သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခမာနီခေါင်းဆောင်ဟောင်း အီယန်ဆရီ ကွယ်လွန်


လူသန်းချီသတ်ဖြတ်ခံရမှု စွဲချက်တင်ခံထားရသူ ခမာနီခေါင်းဆောင်ဟောင်း Ieng Sary
လူသန်းချီသတ်ဖြတ်ခံရမှု စွဲချက်တင်ခံထားရသူ ခမာနီခေါင်းဆောင်ဟောင်း Ieng Sary
ကမ္ဘောဒီးယားနိုင်ငံက ခမာနီထိပ်တန်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ Ieng Sary ဟာ သူကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ရင်ဆိုင်နေရဆဲကာလမှာဘဲ ကွယ်လွန်သွားတယ်လို့ ကုလသမဂ္ဂ ကျောထောက်နောက်ခံပေးထားတဲ့ ကမ္ဘောဒီးယားစစ်ရာဇဝတ်ခုံရုံးက ပြောပါတယ်။ မတ်လ ၄ရက်နေ့ကတည်းက ဆေးရုံတင်ထားရတဲ့ Ieng Sary ဟာ ကြာသပတေးနေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့တာလို့ စစ်ရာဇဝတ်ခုံရုံးပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။

Ieng Sary ဟာ ခမာနီခေါင်းဆောင်ဟောင်း ပိုပေါ့ရဲ့ ယောက်ဖ တော်သူဖြစ်ပြီး ၁၉၇၀ခုနှစ်အတွင်း Killing Field လို့ခေါ်တဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေ သန်းနဲ့ချီသတ်ဖြတ်ခံရမှုမှာ အဓိကဦးဆောင်သူတစ်ဦးအဖြစ် စွဲချက်တင်ခံထားရသူလည်းဖြစ်ပါတယ်။ သူဟာ ခမာနီကွန်မြူနစ်အစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ Ieng Sary ဟာ လက်ရှိ အမှုရင်ဆိုင်နေရတဲ့ ခမာနီအဖွဲ့ဝင်ဟောင်းတွေထဲမှာ အသက်အကြီးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

သူ့အမှုမပြီးဆုံးခင်မှာ ခမာနီခေါင်းဆောင်ဟောင်း Ieng Sary အခုလို သေဆုံးသွားတဲ့အပေါ် စိတ်ပျက်မိကြောင်း ခမာနီတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှု ခံခဲ့ရသူတွေနဲ့ ကျန်ရစ်သူ မိသားစုတွေက ပြောပါတယ်။ သူအခုလို သေဆုံးသွားတဲ့အတွက် အသက်အရွယ် ကြီးရင့်လာနေပြီဖြစ်တဲ့ ခမာနီခေါင်းဆောင်တွေ မကွယ်လွန်ခင် ဥပဒေအရ အရေးယူခွင့် ရလိုက်မှာမဟုတ်ဘူးလို့ စိုးရိမ်နေကြတဲ့ ကျန်ရစ်သူတွေနဲ့ သူတို့မိသားစုတွေရဲ့ စိုးရိမ်မှုတွေကို ပိုပြီး ခိုင်မာသွားစေပါတယ်။
XS
SM
MD
LG