သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နဲ့ ဆက်ဆံရေး ကနေဒါ ဖြတ်တောက်


ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က သူ့အစိုးရအနေနဲ့ အီရန်နိုင်ငံဟာ ဒီနေ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အကြီးမားဆုံး ခြိမ်းခြောက်နေတယ်လို့ ယူဆထားတယ်လို့ ဆိုပါတယ်။
ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က သူ့အစိုးရအနေနဲ့ အီရန်နိုင်ငံဟာ ဒီနေ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အကြီးမားဆုံး ခြိမ်းခြောက်နေတယ်လို့ ယူဆထားတယ်လို့ ဆိုပါတယ်။
ကနေဒါနိုင်ငံက သူ့နိုင်ငံအနေနဲ့ အီရန်နိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ယာယီရပ်ဆိုင်းလိုက်တယ်လို့ သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

အီရန်နိုင်ငံ တီဟီရန် မြို့တော်က ကနေဒါသံရုံးကို စပိတ်နေပြီး၊ ကနေဒါမြေပေါ်ကနေ အီရန်သံတမန်တွေအားလုံး ကိုလဲ စနှင်ထုတ်နေပြီလို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ဆိုလိုက်ပါတယ်။

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က သူ့အစိုးရအနေနဲ့ အီရန်နိုင်ငံဟာ ဒီနေ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အကြီးမာဆုံး ခြိမ်းခြောက်နေတယ်လို့ ယူဆထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အီရန်သံတမန်တွေ အနေနဲ့ ကနေဒါကနေ ၅ ရက်အတွင်း ထွက်ခွာပေးရမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Baird က ရာဇသံပေးလိုက်ပါတယ်။

ဝန်ကြီး Baird ကပဲ ခုလို ဆုံးဖြတ်လိုက်ရတာက အီရန် နျူကလီယား အစီအစဉ်၊ ဆီရီးယားအစိုးရကို အီရန်က စစ်ရေးအရ အကူအညီပေးနေတာနဲ့ အစ္စရေးအပေါ်အီရန်က ရန်လိုမှုတွေကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် အီရန်နိုင်ငံဟာ ကမ္ဘာ့အကြမ်းဖက်မှုလုပ်ငန်းတွေကို ကူညီပေးနေတဲ့ နိုင်ငံတခုဖြစ်တယ်လို့လဲ ဝန်ကြီး Baird က ဆက်ပြောပါတယ်။

ကနေဒါနိုင်ငံ Ottawa မြို.တော်က အီရန်သံရုံးတံခါးမှာတော့ ကနေဒါအစိုးရရဲ့ ရန်လိုတဲ့ ဆုံးဖြတ်ချက်ကြောင့် သူ့သံရုံးပိတ်လိုက်ရတာဖြစ်တယ်လို့ ပါရှန်ဘာသာစကားနဲ့ ရေးထားကြောင်း သတင်းတွေထွက်နေပါတယ်။
XS
SM
MD
LG