သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား လုံခြုံရေး အတွက် တရုတ်ဆီက စစ်သင်္ဘော တောင်းခံ


ကမ္ဘောဒီးယား ရေတပ်ဗိုလ်ချုပ် Tea Vinh တရုတ်ရေတပ် ဗိုလ်ချုပ်ကြီး Yu Manjiang နဲ့တွေ့ဆုံ။ (ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆)
ကမ္ဘောဒီးယား ရေတပ်ဗိုလ်ချုပ် Tea Vinh တရုတ်ရေတပ် ဗိုလ်ချုပ်ကြီး Yu Manjiang နဲ့တွေ့ဆုံ။ (ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆)

ကမ္ဘောဒီးယားရေကြောင်းပိုင်နက်ကို ကာကွယ်ဖို့ အကူအညီလိုနေတဲ့အတွက် တရုတ်နိုင်ငံက စစ်သဘောၤနှစ်စင်းကို တောင်းထားကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးအရာရှိတွေက ပြောပါတယ်။ ကမ္ဘောဒီးယား ရေတပ်ဗိုလ်ချုပ် Tea Vinh က တရုတ်ရေတပ်ဗိုလ်ချုပ်ကြီး Yu Manjian နဲ့တွေ့ဆုံချိန်မှာ အခုလို ခေတ်မီ စစ်သင်္ဘောနှစ်စင်း တောင်းခဲ့တာပါ။

ဗုဒ္ဓဟူးနေ့က ပြီးသွားတဲ့ နှစ်နိုင်ငံ ရေတပ်တွေကြား ရေကြောင်း ကယ်ဆယ်ရေး လုပ်ငန်း ပူးတွဲလေ့ကျင့်မှု ပြီးဆုံးပြီးတဲ့နောက် သူတို့နှစ်ဦး အခုလို တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

လေ့ကျင့်ချိန်အတွင်း တရုတ်သဘောၤ သုံးစင်း၊ ပဲ့ထိန်းသုံးဒုံးကျည်တပ်ဆင်ထားတဲ့ စစ်ရေယာဉ်နှစ်စင်းနဲ့ ထောက်ပံ့ရေးယာဉ် တစင်းတို့ သီဟာနု ဆိပ်ကမ်း (Sihanoukville) ဆိပ်ကမ်းမှာ ကျောက်ချထားပါတယ်။ အဲဒီ့သဘောၤတွေကို သွားရောက်စစ်ဆေးချိန်မှာ စစ်သင်္ဘောတွေရဲ့အရည်အသွေး အလွန်ကောင်း တာကို တွေ့ခဲ့ရတယ်လို့ ဗိုလ်ချုပ်ကြီး Tea Vinh က ပြောပါတယ်။

ကမ္ဘောဒီးယားရေတပ်ပြောခွင့်ရသူ Meas Tang က တောင်းဆိုတယ်ဆိုတာထက် ဆန္ဒရှိတဲ့စာရင်းတစ်ခုနဲ့ ပိုတူတယ်လို့ ပြောလိုက်ပြီး ဒီတောင်းဆိုချက်ကို တရုတ်က လက်ခံမလားဆိုတာလည်း မသေချာသေးပါဘူးလို့ ပြောပါတယ်။

နှစ်နိုင်ငံ ရေတပ်အကြီးအကဲတွေ တွေ့ဆုံချိန်မှာ တောင်တရုတ်ပင်လယ်ပြင်အတွင်း တင်းမာမှုတွေကို ဆွေးနွေးခဲ့ကြကြောင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ အငြင်းပွားနေကြတဲ့ နိုင်ငံတွေအပါအဝင် ASEAN ရေတပ်ခေါင်းဆောင်တွေနဲ့ ရပ်တည်ချက်အတူတူဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG