သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီယားရွေးကောက်ပွဲ အာဏာရပါတီအနိုင်ရ


ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မဲပေးနေစဉ်။ (ဇူလိုင်လ ၂၈ ရက်၊ ၂၀၁၃)။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မဲပေးနေစဉ်။ (ဇူလိုင်လ ၂၈ ရက်၊ ၂၀၁၃)။
တနင်္ဂနွေနေ့မှာကျင်းပခဲ့တဲ့ ကမ္ဘောဒီးယားအထွေထွေ ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရပါတီက အနိုင်ရတယ်လို့ ကြေညာလိုက်ပါတယ်။ ပြန်လည် အားသစ်လောင်းထားတဲ့ အတိုက်အခံအဖွဲ့ရဲ့ အခိုင်အမာ စိန်ခေါ်မှုတွေ ရှိနေတဲ့ကြားကပဲ နိုင်ငံကို ၁၀ နှစ်ကြာ အုပ်ချုပ်လာခဲ့တဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ပါတီက ပြန်လည် အုပ်ချုပ်တော့မှာဖြစ်ပါတယ်။

လွှတ်တော်ရဲ့ အမတ်နေရာ ၁၂၃ နေရာမှာ CPP ခေါ် ကမ္ဘောဒီးယား ပြည်သူ့ပါတီက ၆၈ နေရာ ရရှိခဲ့တယ်လို့ အာဏာရပါတီ ပြောခွင့်ရသူက ပြောဆိုလိုက်တာပါ။ ဒါဟာ အရင်တုန်းက အမတ်နေရာ ၉၀ နဲ့စာရင် အတော်လေး မဲအရ နည်းသွားတာဖြစ်ပါတယ်။ အမျိုးသားရွေးကောက်ပွဲ ကော်မရှင်ကတော့ မဲအရေအတွက် စာရင်းကို တရားဝင် မထုတ်ပြန်ရသေးတာကြောင့် အတည်မပြုသေးပါဘူး။

အတိုက်အခံခေါင်းဆောင် ဆမ်ရမ်ဆီ နဲ့ သူ့ရဲ့ ကမ္ဘောဒီးယားအမျိုးသား ကယ်ဆယ်ရေး ပါတီကတော့ ဟွန်ဆန်က သူ ပြန်အရွေးခံ ရဖို့ သေချာအောင် ရွေးကောက်ပွဲကို အသေအချာ စနစ်တကျ အကွက်ချ စီစဉ်ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။ တကယ်လို့ မသမာတာတွေကို သက်သေ အထောက်အထားတွေနဲ့ ပြနိုင်ခဲ့မယ်ဆိုရင် လူထုဆန္ဒပြပွဲတွေနဲ့ ကန့်ကွက်သွားမယ်လို့ ဆမ်ရမ်ဆီက ခြိမ်းခြောက်နေပါတယ်။

မသမာမှုတွေရှိနေတယ်လို့ သံသယရှိကြပေမဲ့ တချို့ မဲဆန္ဒရှင်တွေ ကတော့ နိုင်ငံရေးပါတီတွေ အနေနဲ့ ရွေးကောက်ပွဲကို လေးစားကြတယ်လို့ ဆိုပါတယ်။ ဒီကနေ့ ရွေးကောက်ပွဲမှာ မဲပေးကြဖို့ လူဦးရေ ၉.၆ သန်းက မှတ်ပုံတင်ထားကြတာပါ။ အဲဒီ မဲဆန္ဒရှင်တွေထဲက သုံးပုံတပုံဟာ အသက် ၃၀ အောက် လူငယ်တွေ ဖြစ်ကြပါတယ်။

တချို့ကလည်း ဒီလို ရွေးကောက်ပွဲမျိုးကနေ နိုင်ငံရဲ့သာယာဝပြောရေးကို ပိုပြီး ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
XS
SM
MD
LG