆုံး ဘတ်ငွေ တသိန်းလောက်ထိ ရရှိသူတွေလည်း ပါဝင်ပါတယ်။ မြန်မာအလုပ်သမား ၁၂၀၀ ခန့်အတွက် နစ်နာကြေး ဘတ်သန်း ၅၀ ရရှိငွေတွေကို ဧပြီလ ၁၀ ရက်နေ့မှာ အလုပ်သမားတွေရဲ့ ဘဏ်စာအုပ်တွေထဲကို အလုပ်ရှင်က ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။
မကြာသေးခင်ကပဲ ချင်းမိုင်မြို့နဲ့ တခြားနယ်မြို့နယ်တွေက အလုပ်လျော့ချခံရတဲ့ အလုပ်သမားတွေကတော့ နစ်နာကြေး မရဘဲ မြန်မာပြည်ကို ပြန် သွားကြ သူတွေလည်း အများအပြားရှိပါတယ်။ ထိုင်းနိုင်ငံတွင်းမှာ တရားဝင်နိုင်ငံ ကူး လက်မှတ်နဲ့ နေထိုင်ပြိး အလုပ်လုပ်ရင်း အလုပ်သမားလျော့ ချခံရပြီဆိုရင် အနည်းဆုံး ရက်ပေါင်း ၁၂၀ ကျော် အလုပ်လုပ်ပြီးတာနဲ့ အခုလိုမျိုး နစ်နာကြေးတွေ ရရှိမှာဖြစ်ပါတယ်။
ဒီလို အခြေအနေတွေကို အလုပ်သမားအတော်များများက မသိရှိကြပါဘူး။ ဒီ့အတွက် အလုပ်သမားတွေအနေနဲ့ မိမိတိုရဲအခွင့်ရေးတွေကို သိရှိဖို့ လိုအပ်တယ်လို့ လည်း ဦးအောင်ကျော်ကပြောပါတယ်။
"ထိုင်းနိုင်ငံမှာ နေထိုင်ပြီး လုပ်ကိုင်နေတဲ့အတွက်ကြောင့် အလုပ်သမား အခွင့်အရေးတွေကို လေ့လာလိုက်စားနိုင်တဲ့စွမ်းအား သိပ်မရှိတာလည်း ပါတာပေါ့။ ဒါတွေသိထားပြီး ချက်ချင်း အရေးဆိုမယ်ဆိုရင်
သက်ဆိုင်ရာ အန်ဂျီအိုတွေ လူမှုအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ပြီးလုပ်ရင် လုပ်လို့ရနိုင်တာတွေ ရှိပါတယ်။
အဲဒီတော့ အလုပ်သမားတွေကိုယ်တိုင်က အလုပ်သမား အရေးတွေကို ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေ ဘယ်နေရာမှာရှိသလည်း ဆိုတာကို သိဖို့လိုအပ်သလို ငါတို့ရဲ့အခွင့်အရေးရပိုင်ခွင့်တွေဟာ ဘာတွေလည်း ဆိုတာကို လေ့လာဖို့လည်း လိုအပ်တယ်ခင်ဗျ"
ထိုင်းနိုင်ငံတွင်းက ပြီးခဲ့တဲ့ ၇ နှစ်ခန့်ကစပြီး မဲဆောက်မြို့နဲ့ ဘန်ကောက်မြို့တွေ မှာ အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုပြီး အလုပ်သမားရေး လုပ်ဆောင်နေ သူတွေရဲ့ ဥပဒေကြောင်း အရ အကူအညီပေးမူတွေေကြောင့် အလုပ်သမားတွေက နစ်နာကြေး တချို့ရရှိခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုလိုမျိုး ငွေကြေးအများအပြားနဲ့ ရရှိတာကတော့ ပထမဦးဆုံး အကြိမ်ဖြစ်ပါတယ်။
ထိုင်းနိုင်ငံတွင်းမှာ ရွှေ့ပြောင်းအလုပ်သမား ၃ သန်းကျော်ရှိကြောင်းကို ထိုင်း နဲ့ မြန်မာ နှစ်နိုင်ငံအစိုးရတွေက လက်ခံထားပြီး အလုပ်သမားရေး ဆောင်ရွက်နေသူတွေ ကတော့ ဒီထက်မက ပိုနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ထိုင်းနိုင်ငံရေး မတည်ငြိမ်မူကြောင့်ရော စီပွားရေး ကျဆင်းတာကြောင့်ပါ အလုပ်သမားတွေကို လျော့ချတာမျိုးတွေကို ထိုင်းအလုပ်ရှင်တွေက လုပ်လာကြတာပါ။
ထိုင်းနိုင်ငံထဲကို အလုပ်သမား တင်ပို့နေတဲ့ ပွဲစားကုမ္မဏီတွေကလည်း အလုပ်အကိုင် ရှာဖွေနေသူတွေကို မက်လုံးတွေပေးပြိး ခေါ်သွင်းခဲ့ပြီးတဲ့နောက် အလုပ်အကိုင် မရကြတဲ့ မြန်မာအလုပ်သမားတွေ ဟာ ထိုင်းနိုင်ငံထဲမှာပဲ အခက်အခဲတွေ ရင်ဆိုင်နေရတာပါ။
ဒီ့အတွက် တာဝန်ယူဖြေရှင်းပေးတာမျိုးမရှိဘဲ တင်ပို့ခအဖြစ် အလုပ်သမားတွေရဲ့လုပ်အားခကို အများအပြား ဖြတ်တောက်နေ မှုတွေကြောင့်လည်း ထိုင်းနိုင်ငံတွင်းမှာပဲ အဖမ်းခံပြီး မြန်မာပြည်ပြန်ကြ သူတွေလည်း အများအပြားရှိနေပါတယ်။