သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရအရာရှိကြီးများ ပစ္စည်းဥစ္စာပိုင်ဆိုင်မှု ကြေညာသင့်မသင့်


ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။ ဖေဖော်ဝါရီ ၁၊ ၂၀၁၁။
ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။ ဖေဖော်ဝါရီ ၁၊ ၂၀၁၁။
မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့ဝင်တွေ အာဏာပိုင် အရာရှိကြီးတွေ အနေနဲ့ သူတို့ရဲ့ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုကို လူသိရှင်ကြား ထုတ်ဖော်ကြေညာစေဖို့ လွှတ်တော် ကိုယ်စားလှယ်တချို့ရဲ့ ကြိုးပမ်းမှုဟာ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒီအဆိုက လွှတ်တော်က ဘာကြောင့် အတည်မပြုနိုင်ခဲ့တာပါလဲ။ နိုင်ငံ့တာဝန် ထမ်းနေပါတယ်ဆိုတဲ့ အာဏာပိုင် အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေဟာ သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာစာရင်းကို ကြေညာသင့်တယ် မသင့်ဘူးဆိုတာနဲ့ ပတ်သက်ပြီး သောတရှင်တွေရဲ့ သဘောထားတွေနဲ့ ဆွေးနွေး သုံးသပ်ချက်တွေကို ဒီတပတ် တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ ဦးကျော်ဇံသာက တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG