မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ဒီကနေ့ စတင်ကောက်ခံပါတယ်။ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး သန်းခေါင်စာရင်း
ကောက်ခံမှုအတွင်း မြန်မာနိုင်ငံ နယ်နိမိတ်ထဲမှာ ရှိသမျှ လူတိုင်းကို စာရင်းယူမှာဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးစု၊ နိုင်ငံသားဟုတ် မဟုတ်စတဲ့အကြောင်းတွေနဲ့ သက်ဆိုင်မှုမရှိဘဲ စာရင်းကောက်ရမှာပါ။ မြန်မာနိုင်ငံထဲမှာ လက်ရှိသတ်မှတ်ထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ကိုယ် ဘယ်အထဲမှာ အကြုံးဝင်တယ်ဆိုတာကို ရွေးချယ်နိုင်ပြီး ဒီ ၁၃၅ မျိုးထဲမှာ မပါရင် အခြားဆိုတဲ့ခေါင်းစဉ်အောက်မှာ စာရင်းထည့်မှာ ဖြစ်တယ်လို့ သန်းခေါင်စာရင်း တာဝန်ရှိသူတွေက ပြောပါတယ်။
စာရင်းကောက်သူတွေဘက်က ဘာလူမျိုးလဲဆိုတာ မေးပိုင်ခွင့် မရှိဘူးလို့လည်း ဆိုပါတယ်။ ဒါပေမဲ့ စာရင်းထဲမှာ ရိုဟင်ဂျာဆိုတာကို ထည့်သွင်းမှာ မဟုတ်ဘူးလို့ သမ္မတပြောခွင့်ရသူ ဦးရဲထွဋ်က ခုလိုပြောပါတယ်။
“အိမ်တစ်အိမ်ကိုမေးတဲ့အခါမှာ ရိုဟင်ဂျာလို့ ဖြည့်ရင် ကျနော်တို့လက်ခံမှာ မဟုတ်ပါဘူး။ သူ့ကို ဘင်္ဂါလီလို့ဖြည့်ရင် ရတယ်။ တခြားသတ်မှတ်ထားတဲ့ code နံပါတ်ဖြည့်ရင်ရမယ်။ ဒီလူ ရိုဟင်ဂျာလို့ပြောရင်တော့ ကျနော်တို့ စာရင်းရေးသွင်းမှာ မဟုတ်ဘူး။”
အခုသန်းခေါင်စာရင်းကောက်ခံမှုအတွက် မြန်မာအစိုးရကို အဓိက ထောက်ပံ့ပေးတဲ့ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ UNFPA ရဲ့ ထုတ်ပြန်ချက် ထဲမှာတော့ သန်းခေါင်စာရင်းကောက်ခံမှုရဲ့ အခြေခံသဘောတရားက စာရင်းထဲမှာ လူတိုင်းပါဝင်ခွင့်ရှိရမယ်၊ လူတဦး တစ်ယောက်တိုင်းက သူတို့ဟာ ဘယ် တိုင်းရင်းသား လူမျိုးထဲမှာ အကြုံးဝင်တယ်ဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ရှိရမယ်လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ရိုဟင်ဂျာဆိုတဲ့နာမည်ကို မထည့်အောင် ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသားတချို့က သာသနာ့အလံတွေကို အိမ်တွေရှေ့မှာ လွှင့်ထူထားကြရာကနေ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်တဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်သန်းခေါင်စာရင်းကောက်ခံမှုဟာ နိုင်ငံရေးရည်ရွယ်ချက်ရှိနိုင်တယ်လို့ဆိုပြီး လူနည်းစု တိုင်းရင်းသားအဖွဲ့တချို့ကလဲ စိုးရိမ်နေကြပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကတော့သူတို့ထိန်းချုပ်နယ်မြေတွေထဲမှာ သန်းခေါင်စာရင်း ကောက်ခံခွင့် မပေးဘူးလို့ ပြောထားပါတယ်။
ဧပြီလ ၁၀ ရက်နေ့အထိကောက်ခံမယ့် သန်းခေါင်းစာရင်းစစ်တမ်းတွေကို မှတ်တမ်းအဖြစ်သိမ်းတဲ့အခါ ဖြေဆိုသူတွေရဲ့ နာမည်တွေကို သိမ်းဆည်းထားမှာ မဟုတ်ဘဲ ကိန်းဂဏန်းအချက်အလက်တွေကိုသာ ယူမှာဖြစ်တယ်လို့ သန်းခေါင်းစာရင်းကောက်ခံရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ရရှိတဲ့ စစ်တမ်းတွေက နိုင်ငံအတွက် ပညာရေး၊ ကျန်းမာရေး၊ ဖ့ွံဖြိုးတိုးတက်ရေးတွေအတွက် အစီအစဉ်ချနိုင်ဖို့၊ လိုအပ်တဲ့ဝန်ဆောင်မှုတွေပေးနိုင်ဖို့နဲ့ အရင်းအမြစ်တွေကို ထိထိရောက်ရောက် ခွဲဝေနိုင်ဖို့ဖြစ်တယ်လို့ ဆိုထားပါတယ်ရှင်။