သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ရွေးကောက်ပွဲမဝင်ရ


ကမ္ဘောဒီးယား ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က အတိုက်အခံ ခေါင်းဆောင် ဆမ် ရင်းစီ (Sam Rainsy) ရဲ့ လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် လွှတ်တော် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် လျှောက်ထားချက်ကို ပယ်ချလိုက်ပါတယ်။

ဆမ် ရင်းစီဟာ ကိုယ့်ကိုယ်ကိုယ် ပြည်ပမှာအခြေစိုက် နေထိုင်ရာကနေ နိုင်ငံတွင်းကို ပြီးခဲ့တဲ့ သီတင်းပတ်က ပြန်ဝင်လာခဲ့ပြီးနောက် ရွေးကောက်ပွဲ ဝင်လိုတယ်ဆိုပြီး လျှောက်ထားမှုဟာ သိပ်ကို နောက်ကျလွန်းတယ်ဆိုပြီး ကမ္ဘောဒီးယား အမျိုးသား ရွေးကောက်ပွဲ ကော်မတီက တနင်္လာနေ့ နေ့စွဲနဲ့ ဆမ် ရင်းစီထံကို ပေးပို့တဲ့ စာတစောင်ထဲ ရေးသားထားပါတယ်။

မစ္စတာ ဆမ် ရင်းစီက ၂၀၀၉ ခုနှစ်ကတည်းက နေထိုင်နေတဲ့ ပြင်သစ်နိုင်ငံကနေ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ကို ပြန်ရောက်ပြီး ၂ ရက်အကြာ တနင်္ဂနွေနေ့မှာ လျှောက်လွှာတင်ခဲ့တာ ဖြစ်ပါတယ်။
ထောင်ဒဏ် ၁၁ နှစ် ကျခံစေဖို့ တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့တာကို တိမ်းရှောင်နေခဲ့တာဖြစ်ပြီး ဒါဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ တမင်လုပ်တာသာ ဖြစ်တယ်လို့လည်း သူက ပြောခဲ့တာပါ။

ကာလရှည်ဝန်ကြီးချုပ် တာဝန်ယူနေတဲ့ ဟွန်ဆန်ရဲ့ လျှောက်ထားပြီး ရက်ပိုင်းအကြာမှာ ကမ္ဘောဒီးယား ဘုရင် နိုရိုဒွန် စီဟာမိုနီ (Norodom Sihamoni) က မစ္စတာ ဆမ် ရင်းစီကို အပြစ်က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်ကတော့ ဇူလိုင်လ ၂၈ ရွေးကောက်ပွဲအကြို အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် သူ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
XS
SM
MD
LG