သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားက ျား မျိုးပြုန်းမှာ စိုးရိမ်ရ


 မျိုးပြုန်းမှာ စိုးရိမ်နေရတဲ့ ဘင်္ဂလားက ျား ၊ ဒါကာ၊ ဘင်္ဂလားဒေ့ရှ်။
မျိုးပြုန်းမှာ စိုးရိမ်နေရတဲ့ ဘင်္ဂလားက ျား ၊ ဒါကာ၊ ဘင်္ဂလားဒေ့ရှ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Sundarbans သစ်တောအတွင်းမှာရှိနေတဲ့ ဘင်္ဂလားကျား အရေအတွက်ဟာ ၁၀၀ လောက်သာ ရှိတော့တယ်လို့ တောရိုင်းတိရိစ္ဆာန်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အခုလို ကိန်းဂဏန်း ထွက်ပေါ်လာတာဟာ ရှားပါး တိရိစ္ဆာန်လို့ သတ်မှတ်ထားတဲ့ ဒီကျားတွေရဲ့ အရေအတွက်ဟာ သဘာ၀ သစ်တောအတွင်း ကျန်ရှိနေတဲ့ အရေအတွက်ဟာ အရင်က ခန့်မှန်းထားတာထက် အများကြီး လျော့နေတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့ဖက်ခြမ်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ဖက် အစွန်ပိုင်းအကြားမှာ တည်ရှိတဲ့ ဒီ Sundarbans သစ်တောဝင်းကြီးဟာ ကီလိုမီတာ ၁၀,၀၀၀ ကျယ်ဝန်းပြီး သစ်တောအတွင်းမှာ မြစ်တွေ၊ ချောင်းတွေ ကြက်ခြေခတ် စီးဆင်းနေတာလည်း ဖြစ်ပါတယ်။ ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ကြီးက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ လမုတော ၆၀% ဟာလည်း ဒီသစ်တောဝင်းအတွင်းမှာ တည်ရှိတာဖြစ်ပြီး ကျန် ၄၀% ကတော့ အိန္ဒိယနိုင်ငံ ပိုင်နက်ထဲမှာ တည်ရှိတာပါ။

၂၀၀၄ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ Sundarbans သစ်တောအတွင်း ဘင်္ဂလားကျား အရေအတွက် ၄၄၀ လောက် ရှိတယ်လို့ တောရိုင်းတိရိစ္ဆာန်ရေးရာ ကျွမ်းကျင်သူတွေက ခန့်မှန်းထားခဲ့ကြပေမယ့် အဲဒါဟာ ကျားခြေရာကိုလိုက်ပြီး ရေတွက်ခဲ့တာကြောင့် မှားနေတယ်လို့ ဆိုပါတယ်။

အခု ရရှိတဲ့ ကိန်းဂဏန်း အသစ်အရ ကမ္ဘာ့ကျားအရေအတွက် စုစုပေါင်းရဲ့ ၄ ပုံ ၊ ၃ ပုံ ရှိနေတဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ရှိနေတဲ့ ကျားတွေကို တရားမဝင် သတ်ဖြတ်တာနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ တည်ဆောက်မှုတွေကြောင့် ဒီ ရှားပါးကျားတွေ မျိုးတုန်းသွားမှာ စိုးရိမ်ရတယ်လို့ အိန္ဒိယနိုင်ငံက တောရိုင်းတိရိစ္ဆာန် သိပ္ပံပညာရှင် Yadvendradev Jhala က ပြောပါတယ်။

XS
SM
MD
LG