သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါ ရေနံတင်ရထားပေါက်ကွဲမှု တဦးသေဆုံး


ကနေဒါ ရေနံတင်ရထားပေါက်ကွဲမှု။ (ဇူလိုင်လ ၆ ရက်၊ ၂၀၁၃)။
ကနေဒါ ရေနံတင်ရထားပေါက်ကွဲမှု။ (ဇူလိုင်လ ၆ ရက်၊ ၂၀၁၃)။
ကနေဒါနိုင်ငံမှာ ရေနံစိမ်းတင်လာတဲ့ ရထားဟာ ကနေဒါနိုင်ငံ၊ ကွိဘက်ပြည်နယ်၊ ရွာလေးတရွာနားမှာ လမ်းချော်သွားတဲ့အတွက် ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားပြီး လူအနည်းဆုံးတစ်ဦး သေဆုံးသွားတယ်လို့ ကနေဒါ အာဏာပိုင်တွေက ပြောပါတယ်။ ပေါက်ကွဲမှုတွေဟာ စနေနေ့ မနက်ပိုင်းမှာ ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု အများအပြား ရှိခဲ့မယ်လို့ ခန့်မှန်းရပါတယ်။

လေဖိအားသုံးပြီး ပိတ်ထားတဲ့ သိုလှောင်ကန်တွေပါတဲ့ တွဲလေးတွဲ ပေါက်ကွဲခဲ့ တာဖြစ်ပြီး ကြီးမားတဲ့ မီးလုံးတွေ လွင့်စင်ပြန့်ကျဲ ကြခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် လူဦးရေ ၆ ထောင်လောက် နေထိုင်တဲ့ ရေကန်ဘေးက Lac-Megantic ရွာကလေးမှာရှိတဲ့ အဆောက်အဦးတွေ အတော်ကလေး ပျက်စီးခဲ့ပါတယ်။ အမေရိကန်နယ်စပ်ကနေ ၁၅ မိုင်အကွာမှာရှိတဲ့ ရွာကလေးက လူ ၁ ထောင်လောက်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ပေါက်ကွဲမှုတွေအပြီးမှာ နာရီအတော်ကြာအောင် မီးဆက်လောင်နေတာကြောင့် ကနေဒါနိုင်ငံရော အမေရိကန်ကပါ မီးသတ်သမားတွေ လာရောက်ပြီး မီးငြိမ်းသတ်နေကြပါတယ်။ ရထားမောင်းသူဟာ သောကြာနေ့ ညနေမှာ ရထားကို မြို့လယ်မှာရပ်ပြီး ရထားဘရိတ်ကိုပါ သေချာ ဆွဲထားခဲ့ပြီးမှ ညအိပ်ဖို့ တည်းခိုခန်းကို သွားခဲ့တာဖြစ်ကြောင်း Montreal၊ Maine၊ Atlantic ကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ ရထားဟာ ဘရိတ်မမိဘဲ မြို့ထဲကိုဝင်လာတာဖြစ်တယ်လို့ ရထားလိုင်းတာဝန်ခံတွေကတော့ ပြောကြ ပါတယ်။
XS
SM
MD
LG