သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝေဟင် ပိုင်နက်သစ် တရုတ်တိုက် လေယာဉ်တွေ စေလွှတ်


ဝေဟင်ပိုင်နက်သစ်တွင်းက တရုတ်တိုက်လေယာဉ်။
ဝေဟင်ပိုင်နက်သစ်တွင်းက တရုတ်တိုက်လေယာဉ်။
အရှေ့တရုတ်ပင်လယ်ပြင်အတွင်းမှာ တရုတ်နိုင်ငံဘက်က အသစ်ကြေညာ သတ်မှတ်လိုက်တဲ့ လေကြောင်းကာကွယ်ရေးဇုန်ကို ကင်းလှည့်စောင့်ရှောက်ဖို့ အတွက် စစ်လေယာဉ်တွေကို စေလွှတ်လိုက်တယ်လို့ တရုတ်စစ်တပ်က ကြာသာပတေးနေ့မှာ ကြေညာလိုက်ပါတယ်။

တရုတ်နိုင်ငံဘက်ကသတ်မှတ်လိုက်တဲ့ အဲဒီဇုန်အတွင်း ဂျပန် နဲ့ တောင်ကိုရီးယားနိုင်ငံတွေက စစ်လေယာဉ်တွေလွှတ်ပြီး တရုတ်အစိုးရကို စိန်ခေါ်လိုက်ပြီးနာရီ အနည်းငယ်အကြာမှာ တရုတ်နိုင်ငံက အခုလိုတုံ့ပြန်လိုက်တာဖြစ်ပါတယ်။

တရုတ်စစ်တပ် ပြောခွင့်ပုဂ္ဂိုလ် ရဲ့အဆိုအရ - ဂျပန်နိုင်ငံက ထိန်းချုပ်ထားပြီး၊ တရုတ်နိုင်ငံက သူတို့ပိုင်တယ်ဆိုပြီး အငြင်းပွားနေတဲ့ ကျွန်းတွေကို လေကြောင်းကနေ ကာကွယ်ထိန်းချုပ်ဖို့အတွက် တိုက်လေယာဉ်တွေနဲ့ ကြိုတင် သတိပေးတဲ့လေယာဉ်တွေ ကို စေလွှတ်ထားတယ်လို့ တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းအေဂျင်စီက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ တုံ့ပြန်လိုက်တဲ့အတွက် ဂျပန်နိုင်ငံက ဆန်ကကုလို့ခေါ်ပြီး တရုတ်နိုင်ငံမှာ ဒိုင်အိုယုလို့ခေါ်တဲ့ ကျွန်းတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာရဲ့ စိုးရိမ်စရာအခြေအနေတိုးလာခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြေငြာလိုက်တဲ့ လေကြောင်းကာကွယ်ရေးဇုံကို ဂျပန်၊ အမေရိကန် နဲ့ တောင်ကိုရီးယားနိုင်ငံတွေက အသိအမှတ်ပြုဖို့ ငြင်းဆန်ခဲ့ ပါတယ်။ ဂျပန်နိုင်ငံကို ကာကွယ်ဖို့ သဘောတူစာချုပ်အရ အမေရိကန်က အခုသီတင်းပတ်အစောပိုင်းမှာ သူ့ရဲ့ B52 ဗုံးကြဲလေယာဉ် ၂ စင်းကို အဲဒီကျွန်းပေါ်ဖြတ်ပံျပြီး သူ့ရဲ့ ရပ်တည်ချက်ကိုပြသခဲ့ပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အဲဒီဇုန်ထဲကို ဖြတ်ပျံတဲ့ ဘယ်လေယာဉ်မဆို သူတို့ဘယ်နိုင်ငံကဖြစ်တယ်၊ ပြီးတော့တရုတ်အစိုးရရဲ့ အမိန့်ကို နာခံရမယ်ဆိုပြီး သတိပေးမှုထွက်ပေါ်ခဲ့ပြီး ၂ ရက်အကြာမှာ လက်နက်မပါတဲ့ အမေရိကန်စစ်လေယာဉ်တွေ ပျံသန်းခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG