သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဘာသာနဲ့ လှုံ့ဆော်တဲ့ IS သီချင်းလွှင့်ထုတ်


တရုတ် နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Hua Chunying က IS တို့ တရုတ်ဘာသာနဲ့ လှုံ့ဆော်ရေးသီချင်းတပုဒ်ထုတ်တာကို ဝေဖန်ပြောသွား။
တရုတ် နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Hua Chunying က IS တို့ တရုတ်ဘာသာနဲ့ လှုံ့ဆော်ရေးသီချင်းတပုဒ်ထုတ်တာကို ဝေဖန်ပြောသွား။

IS အစ္စလာမ်မစ်အဖွဲ့ က တရုတ်ဘာသာနဲ့ လှုံ့ဆော်ရေးသီချင်းတပုဒ် ထုတ်လိုက်တာကို ကြည့်ရင် နိုင်ငံတကာအနေနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်ဆိုတာတွေ့ရတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ပဲ ပြောသွားပါတယ်။

တရုတ်အဆင့်မြင့်အရာရှိတဦးကတော့ Islam စစ်သွေးကြွမှုတိုက်ဖျက်ရေးမှာ တိုးတက်မှုတွေရှိတယ်လို့ ပြောသွားတာပါ။

IS ရဲ့ media ဌာနပြခဲ့တဲ့ Al Hayat က ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ရုံးပိတ်ရက်အတွင်းမှာ တရုတ် Mandarin ဘာသာနဲ့ သီချင်းတပုဒ်ထုတ်ပြီး Muslim ညီအကိုတော်တွေ နိုးထကြလော့လို့ ပြောထားတာပါ။

၄ မိနစ်ကြာတဲ့ အဲဒီသီချင်းထဲမှာ သီဆိုသူအမျိုးသားက ငါဟာ Mujahid ဖြစ်တယ်။ စစ်မြေပြင်မှာ တိုက်ပွဲဝင်ရင်း သေဆုံးမှုက ငါ့ရဲ့အိမ်မက်ပဲ၊ ဘယ်တပ်ဖွဲ့ကမှ ငါတို့ကို တားဆီးလို့မရဘူးလို့ စာသားမှာပါ ပါတယ်။ ဒီသီချင်းကို IS က ထုတ်သလားဆိုတာ မှတ်ချက်ပေးလို့မရဘူးလို့ နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Hua Chunying ကပြောပြီးတော့ ဒီသတင်းကိုကြည့်ရင်တော့ အကြမ်းဖက်မှုက လူသားမျိုးနွယ်တွေအတွက် ဘုံရန်သူဖြစ်တယ်၊ အစွန်းရောက်မှုကို တားဆီးဖို့ အင်တာနက်ကို အသုံးပြုဖို့လိုတယ်ဆိုတာ ထောက်ပြနေတယ်လို့ပြောသွားပါတယ်။

တရုတ်ဟာ လောင်စာဆီအတွက် အရှေ့အလယ်ပိုင်းဒေသကို အားကိုးနေရတာဖြစ်ပြီး သံတမန်ရေးနဲ့ ပတ်သက်လာရင် ကုလလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် တခြားနိုင်ငံတွေဖြစ်တဲ့ အမေရိကန် ဗြိတိန် ပြင်သစ်နဲ့ Russia တို့ကို လွှဲထားတာဖြစ်ပါတယ်။

မာလီ၊ ပါရီ နဲ့ Russia လေယာဉ်ကို တူရကီက ပစ်ချတဲ့ ကိစ္စတွေဖြစ်တော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပိုပြီးပူးပေါင်းဆောင်ရွတ်ကြဖို့ တရုတ်က တိုက်တွန်းခဲ့ပေမယ့် Syria ကိစ္စကို စစ်ရေးနဲ့ ဖြေရှင်းလို့ ရမှာ မဟုတ်ဘူးလို့ အရင်ထဲက ပြောနေပြီး တရုတ်အစိုးရ သတင်းဌာနကလည်း Syria ကို လေကြောင်းတိုက်ခိုက်မှုလုပ်တဲ့ အနောက်နဲ့ Russia ကို သူက ဝေဖန်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG