သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားသတင်း ထပ်ဆင့်ထုတ်လွှင့်မှု ကမ္ဘောဒီးယား ပြန်ခွင့်ပြု


ကမ္ဘောဒီးယားနိုင်မှာ ဇူလိုင်လ အထွေထွေရွေးကောက်ပွဲမတိုင်မီ ပြည်တွင်း သတင်းဌာနတွေအနေနဲ့ နိုင်ငံခြား အသံလွှင့်ဌာနတွေရဲ့ သတင်းတွေကို ထပ်ဆင့်မထုတ်လွှင့်ရဘူးဆိုတဲ့ တားမြစ်ချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ အများပြည်သူနဲ့ အသံလွှင့် သတင်းထောက်တွေရဲ့ ကန့်ကွက်မှုတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ပိတ်ပင်မှုကို အခုလို ပြန်လည်ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။

ကမ္ဘောဒီးယားပြန်ကြားရေးဝန်ကြီးဌာနက ပြည်တွင်းရေဒီယို အသံလွှင့်ဌာနတွေအနေနဲ့ ဇူလိုင်လ ၂၈ ရက် ရွေးကောက်ပွဲ မတိုင်မီ ၃၁ ရက်အလိုမှာ နိုင်ငံခြားသတင်းမီဒီယာတွေက သတင်းတွေကို ထုတ်လွှင့်ခြင်းမပြုဖို့ ပြီးခဲ့တဲ့သီတင်းပတ်က ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။
ဒီလာမယ့် ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ဟွန်ဆန် ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေ မှာ နိုင်ငံခြားသားတွေပါဝင်ပတ်သက်တဲ့ သတင်းတွေကိုလည်း မထုတ်လွှင့်ကြဖို့ တားမြစ်လိုက်တာဖြစ်ပါတယ်။

ဒါပေမဲ့ ကမ္ဘောဒီးယားပြန်ကြားရေးဝန်ကြီးဌာနရဲ့ မနေ့ စနေနေ့ညပိုင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ပြည်တွင်း သတင်းဌာနတွေ အနေနဲ့ နိုင်ငံခြားကထုတ်လုပ်တဲ့ အစီအစဉ်တွေ ပုံမှန်အတိုင်း ပြန်လည် ထုတ်လွှင့် နိုင်တယ်လို့ ဆိုပါတယ်။ ပိတ်ပင်မှုကြောင့် ဗွီအိုအေ အမေရိကန်အသံနဲ့ အာအက်ဖ်အေ လွတ်လပ်တဲ့အာရှအသံ အပါအဝင် နိုင်ငံတကာ သတင်း ဌာနတွေရဲ့ ထုတ်လွှင့်ချက်တွေကို ထိခိုက်စေမှာဖြစ်ပါတယ်။

ဗွီအိုအေ နဲ့ အာအက်ဖ်အေ တို့ရဲ့သတင်းတွေကို ကမ္ဘောဒီယားနိုင်ငံရဲ့ FM ရေဒီယိုတွေကနေ ထပ်ဆင့်ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။
XS
SM
MD
LG