သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးပဋိပက္ခ ဖြေရှင်းဖို့ ကမ္ဘောဒီးယား အဓိကနိုင်ငံရေးပါတီ ၂ ခုဆွေးနွေး


ကမ္ဘောဒီးယားနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးအကြမ်းဖက် ပဋိပက္ခတွေကို ဖြေရှင်း အဖြေရှာဖို့ အဓိက အတိုက်အခံပါတီ ခေါင်းဆောင် Sam Rainsy နဲ့ ဝန်ကြီးချုပ် ဟွန်ဆန်တို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးနေကြပါတယ်။

မြို့တော်ဖနွမ်းပင်က လမ်းမတွေပေါ်မှာ တနင်္လာနေ့က ဒုတိယမြောက်ရက်အဖြစ် ဆန္ဒပြနေကြသူတွေကို မျက်ရည်ယိုဗုံး၊ မီးခိုးဗုံး၊ မီးသတ်ပိုက်တွေ သုံးပြီး ရဲတွေက ဖြိုခွဲနှိမ်နင်းပြီးတဲ့နောက် အခုလို နှစ်ဘက် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာတာပါ။

အစိုးရအတိုက်အခံ ဆန္ဒပြသူ ၂ သောင်းလောက်ဟာ လွတ်မြောက်ရေးပန်းခြံမှာ တနင်္ဂနွေနေ့က စုဝေးခဲ့ကြပြီး အတိုက်အခံခေါင်းဆောင် Sam Rainsy က မိန့်ခွန်းပြောခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲမှာလည်း ရဲတွေက အကြမ်းဖက် ဖြိုခွဲခဲ့တာကြောင့် ဆန္ဒပြနေသူ ၁ ဦးသေနတ်နဲ့ အပစ်ခံရတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။

တနင်္ဂနွေနေ့က ဆန္ဒပြပွဲဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ဇူလိုင်လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး နိုင်ငံရေး အကျပ်အတည်းတွေ ပိုပြီး ပြင်းထန်လာတယ်ဆိုတာကို ပေါ်လွင်စေပါတယ်။ အဲဒီရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယား ပြည်သူ့ပါတီက လွှတ်တော်မှာ ၆၈ နေရာနဲ့ အတိုက်ခံပါတီ CNRP က ၅၅ နေရာကို အနိုင်ရခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြု ကြေညာခဲ့တာပါ။

ဒါပေမဲ့လို့ အတိုက်အခံဘက်ကတော့ ဒီရွေးကောက်ပွဲ ရလဒ်ဟာ မမှန်ကန်ဘူးဆိုပြီး ပယ်ချခဲ့ပါတယ်။
XS
SM
MD
LG