လစ်ဗျားနိုငံအရှေ့မြောက်ဒေသတွင်း ကားဗုံးဖေါက် တိုက်ခိုက်မှုအနည်းဆုံး သုံးကြိမ်ဖြစ်ပွါးခဲ့မှု အတွင်း လူပေါင်း အနည်းဆုံး ၃၀ လောက် သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ ဒီကနေ့ သောကြာနေ့မှာ အစ္စလာမ်စစ်သွေးကြွတွေရဲ့ အမာခံနယ်မြေနားက နိုင်ငံတကာ အစိုးရအသိအမှတ်ပြု လစ်ဗျားအစိုးရ ထိန်းချုပ်ထားတဲ့ Qubba မြို့မှာ ဒီတိုက်ခိုက်မှုဖြစ်ပွါးခဲ့တာပါ။
လုံခြုံရေးဌာနအဆောက်အဦးဘေးနားက ဓါတ်ဆီဆိုင်မှာ ကားဗုံး တလုံး ပေါက်ကွဲခဲ့တယ်လို့ အာဏာပိုင်တချို့က ပြောပေမယ့် တချို့တွေကတော့ ဒီလုံခြုံရေးဌာန အဆောက်အဦးနဲ့ လစ်ဗျား ပါလီမန် ပြောခွင့်ရ နေအိမ်ကို သီးခြားတိုက်ခိုက်မှုတွေ ရှိတယ်လို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပါတ်သတ်လို့ ဘယ်သူကမှ သူတို့ လက်ချက်ဖြစ်တယ်ဆိုတာကို ပြောဆိုတာမျိုးမရှိသေးပါဘူး။
နယ်မြေချဲ့ထွင်ဖို့ ကြိုးစားနေတဲ့ IS အဖွဲ့ကို သစ္စာခံတဲ့ တိုက်ခိုက်ရေး သမားတွေကြောင့် နိုင်ငံတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွါးနေတာပါ။ ၂၀၁၁ ခုနှစ်မှာ အာဏာရှင်ဟောင်း မိုမမ်ဂဒါဖီကို ရာထူးကဖြုတ်ချပြီးကတည်းက စစ်သွေးကြွတွေနဲ့ အစိုးရ နှစ်ရပ်ရှိနေတဲ့ လစ်ဗျားမှာ ခုချိန်ထိ တည်ငြိမ်မှု မရှိသေးဘဲ ဖြစ်နေတာပါ။