သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတသစ် အာဖရိကရောက်ရှိ


တရုတ်သမ္မတသစ် ရှီကျင်းပင်။ (မတ်လ ၂၃ ရက်၊ ၂၀၁၃)။
တရုတ်သမ္မတသစ် ရှီကျင်းပင်။ (မတ်လ ၂၃ ရက်၊ ၂၀၁၃)။
ပထမဆုံး နိုင်ငံခြားခရီးထွက်နေတဲ့ တရုတ်သမ္မတသစ် ရှီကျင်းပင်ဟာ တနင်္ဂနွေနေ့က အာဖရိကတိုက်ထဲက တန်ဇန်းနီးယား (Tanzanian) နိုင်ငံ Dar es Salaam ကိုရောက်ရှိသွားတာမှာ အမြောက် ၂၁ ချက် ပစ်ဖောက်ပြီး သူ့ကို ကြိုဆိုခဲ့ပါတယ်။ ရုရှားနိုင်ငံကနေ ခရီးဆက်လာတဲ့ တရုတ်သမ္မတဟာ တန်ဇန်းနီးယား သမ္မတနဲ့တွေ့ဆုံမှာဖြစ်သလို တနင်္လာနေ့ကျရင်လည်း အာဖရိကတိုက်နဲ့ ပတ်သက်တဲ့ သူ့ရဲ့ပထမဆုံး မူဝါဒဆိုင်ရာ မိန့်ခွန်းကို ပြောကြားဖို့ရှိပါတယ်။

စီးပွားရေးထွန်းသစ်စနိုင်ငံခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံကို တက်ဖို့ တန်ဇန်းနီးယားနိုင်ငံကနေ တရုတ်သမ္မတသစ် တောင်အာဖရိကနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။ အဲဒီနောက်မှာ ကွန်ဂိုနိုင်ငံကိုလည်း သွားမှာဖြစ်ပါတယ်။

တရုတ်နဲ့ အာဖရိကနိုင်ငံတွေအကြား စီးပွားဆက်ဆံရေး တိုးမြှင့်ဖို့ ရည်ရွယ်ပြီး တရုတ်သမ္မတသစ်ဟာ အာဖရိကနိုင်ငံတွေဆီကို သွားရောက်နေတာဖြစ်ပါတယ်။ အာဖရိကတိုက်တလွှားမှာ တရုတ်က ကားလမ်းတွေ၊ မီးရထားလမ်းတွေ ဖောက်ပေးနေသလို အထိမ်းအမှတ် အဆောက်အဦးတွေကို လည်း ဆောက်လုပ်ပေးနေတာ ဖြစ်ပါတယ်။ ဒါဟာ အာဖရိကတိုက်ထဲမှာပေါကြွယ်ဝတဲ့ ရေနံ၊ ကြေးနီနဲ့ ယူရေနီယံ လို သဘာဝ သံယံဇာတတွေ ရရှိဖို့ ခုလိုလုပ်ပေးနေတာလို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
XS
SM
MD
LG