သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရစစ်တပ်က ကလေးစစ်သား ၉၆ ယောက် ပြန်အပ်


မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့အခမ်းအနားတွင် တွေ့ရစဉ်။
မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့အခမ်းအနားတွင် တွေ့ရစဉ်။
မြန်မာနိုင်ငံမှာ အစိုးရလက်နက်ကိုင်တပ်ဖွဲ့တွေထဲက ကလေးစစ်သား (၉၆) ယောက်ကိုရွေးထုတ်ပြီး သက်ဆိုင်ရာမိသားစုတွေဆီ ပြန်လည် အပ်နှံလိုက် ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအနေနဲ့ ကလေးစစ်သား ပပျောက်ရေးအတွက် သမိုင်းဝင်ခြေလှမ်း လှမ်းလိုက်တာဖြစ်တယ်လို့ ကုလသမဂ္ဂက ချီးကျူးလိုက် ပါတယ်။

မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့ ၂၀၁၂ ခုနှစ်၊ ဇွန်လတုန်းက ကလေးစစ်သား ပပျောက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ချိန်ကစပြီး အရေအတွက် အများဆုံးလွှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ အဲဒီသဘောတူညီချက်ရရှိပြီး ၁၈ လတာ ကာလအတွင်း ကင်းလွတ်ခွင့်ပေးတဲ့ ကလေးစစ်သား စုစုပေါင်း ၂၇၂ ယောက် ရှိခဲ့ပါပြီ။

မြန်မာအစိုးရနဲ့တပ်မတော်တို့ဟာ ကလေးသူငယ်နဲ့ သူတို့ရဲ့ဘဝ မျှော်လင့်ချက် အိမ်မက်တွေကို ခိုးယူပိတ်ပင်မှု မလုပ်တော့ဘူးဆိုတာ ခိုင်ခိုင်မာမာပြသရာ ရောက်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက်ဖ် (UNICEF) ကိုယ်စားလှယ် က ဆိုပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီသဘောတူညီချက်အတိုင်း ဆက်လက် ဆောင်ရွက်သွားဖို့နဲ့ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ကုလသမဂ္ဂနဲ့ အလားတူ သဘောတူညီမှုယူပြီး ကလေးစစ်သားပပျောက်ရေး ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
XS
SM
MD
LG