သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ အတိုက်အခံခေါင်းဆောင် သဘောတူချက်ရ


ကမ္ဘောဒီးယားနိုင်ငံမှာ တနှစ်လောက် နိုင်ငံရေးအရ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေ တာကို အဆုံးသတ်စေမယ့် သဘောတူညီချက်တရပ်ကို အစိုးရနဲ့ အတိုက်အခံတွေ ရရှိခဲ့ပြီဖြစ်ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen နဲ့ အတိုက်အခံ ခေါင်းဆောင် Sam Rainsy တို့ အင်္ဂါနေ့မှာ ၅ နာရီကြာ တွေ့ဆုံခဲ့ပြီးတဲ့နောက် အခုလို သဘောတူညီမှုရကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။

အခုလို သဘောတူခဲ့တာဟာ ကမ္ဘောဒီးယားနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပါ့မယ်လို့ ကတိပေးခဲ့တာကြောင့်ဖြစ်ကြောင်း အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ CNRP က ပြောပါတယ်။

အခုသဘောတူညီမှုအရ ကမ္ဘောဒီးယား ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည် ပြင် ဆင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် CNRP ပါတီဝင်တွေကို လွှတ်တော်မှာ ထိပ်တန်း ရာထူးတွေမှာ အခုထက် ပိုခန့်အပ် ပေးရတော့မှာလည်း ဖြစ်ပါတယ်။

၂၀၁၃ ဇူလိုင်လ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တာနဲ့ ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ အစိုးရက ငြင်းပယ်ခဲ့တဲ့နောက်ပိုင်း CNRP ပါတီက လွှတ်တော် တက်ရောက်ဖို့ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Hun Sen ရဲ့ လက်ရှိ ကမ္ဘောဒီးယား ပြည်သူ့ပါတီဟာ ရွေးကောက်ပွဲ မဲအရေအတွက်အရ အတိုက်အခံကို ရှုံးနိမ့်ခဲ့ပေမဲ့ လွှတ်တော်မှာတော့ CNRP ပါတီထက် အမတ်နေရာ ၁၃ နေရာ ပိုရနေတာပါ။

XS
SM
MD
LG