သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီဟာနုရုပ်ကလာပ် ကမ္ဘောဒီးယားပြန်ရောက်


ဘုရင်သီဟာနုရဲ့ ရုပ်ကလာပ်ကို ရဲတပ်ဖွဲ့ဝင်တွေက ဖနွမ်းပင် နိုင်ငံတကာလေဆိပ်မှ သယ်ဆောင်လာစဉ်။ အောက်တိုဘာ ၁၇၊ ၂၀၁၂။
ဘုရင်သီဟာနုရဲ့ ရုပ်ကလာပ်ကို ရဲတပ်ဖွဲ့ဝင်တွေက ဖနွမ်းပင် နိုင်ငံတကာလေဆိပ်မှ သယ်ဆောင်လာစဉ်။ အောက်တိုဘာ ၁၇၊ ၂၀၁၂။
ကွယ်လွန်သူ ကမ္ဘောဒီးယား ဘုရင်ဟောင်း နိုရိုဒွန် သီဟာနုရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကို ဒီကနေ့ ကမ္ဘောဒီးယားနိုင်ငံဆီ ပြန်လည် သယ်ဆောင်လာတာမှာ လူ ထောင်ပေါင်းများစွာက ဂါရဝပြု ကြိုဆိုခဲ့ကြပါတယ်။

ဘုရင်သီဟာနုရဲ့ ရုပ်အလောင်းဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ကနေ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဖနွမ်းပင်မြို့တော်ဆီ လေယာဉ်နဲ့ ရောက်သွားခဲ့တာပါ။ ဘေဂျင်းမြို့တော်မှာ ကင်ဆာရောဂါကို ကာလရှည်ကြာ ကုသနေရင်း အသက် ၈၉ နှစ်အရွယ်မှာ တနင်္လာနေ့က နှလုံးရောဂါနဲ့ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

ဝမ်းနည်းကြေကွဲနေကြတဲ့ လူထောင်ပေါင်းများစွာတို့ဟာ ဘုရင်ဟောင်းရဲ့ နောက်ဆုံး အိမ်အပြန်ခရီးကို ကြိုဆိုဖို့နဲ့ သူ့ရဲ့ရုပ်အလောင်းကို ကြည့်ခွင့်ရဖို့ ဘုရင့်နန်းတော်မှာ စုဝေး စောင့်ဆိုင်းခဲ့ကြပါတယ်။ ကွယ်လွန်သူ ဘုရင်ဟောင်းရဲ့ ရုပ်အလောင်းကို ဘုရင့်နန်းတော်မှာ သုံးလကြာ ထားရှိပြီးတဲ့နောက် ဗုဒ္ဓဘာသာဝင်တွေရဲ့ ဓလေ့ထုံးတမ်းအတိုင်း အသုဘအခမ်းအနားကျင်းပပြီး မီးသဂြုႋဟ်မှာဖြစ်ပါတယ်။
XS
SM
MD
LG