သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ချေးငွေအပေါ် အားကိုးမှု ကမ္ဘောဒီးယား အတိုက်အခံဝေဖန်


ကမ္ဘောဒီးယား နိုင်ငံအနေနဲ့ တရုတ်နိုင်ငံ အကူအညီပေးတဲ့ ငွေအပေါ်မှာ အကြီးအကျယ် မှီခိုနေရတာကို စိုးရိမ်ပူပန်မှု ဖြစ်ရကြောင်း ကမ္ဘောဒီးယား အတိုက်အခံတွေက ပြောဆိုလိုက်ပါတယ်။

မကြာခင်ကပဲ တရုတ်နိုင်ငံက ကမ္ဘောဒီးယားကို အကူအညီ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ပေးမယ်လို့ ကတိပြုလိုက်ပါတယ်။ ကမ္ဘောဒီးယားအစိုးရ လည်ပတ်ဖို့အတွက် နိုင်ငံရပ်ခြားအကူအညီ တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၁ ထောင် လိုအပ်တယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားအစိုးရမှာ နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၉ ထောင်လောက် တင်နေပါတယ်။ ကမ္ဘောဒီးယား အတိုက်အခံတွေ ပါတီဝင် အရာရှိတွေအနေနဲ့ တရုတ် အပါအဝင် နိုင်ငံခြားတိုင်းပြည်တွေထံမှာ လွန်လွန်ကဲကဲ အကြွေးတွေ တင်နေတာကြောင့် တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ကျသွားမှာ စိုးရိမ်ပူပန်နေကြတယ်လို့ Cambodia National Rescue Party ရဲ့ ဥပဒေပြုအမတ် Son Chhay က ပြောပါတယ်။

တိုင်းပြည်ကို အုပ်ချုပ်ဖို့ တနေရာက ငွေကို မှီနေရ တည်နေရတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးလွတ်လပ်ခွင့်ကို ဆုံးရှုံးတယ်ဆိုတာနဲ့ အတူတူပါပဲလို့ Son Chhay က ပြောပါတယ်။

XS
SM
MD
LG